Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, August 10, 2014

သွေးနီဥပေါက်ကွဲသောကြောင့်ဖြစ်သော သွေးအားနည်း ရောဂါ

လူတယောက် နေမကောင်းတဲ့အခါ ဆရာဝန်များက မျက်စိအောက်ကို ကြည့်တတ်ကြပါတယ်။ နီနေရင် သွေးအားကောင်းတယ်။ ဖြူနေရင်သွေးအားနည်းတယ်ဆိုပြီးအကြမ်းဖျင်းသတ်မှတ်ကြပါတယ်။သွေးအားနည်းတယ်ဆိုတာအသက်အရွယ်ကျားမပေါ်မူတည်ပြီး ခွဲခြားထားသော သွေးနီဥ ပမာဏထက် နည်းခြင်းကိုခေါ်ပါတယ်။
ဒီသွေး အားနည်းရတဲ့ အကြောင်းအချက်များစွာ ရှိပါတယ်။ သွေးနီဥတွေကို အဓိကအားဖြင့် ရိုးတွင်းချဉ်ဆီမှ လုံလုံလောက်လောက် ထုတ်လုပ်ပေးပါတယ်။ သွေးနီဥတလုံးရဲ့ သက်တမ်းကလည်း ရက်ပေါင်း၁၂၀-တောင် ကြာပါတယ်။ သွေးအားနည်းရောဂါ တမျိုးဖြစ်တဲ့ သွေးနီဥပေါက်ကွဲခြင်းမှာ သွေးနီဥများဟာ ပျက်စီးကုန်တာ ဖြစ်ပါတယ်။ သွေးနီဥများ ပေါက်ကွဲပျက်စီးရခြင်း အကြောင်းရင်း များစွာ ရှိပါတယ်။
မွေးရာပါရောဂါများဖြစ်သော
၁။ သွေးနီဥ တည်ဆောက်ရာ ပုံမှားယွင်းခြင်း။ ( ဥပမာ-Thalassaemia )၊
၂။ သွေးနီ၏ ပြင်ပအသွင် ပုံစံမှားခြင်း။
၃။ သွေးနီဥ တည်မြဲဖို့အတွက် လိုအပ်သောပစ္စည်း ချို့တဲ့ခြင်း။ (ဥပမာ-G6PD ဓာတ် ချို့တဲ့ခြင်း ) စတာတွေ ဖြစ်ပါတယ်။
ဒါ့အပြင် ဗိုင်းရပ်စ်ကြောင့်ဖြစ်စေ ငှက်ဖျားပိုးကြောင့်ဖြစ်စေ ခန္ဓာကိုယ်၌ ခုခံအား များလွန်းသောကြောင့်ဖြစ်စေ သွေးနီဥတွေ ပေါက်ကွဲနိုင်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ သွေးအားနည်းခြင်း၊ အသည်းနဲ့ သရက်ရွက် ကြီးလာခြင်း၊ မျက်စိဝါ အသားဝါလာခြင်း၊ ဆီးဝါလာခြင်းတို့ အပြင် အခြားရောဂါအခံတွေရဲ့ လက္ခဏာတွေပါတွဲပြီး ဖြစ်ပေါ်လာတတ်ပါတယ်။ ဒီရောဂါလက္ခဏာတွေ အများကြီးထဲမှာမှ G6PD deficiency အကြောင်း ပြောပြချင်ပါတယ်။
ဒီ G6PDဆိုတာ သွေးနီဥ ပျက်စီးမှု မဖြစ်အောင် ကာကွယ်ပေးတဲ့ ဓာတ်အကူပစ္စည်းတမျိုး ဖြစ်ပါတယ်။ ဒီ G6PDဓာတ် ချို့တဲ့တဲ့အခါ သွေးနီဥဟာ လျှင်မြန်စွာ ပျက်စီးတတ်ပါတယ်။ ဒီရောဂါဟာ ယောက်ျားလေးများမှာ အဓိက ဖြစ်ပွားတတ်ပါတယ်။ ဒီဓာတ်ချို့တဲ့တဲ့ အခါမှာ ပြတဲ့ လက္ခဏာတွေကတော့
၁။ မွေးကင်းစတွင် အသားဝါခြင်း၊ အသားဝါခြင်းဟာ မွေးပြီး ၃-ရက်လောက်မှာ ဖြစ်တတ်ပြီး ဆိုးရွားကာ သွေးလှယ်ရသည်အထိ လိုအပ်တတ်ပါတယ်။
၂။ ဆေးတမျိုးမျိုး သောက်ခြင်းမှလည်း ရုတ်တရက် သွေးအားနည်းသွားတတ်ပါတယ်။ ( ဥပမာ-ငှက်ဖျားဆေး Primaquine.ပဋိဇီဝဆေးအချို့ )
၃။ ပရုပ်လုံးကို ကိုင်တွယ်သုံးစွဲမိခြင်း။
၎။ ဖျားခြင်း၊ မအီမသာဖြစ်ခြင်းတို့မှတဆင့် ဆီးအမည်းရောင် သွားခြင်း။
၅။ တချို့တွင် ပဲကြမ်းကြော်စားပြီးမှ ရောဂါလက္ခဏာ ပြခြင်းများ ရှိတတ်ပါတယ်။
G6PD ဓာတ် ချို့တဲ့သူတွေဟာ နာတာရှည်ရောဂါသည်တွေ မဟုတ်ကြပါဘူး။ ဒါကြောင့် ဒီရောဂါရှိတဲ့ ကလေးရဲ့မိဘတွေကို ရောဂါနှင့်ပတ်သက်ပြီး ရှောင်ရန် ဆောင်ရန်တွေ ပြောပြပေးရပါတယ်။ ရှောင်ရမယ့် ဆေးစာရင်းကို ပေးထားရပါမယ်။ ဒီစာရင်းတွေအပြင် ဘယ်ဆေးကိုမှ ကိုယ့်သဘောနဲ့ကိုယ် မသောက်သင့်ပါဘူး။
ပဲကြမ်းကြော် စားခြင်းနဲ့ ပရုပ်လုံးသုံးခြင်းကို ရှောင်သင့်ပါတယ်။ ဒါကြောင့် အစားအသောက် အမူအကျင့်ကို ထိန်းသိမ်းခြင်းဖြင့် ရောဂါကို ထိန်းချုပ်နိုင်ပါတယ် ဆိုတဲ့အကြောင်း တင်ပြလိုက်ရပါတယ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ