Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, August 21, 2014

“အကယ်ဒမီ စိုးသူ နဲ့ ၁၂နှစ်ခန့် အကြာမှာ ပြန်လည် ဆုံစည်းတဲ့ အင်တာဗျူး”



ပရိသတ်တွေ လွမ်းဆွတ်သတိ ရနေကြတဲ့ အကယ်ဒမီ စိုးသူကို အကယ် ဒမီပေးပွဲနေ့က မေးမြန်း ထားပြီး နောက်ပိုင်းမှာ မိခင်ဖြစ်သူ ဆေးကုသမှု ခံယူနေတဲ့ ဆာကူရာ ဆေးရုံကြီးမှာ အနီးကပ် ပြုစုစောင့် ရှောက် နေတဲ့ အကယ်ဒမီ စိုးသူနဲ့ တွေ့ဆုံကာ ရုပ်ရှင်လောက အကြောင်း၊ မိသားစု အကြောင်း၊ ရုပ်ရှင်၊ ဗီဒီယိုတွေပြန် လည် ရိုက်ကူးမယ့် အကြောင်းတွေ၊ ဂီတဖျော်ဖြေပွဲ ပြုလုပ်မယ့် အကြောင်း တွေကို တွေ့ ဆုံမေးမြန်းဖြစ်ခဲ့ပါ တယ်။

မေး- အကယ်ဒမီ ပွဲပြန်တက်ရတဲ့ ခံစား ချက်နဲ့အရင်တုန်းက အကယ်ဒမီ ပွဲဘာတွေကွာခြားသွားလဲ သိချင်ပါတယ်။
ဖြေ-အကယ်ဒမီပွဲ ကကြည့်ရတာ တော် တော်လေး အဆင်ပြေပါတယ်။ ကျွန် တော်ကတော့ အချိန်အကြာ ကြီးခွဲပြီး အဝေးကြီးမှာ နေနေရတော့ အားလုံး က အသစ်အ ဆန်း ဖြစ် နေတာပေါ့။ ကြည့် ရတာ အင်မတန် ကို ကြည်နူးစရာ၊ ပျော်ရွှင်စရာကောင်း ပါတယ်။အကြိုက် ဆုံး ကတော့ဆုရတဲ့ တစ်ယောက် ချင်း ချက် ချင်းကျေးဇူးတင် စကားပြော ရတာတော် တော် အဆင်ပြေတယ် ထင်ပါတယ်။ ကျွန်တော်တို့ခေတ်တုန်းက အမျိုးသား ကဇာတ်ရုံမှာလည်း တက်ခဲ့ရတဲ့ အကယ်ဒမီ ပွဲတွေလည်း ရှိပါတယ်။ အမျိုးသားက ဇာတ်ရုံနဲ့သုဝဏ္ဏအား ကစားကွင်းမှာတက်ရတာများပါတယ်။
မေး-အစ်ကို တို့နှစ်တွေတုန်းက အကယ် ဒမီစာရင်းဝင်တဲ့ ဇာတ်ကားတွေက အများကြီးပဲ။ ဒီနှစ်အကယ် ဒမီဇာတ် ကားတွေကတော့ ၁၅ ကားပဲရှိတယ်။ အဲဒီလိုဇာတ် ကား တွေနည်းလာတဲ့ အပေါ်မှာကော ဘယ်လိုမြင်လဲ။
ဖြေ-ကျွန်တော်တို့ ဇာတ်ကားတွေ စရိုက်ခါစ ၈၃၊ ၈၄ ပတ်ဝန်းကျင် လောက် တုန်းက ရုပ်ရှင်ဇာတ်ကား တွေအများကြီး ရုံတင်နိုင် တယ်လေ။ နောက် တစ်ဖြည်းဖြည်းနဲ့ ဖလင်တွေ ရှားလာတယ်။ ရှားလာပေမယ့်လို့ သူ့အတိုင်းအတာနဲ့ သူလောက်တော့ ရုပ်ရှင်ဇာတ်ကား ကြီးတွေ တော် တော် များများ ထုတ်လုပ်နိုင်သေး တယ်။ ဟိုးBlack & White ခေတ် ကနေစပြီး ကာလာခေတ်၊ အဲဒီကနေ တဖြည်းဖြည်းတော့ ဖလင်တွေရှား လာတယ်။ ဇာတ်ကားကြီးတွေ ရိုက် ဖို့ အခက်အခဲ ရှိလာတော့ နည်းလာ ကြတယ်။
ဒီလောက်ကြီး နည်းနည်း လေးဖြစ်သွားတာ ကြားနေ၊ သိနေရ တယ်။ အခုလည်း ကိုယ်တိုင် သေသေ ချာချာကြားရ ၊မြင်နေရတာပေါ့။ ရုပ်ရှင် ဇာတ်ကားကြီးတွေ ရိုက်နို င်ရင်တော့ ကောင်းတာပေါ့။ ကျွန်တော့်လိုပဲ အား လုံး ဆန္ဒ အတူတူရှိကြမှာပါ။ ဒါပေမဲ့ အခက်အခဲတွေလည်း အများကြီးရှိ တယ်ဆိုတော့ အဆင်ပြေရင်ရိုက်ဖြစ်ကြ ပါစေ လို့ဆုတောင်းပေးတယ်။ အဲဒီလို ဖြစ် ရင် တအားကောင်းမှာပဲလို့တွေးမိတယ်။
မေး-အစ်ကိုနဲ့ ဦးကျော်သူ ရိုက်ခဲ့တဲ့ ‘ဒိုး’ ရုပ်ရှင်ဇာတ်ကား အကြောင်း လည်း ပြန်မေးချင်ပါတယ်။ ဒီဇာတ်ကား ရိုက်တုန်းက အမှတ်တရတွေနဲ့ အခု အချိန်အထိ သတိ ရဖြစ်နေတဲ့ အကြောင်း တွေကို သိချင်ပါတယ်။
ဖြေ- အဲဒီဒိုး ဇာတ်ကားရိုက်တော့ မှတ် မှတ်ရရ ကျွန်တော်မှတ်မိတာ သေချာ မယ် ထင်တယ်။ ၁၉၈၆၊ ၈၇ ပတ်ဝန်း ကျင်လောက်ကပေါ့။ ကျွန် တော်တို့ စရိုက်တာက ၁၉၈၃၊ ၈၄မှာ နှစ် ယောက် အတူရိုက်ကြ တယ်။ ကိုကျော် သူက ကျွန်တော့်ထက်လပိုင်းလောက် စောပါတယ်။ ကိုကျော်သူတို့ရဲ့ အမျိုး သား ရုပ်ရှင် ထုတ်လုပ်ရေးက အန်ကယ် ဦးစိန်တင် ကိုယ်တိုင်လာပြီးတော့ ဆရာ မောင်ညွန့်လွင်ရဲ့ အမျိုးသားစာ ပေဆုရ လင်္ကာလေးမျာ ပါဆိုတဲ့ ဆရာ့ ရဲ့ ဝတ္တုကို ရိုက်ချင်တယ်။ ဇာတ်ကို ဖတ်ကြည့်ပါဆို လို့ ကျွန်တော်တို့ ဖတ်ကြည့်တယ်။ သဘောကျတယ်။ တိုင် ပင်တယ်။ ရိုက်မယ့် ဒါရိုက်တာက လည်း ဆရာ ဦးကြည်စိုးထွန်း။ အားလုံးသဘော တူညှိနှိုင်းပြီးတော့ဒိုးဇာတ် ကား ရိုက် ဖြစ်တာပေါ့။ သရုပ်ဆောင်တွေကလည်း အကယ်ဒမီ ဒေါ်မေဝင်းမောင် တို့ အကယ်ဒမီ ဇင်မာဦးတို့ တခြားဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင်တွေလည်း အများ ကြီးပါပါတယ်။ အဓိကက အားကစား နဲ့ လူငယ်ပညာပေးဇာတ် လမ်းလေးပါ။ ကျွန်တော်နဲ့ ကိုကျော်သူ နဲ့လည်း တက္က သိုလ်ဘောလုံးကွင်းထဲမှာ ဘောလုံး သွားလေ့ကျ င့်ကြတယ်။ ကျွန်တော် တို့လချီပြီးတော့ကိုလေ့ကျင့်ကြတယ်။ အဲဒီတုန်းက ကံကောင်း တာတစ်ခုက ကျွန်တော်ကလည်း ကျောင်းကနေ ခွင့်တစ်နှစ်ယူထား တယ်။ ကျောင်း က ဒုတိယနှစ်အောင် ပြီးတဲ့အချိန်မှာ ကျောင်း အတွက်က လည်းအချိန် တအား ပေးရတယ်။ ရုပ်ရှင်ရိုက်တာလည်း တအား အချိန်ပေး ရတော့ အချိန်မရလို့ဆိုပြီး ခွင့်တစ်နှစ်ယူလိုက်တယ်။ အဲဒီတုန်း က ဖလင်တွေ နည်းနည်း စရှားနေပြီ။ ဖလင်တွေ လျော့သွားတဲ့ အချိန်ဆို တော့ ဇာတ်ကား ရိုက်က အများကြီး ရိုက်စရာ မလိုဘူး။ ကျွန်တော်တို့ ဒိုး အတွက် တော်တော်လေးအချိန် ပေး နိုင်တယ်။ အချိန်ပေးနိုင်တော့ ဘောလုံးသွား လေ့ကျင့်ကြတယ်။ကျွန်တော် တို့ လေ့ကျင့် တဲ့နေရာကိုပြေငြိမ်းလည်း လာတယ်။ အပျော်သူ လည်း ဘော လုံး ဝင်ကန်တယ်။ကျွန်တော်တို့ အချိန်တော် တော်ပေးပြီး ၊ကြိုးစားရိုက်ခဲ့ရ တဲ့ ဇာတ် ကားပေါ့။ အမှတ်တရတွေက အများ ကြီးပဲ။
ကြည့်မြင်တိုင် ဘောလုံးကွင်း ထဲမှာ တစ်ပတ်လောက်တောင်မက ဘူး။ တစ်နေကုန် နေပူထဲမှာနေပြီး သွား ရိုက်ရတယ်။ပရိသတ်တွေလည်း အများ ကြီးလာအားပေးကြ တယ်။ ကိုယ့်ဘာ သာကိုယ်လည်း တကယ်ဘောလုံး ကန် နေရသလိုပဲ။ဘောလုံးကန်ရတဲ့ အခန်းများတာကိုး။ ကျန်တဲ့ ဇာတ်ရုပ်တွေ သရုပ်ဆောင်တာတွေ ရိုက်တာတော့ ရိုက်နေရတာပဲ။ ကိုယ့်ဘာသာကိုယ် ဘောလုံးကန်နေရတဲ့ လူလိုပဲ။ ပျော် စရာတော့ တော်တော်ကောင်းတယ်။ ပင်လည်း ပင်ပန်းတယ်။ တကယ်ကို အမှတ်တရရှိပါတယ်။ အဲဒီအချိန်မှာ တော့ကိုမောင်နဲ့က တကယ့်ညီအစ်ကို ရင်း လိုဖြစ်နေကြတယ်။ သူငယ်ချင်း တွေ ၆ ယောက်လောက်စုပြီး ဆုံကြ တယ်။အကယ်ဒမီကိုကျော်သူရယ်၊ ပြေ ငြိမ်းရယ်၊ကျွန်တော်ရယ်၊ အကယ်ဒမီ မို့မို့မြင့်အောင်၊အကယ်ဒမီခိုင်ခင်ဦးနဲ့ တင်နီလာဝင်းရယ်။ သူငယ်ချင်း အနုပညာညီအစ်ကို မောင်နှမတွေ ဆုံဖြစ်ကြတယ်။ ကိုကျော်သူ အမေရိက ကို အလုပ်ကိစ္စတွေနဲ့ လာတုန်းက လူ ချင်းတော့ ကိုယ်တိုင်မဆုံဖြစ်ဘူး။ ဖုန်း ပြောဖြစ်တယ်။ ကျွန်တော်သူ့ကို Congratulate လုပ်လိုက်တယ်။ ချီးလည်း ချီးကျူးလိုက်တယ်။ နှုတ်လည်း နှုတ်ဆက်လိုက်တယ်။ သူက လည်းပြောပါ တယ်။ ကြားပါတယ်၊ ညီလေး အလုပ် တွေတအား လုပ်နေ တယ်ဆို..တဲ့။ ကျွန်တော်ကလည်း ဟုတ်ကဲ့၊ အစ်ကို လုပ်နေတာတွေ အင်မတန်မွန်မြတ် တယ်၊ အင်မတန်ကိုကုသိုလ်ရတဲ့အလုပ် တွေပါလို့၊ အင်မတန်ကောင်းတယ်။ နောက် ဆုံချင်သေးတယ်လို့။ သူက လည်းဆုံတာပေါ့။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ