Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, August 7, 2014

(၁၃)-ရေဘေးကြောင့် သေဆုံးသူနှင့် ဒုက္ခသည်အရေအတွက်တိုးလာ

နိုင်ငံ၏ ဒေသအများစုတွင် နေရာကွက်၍ မိုးကြီးပြီးနောက် ရေကြီးရေလျှံခြင်း ဖြစ်ပေါ်ခဲ့ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် ကြိုတင်ပြင်ဆင်မှု မပြုနိုင်ခဲ့ဘဲ ပြည်သူများ သောင်းနှင့်ချီ၍ ရေဘေးအန္တရာယ်ရင်ဆိုင်နေရပြီဖြစ်သည်။

မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ရေဘေးအန္တရာယ်ကျ ရောက်နိုင်ကြောင်း မကြာခဏ သတိပေးခဲ့ပြီး မိုး/ဇလဌာနကလည်း နေရာကွက်၍ မိုးကြီးမည့် ဒေသများကို သတင်းထုတ်ပြန်ပေးခဲ့သည်။

သို့သော်ဒုတိယသမ္မတ ဦး ဉာဏ်ထွန်းဦးဆောင်သည့် အမျိုး သား သဘာဝဘေး ကာကွယ် စောင့်ရှောက်ရေးဗဟိုကော်မတီ က တိုင်းဒေသကြီးနှင့် ပြည်နယ်ရှစ်ခုတွင် ရင်ဆိုင်နေရသော သဘာဝဘေးအတွက် ကြိုတင်ကာကွယ်ရန် သတင်းမထုတ်ပြန် နိုင်ခဲ့ပေ။ သို့သော် သဘာဝဘေးအန္တ ရာယ်ကြုံလာသောအခါ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးကို ယခင်အစိုးရများ ထက် ပိုမိုပွင့်လင်းမြင်သာစွာ၊ ထိရောက်စွာ လုပ်ကိုင်သော်လည်း ကြိုတင်ပြင်ဆင်နိုင်မှု မရှိသောကြောင့် ဖြစ်လာမှ နောက်ကချည်း လိုက်လုပ်နေရသည်။
သက်ဆိုင်ရာနယ်မြေ ရဲစခန်းများမှတစ်ဆင့် အတည်ပြုထားသည့် စာရင်းများအရ သြဂုတ် ၅ ရက်နှင့် ၆ ရက်တွင် ကျိုက်ထို၊ပဲခူး၊ တောင်ကုတ်နှင့် သံတွဲမြို့တို့တွင် ဒေသခံခြောက်ဦး သေဆုံးခဲ့ ရသည်။ ထို့ကြောင့် ဇူလိုင်၊ သြဂုတ်နှစ်လအတွင်း ရေကြီး၊ မြေပြိုမှုကြောင့် သေဆုံးသူ ၂၃ ဦး ရှိပြီဖြစ်သည်။ ရေမြုပ်နေသည့် စိုက်ခင်းသီးနှံ ဧကပေါင်း တစ်သိန်းနီးပါးရှိနေကြောင်း နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာနမှ သတင်းရရှိသည်။ ဒုက္ခသည် အရေအတွက်မှာလည်း မြန်မာတစ်နိုင်ငံလုံးတွင် သုံးသောင်းဝန်းကျင်ရှိနေကြောင်း နေပြည်တော် လူ/ကယ်/ပြန်ဌာနမှ သတင်းရရှိသည်။
ဇူလိုင်လတွင် တာချီလိတ် မြို့၌ မိုးကြီး၍ မြေပြိုကာ လူ ၇ ဦး မြေပိသေဆုံးခဲ့သည်။ ထို့နောက် မြစ်ကြီးနားမြို့ရှိ ကချင်ဒုက္ခသည် စခန်းတွင် တောင်ပြိုမှုကြောင့် လူ ငါးဦးသေဆုံးခဲ့ရပြီး မရှေးမနှောင်းမှာပင် မူဆယ်နှင့် နမ့်ခမ်းမြို့၌ မိုး ကြီးကာ တောင်ကျရေလျှံခြင်းနှင့် တောင်ပြိုကျခြင်းတို့ကြောင့် ဒေ သခံ ငါးဦးထက်မနည်းသေဆုံး  ခဲ့ရသည်။
သြဂုတ်လဆန်းတွင် ရေ ဘေးအန္တရာယ်ကျရောက်မှုကို ပဲခူးတိုင်းဒေသကြီး၌ အဆိုးရွား ဆုံးရင်ဆိုင်နေရပြီး ဒေသတွင်းရှိ ပဲခူး၊ ဝေါ၊ ကျောက်ကြီး၊ သနပ် ပင်နှင့် က၀မြို့နယ်တို့တွင် တံ တားကျိုးခြင်း၊ ရေကာတာရေလျှံ ခြင်းတို့အထိ ဖြစ်ပေါ်နေကာ ဒေသခံတစ်သောင်းခွဲနီးပါး ကယ် ဆယ်ရေးစခန်းများတွင် ခိုလှုံနေရ သည်။ သြဂုတ် ၆ ရက်တွင် ပဲခူး မြို့ ပျဉ်ပုံကြီးကျေးရွာ၌ ကျောင်း သား နှစ်ဦးရေနစ်သေဆုံးခဲ့ရပြီး အဆိုပါမြို့များရှိ ရပ်ကွက်နှင့် ကျေးရွာများအတွင်းသို့ ရေများ ဆက်လက်ဝင်ရောက်နေကြောင်း ဒေသခံများကပြောသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရ က ရေဘေးကယ်ဆယ်ရေးအ တွက် ကော်မတီဖွဲ့၍ အရေးပေါ် ဆောင်ရွက်နေသော်လည်း ဒုက္ခ သည် စခန်းများသို့ သွားရန် နှင့် နေအိမ်ကို စွန့်ခွာသွားရန် အခက်အခဲတို့ကြောင့် ကျောက် ကြီးစုရပ်ကွက်ဒေသခံအများစုမှာ ကျောက်ကြီးစုတာရိုး (ရေကာတာ)ပေါ်တွင် ဆက်လက်နေထိုင်သူများကို သြဂုတ် ၇ ရက်ကတွေ့ရသည်။ ၎င်းတို့မတ်တတ်ရပ်နေသည့် ရေကာတာမှာလည်း တစ်နေရာတွင် ရေများစိမ့်ဝင်လာပြီး ကျိုးမည့် အန္တရာယ်ရှိနေသောကြောင့် မြို့နယ်စည်ပင်နှင့် ဆည်မြောင်းဌာန တာဝန်ရှိသူများက သဲအိတ်များဖြင့် ကာရံနေသည်ကို တွေ့ရသည်။
‘‘ဒီရေကာတာက မကျိုးနိုင် ဘူးထင်ပါတယ်။ ကျိုးရင်တော့ လည်း တစ်မြို့လုံးရေနစ်ကုန်မှာ’’ ဟု ကျောက်ကြီးစုရပ်ကွက်မှ ဦး မျိုးမင်းကပြောသည်။
ပဲခူးခရိုင်အတွင်းရှိ ဝေါမြို့တစ်ခုတည်းတွင်ပင် ရေမြုပ်နေသည့် လယ်ဧက တစ်သောင်းခွဲ  ကျော်ရှိ နေပြီး ဒေသတစ်ခုလုံး၏ လယ် မြေရေနစ်မြုပ်မှုစာရင်းကို အတည်မပြုနိုင်သေးကြောင်း တိုင်းဒေသကြီးအစိုးရရုံးမှ သတင်းရရှိသည်။ ဒေသတစ်ခုလုံးရှိ ရေ ဘေးသင့်သူများအတွက် ငါးရက် စာရိက္ခာ ထောက်ပံ့ပေးထား ကြောင်း ပဲခူးတိုင်းဒေသကြီး လူ ကယ်ပြန်ဌာနညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်က ပြောထား သော်လည်း ကယ်ဆယ်ရေးစခန်း များရှိ ရေဘေးသင့်သူများမှာ ကျန်းမာရေးရော၊ စီးပွားရေးအ တွက်ပါ စိုးရိမ်နေကြသည်။
ရေကြီးရေလျှံမှုကြောင့် မွန် ပြည်နယ် ကျိုက်ထိုမြို့နှင့် ရခိုင် ပြည်နယ် တောင်ကုတ်မြို့တို့တွင် လည်း လူသေဆုံးမှုဖြစ်ခဲ့သည်။ ကျိုက်ထိုမြို့၊ ကျိုက်ထီးရိုးတောင် ခြေတွင် သြဂုတ် ၅ ရက်က မြေ ပြိုကျ၍ ဇနီးမောင်နှံနှစ်ဦးသေဆုံး ခဲ့ခြင်းဖြစ်ပြီး တောင်ကုတ်မြို့တွင်   ကျောင်းသူတစ်ဦးရေနစ်သေဆုံး ခဲ့သည်။ တောင်ကုတ်မြို့ မြေနိမ့် ရပ်ကွက်များတွင် သြဂုတ်လ ၆ ရက်မှ စတင်၍ ၈ ပေခန့်အထိ ရေနစ်မြုပ်နေပြီး ရေဘေးဒုက္ခသည်များ ကယ်ဆယ်ရေးစခန်းများတွင် စုပုံနေသည်။ မွန်ပြည်နယ်တွင် ကျိုက်ထိုနှင့် သထုံမြို့၊ရခိုင်ပြည်နယ်တွင် တောင်ကုတ်၊ သံတွဲ၊ ဂွမြို့တို့၌ ကယ်ဆယ်ရေး စခန်းများဖွင့်ထားကြောင်း သတင်းရရှိသည်။ ရေဘေးသင့်သူဦးရေမှာလည်း သောင်းနှင့် ချီ၍ရှိနေသည်။
မြန်မာ့စပါးကျီ ဧရာဝတီ တိုင်းဒေသကြီးတွင်လည်း ရေ ဘေးအန္တရာယ် ကျရောက်ခဲ့ပြီး မြန်အောင်၊ ကွင်းကောက်၊ အင်္ဂ ပူနှင့် ငါးသိုင်းချောင်းမြို့နယ်များ တွင် အဆိုးရွားဆုံးဖြစ်သည်။ ၀ါး ခယ်မမြို့နယ်တွင် လေပြင်းကျ ကာ မြစ်အတွင်း ပြေးဆွဲနေသည့် စက်လှေတစ်စီး သြဂုတ် ၆ ရက် က နစ်မြုပ်ခဲ့သည်။ ခရီးသည် ဦး ရေ ၃၀ ခန့်လိုက်ပါလာသော် လည်း သေဆုံးမှုမရှိကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
မြန်မာနိုင်ငံ အထက်ပိုင်း ကချင်ပြည်နယ်၊ မန်စီမြို့တွင် လည်း မိုးသည်းထန်စွာ ရွာသွန်း သောကြောင့် နောင်းဟူချောင်း ရေလျှံကာ နေအိမ်တစ်ရာနီးပါး ရေမြုပ်ခဲ့သည်။ ထို့အပြင် လယ် မြေဧက သုံးရာကျော် ရေမြုပ်နေ ကာ ရေဘေးဒုက္ခသည်များအ တွက် ကယ်ဆယ်ရေးစခန်း ဖွင့် ထားကြောင်း ပြည်နယ်အစိုးရရုံးမှ သတင်းရရှိသည်။
သံလွင်၊ စစ်တောင်း၊ ပဲခူး မြစ်နှင့် ငဝန်မြစ်တို့မှာ စိုးရိမ်ရေ မှတ်သို့ ရောက်နေပြီး အလယ်ပိုင်းဒေသမှလွဲ၍ ကျန်ဒေသများ၌ နေ ရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုး/ဇလက သတိပေးထားသည်။
မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က မြစ်ဝကျွန်းပေါ်ဒေသ အပါအဝင် ကမ်းရိုးတန်းဒေသများ၌ ရေလွှမ်းမိုးနိုင်မှု အန္တရာယ်များနေပြီး မိုးရေနှင့် မြစ်ရေရောကာ ဖြစ်ပေါ်မည့် ရေဘေးမှာစိုးရိမ်စရာ ကောင်းနေသေးကြောင်း သတိပေးထားသည်။
သြဂုတ် ၁၀ ရက်တွင် ဖြစ် ပေါ်မည့် (Super Moon) ဖြစ်စဉ် ကြောင့် ဒီရေရုတ်တရက် တက် ခြင်းကဲ့သို့သော သဘာဝဘေး အန္တရာယ်များ ရင်ဆိုင်ရနိုင်သည် ဆိုသည့် ကောလာဟလမှာလည်း ပြည်သူများအကြား ပျံ့နှံ့နေပြီးမြန်မာ့ ဆိပ်ကမ်းအာဏာပိုင်ကလည်း လပြည့်နေ့ဖြစ်သော သြဂုတ် ၁၀ ရက်တွင် ထူးကဲဒီရေ ခုနစ်ပေခန့် မြင့်တက်လာနိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။
၂၀၁၃ ခုနှစ် မေလက ရခိုင် သို့ဝင်မည်ဟု နာမည်ကြီးခဲ့သည့် မဟာစင်မုန်တိုင်းကို အကြောင်းပြု၍ စတင်ဖွဲ့စည်းခဲ့သည့် အမျိုးသားသဘာဝ ဘေးကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီက ဒေသအများစ တွင် ကြုံတွေ့နေရသော ရေဘေး အန္တရာယ်အတွက်ထိရောက်သော ကြိုတင်ကာကွယ်မှု မလုပ်နိုင်ခဲ့ပေ။ သဘာဝ ဘေးကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအပိုင်းတွင် လှေလှော်ရင်း တက်ကျိုးဆိုသကဲ့သို့ အဖြစ်မခံ နိုင်ကြောင်း ဒုတိတသမ္မတ ဦးဉာဏ်ထွန်းက အစည်းအဝေးတစ်ခုတွင် ပြောကြားခဲ့ဖူးသည်။ သို့သော် ယခုမြန်မာနိုင်ငံအနှံ့ ရင်ဆိုင်နေရသည့် ရေဘေးသည် မဟာစင် မုန်တိုင်းကဲ့သို့ နာမည် မကြီးခဲ့သော်လည်း မဟာစင် ထက်ပိုသော အဖျက်စွမ်းအားပို ကြီးနေသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ