Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, August 5, 2014

အင်တာနက်ချစ်သူ

သူငယ်ချင်းတစ်ယောက်ကမေးလ်ပို့ လာလို့ …..။
သူ့ ညီမလေးတစ်ယောက် အင်တာနက်ထဲကနေ ချစ်သူရနေတယ်တဲ့……။

အဲ့ဒါ ခု ကောင်လေးနဲ့ တွေ့ ဖို ချိန်းနေကြာတာကို ကြားလိုက်ရလို့  စိတ်ပူတယ် ဘယ်လို လုပ်ရမှန်းလဲ မသိဘူး ဆိုပြီး ညီးတွားနေတယ်…။
မိတဆိုးလေးဆိုပြီး ငယ်ငယ်လေးကတည်းကနေ အလိုလိုက်ထားတဲ့ ညီမငယ်လေးကို ခုပြောလို့ ကလဲ မနိုင် စိတ်ကလဲမချနဲ့ စိတ်ပူနေတဲ့ အစ်မတစ်ယောက်အတွက် မောနှမချင်း ကိုယ်ချင်းစာပြီး ညီမလေး အပါအဝင် တစ်ခြားသော ယုံကြည်မိသူ ညီမလေးများကို ဒီနေရာလေးကပဲ ပြောလိုက်ပြစေတော့……။ညီမလေး ဖတ်ခွင့်ရလိုက်ပြီး ဆင်ခြင်နိုင်ပါစေလို့ ဆုတောင်းရင်း……။
ကံဆိုးသူရဲ့  နာမည်ကို ကာကွယ်ချင်သောကြောင့် ယုတ်မာသူ တစ်ယောက်ရဲ့ နာမည်အရင်းကိုပါ ဖုံးကွယ်ထားပြစေ….။ နာမည်တူများရှိနေရင်လဲ ယုန်ထင် ကြောင်ထင် ထင်နိုင်သောကြောင့်ပါ…..။
ကောင်မလေးတစ်ယောက်…..မိဘတွေကလဲ ချမ်းသာတယ်လို့ ပြောလို့ ရတဲ့ အနေအထားမျိုးမှာရှိပါတယ်….။ဒီလိုပဲ အင်တာနက်ထဲမှာ ချစ်သူတစ်ယောက်ရတယ်…။ချစ်သူဖြစ်တဲ့ သက်တမ်းလေးတွေ ကြာလာတော့ကောင်လေးက တွေ့ ဖို့ ကိုပူဆာတော့တာပေါ့…။ကောင်မလေးကလဲ ကောင်လေးကို အရမ်းချစ်နေတော့ သူကိုယ်တိုင်ကလဲ တွေ့ ချင်စိတ်တွေ ကြီးစိုးနေတာကိုး….။ ဒီလိုနဲ့ တွေ့ ဖို့ ကို စီစဉ်တာပေါ့…။သြော်မေ့လို့ ..ကောင်လေးက စကာင်္ပူမှာ အလုပ်လုပ်နေတာ…။သူ့ အနေနဲ့ က အလုပ်တွေ များလွန်းလို့ မလာအားတာကြောင့် ကောင်မလေးကို လာလည်ပါဆိုပြီးခေါ်တာလေ….။ဒီကတွေ့ ချင်လွန်းတဲ့ ကောင်မလေးကလဲ ချစ်သူကို သွားတွေ့ ဖို့  အိမ်ကိုပူဆာတော့တာပေါ့…။အိမ်ကိုတော့ ချစ်သူကို သွားတွေ့ ဖို့ လိုတော့ ဘယ်ပြောပါ့မလဲ…။ဟိုမှာကျောင်းတက်နေတဲ့ သူငယ်ချင်းတွေဆီ အလည်သွားချင်လို့ ပေါ့….။မိဘတွေကလဲ မလွတ်ချင်ပေမဲ့…သြော် ငါ့သမီးလေး..အရင်က ကျောင်းသွားတက်မယ်လို့  ပူဆာတုန်းက စိတ်မချလို့ ကျောင်းတက်ခွင့်မပေးလိုက်တာ ခုတော့ဟိုမှာရှိနေတဲ့ သူ့ သူငယ်ချင်းတွေကို တွေ့ ချင်ရှာမှာပဲလေ…ဆိုပြီး တွေးလိုက်တာပေါ့..။ မိဘ မေတ္တာဆိုတာကလဲ သိတဲ့ အတိုင်းပဲလေ..။ကိုယ့်သားသမီးကို စိတ်ဆင်းရဲ စေချင်တဲ့ မိဘဆိုတာ ၇ှားတယ်လေ…။တတ်နိုင်ရင် သားသမီးအလိုကို ဖြည်းဆည်းပေးချင်ကြတာချည်းပဲ မဟုတ်လား….။ ကဲ …ဒီတော့ သမီးကို စကာင်္ပူ သွားဖို့ ခွင့်ပြုလိုက်တာရော…..။
စကာင်္ပူလဲရောက်ရော နေ့ တောင်မကူးဘူး ဘဝကပြောင်းတော့တာပဲ….။အင်း….ဘဝပြောင်းတယ်ဆိုတာက အားလုံးတွေးမိလိုက်တဲ့ အတိုင်းပေါ့ကွယ်…..။လေယာဉ်ကွင်းမှာလာကြိုပြီး အိမ်ခေါ်သွားတဲ့ ကောင်လေးက နေ့ တောင်မကူးဘူး အိမ်ရောက်တာနှင့်ကို သိမ်းပိုက်လိုက်တော့တာပဲ….။ချစ်သူတွေပါလို့  အကြောင်းပြပြီးလေ….။ရောက်ရောက်ချင်းကို ဒီလို ဖြစ်လာလိမ့်မယ်လို့  မတွေးမိသေးတဲ့ ကောင်မလေးကလဲ တုန်လှုပ်သွားတာပေါ့….။အကြောက်အကန်ကိုငြင်းပါတယ်….။ဟိုကောင် လူပါးကလဲ ကောင်မလေး သူ့ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်မရသေးခင် ဒီလို လုပ်ထားမှ ဆိုတဲ့ အတွေးဆိုးနှင့် ရတဲ့ အခွင့်အရေးကို ယူလိုက်တာပေါ့…။အော်ဟစ် ရုန်းကန်နေတဲ့ ကောင်မလေးကို

“နင်ဘာထင်လဲ ဒါစကာင်္ပူ…နင်အော်လေ….နင်အော်လို့  ရဲလာရင် ငါ့ကိုဖမ်းမှာမဟုတ်ဘူး….နင့်ကိုပဲ ဖမ်းမှာ…နင်က ငါ့ပိုင်နက်ထဲကိုရောက်နေတာ”
ဆိုပြီး စလုံး အကြောင်း သိပ်မသိတဲ့ ကောင်မလေးကို ခြိမ်းခြောက်တာပေါ့….။ရဲအဖမ်းခံရမယ်ဆိုတဲ့ စကားနဲ့ တင် ကြောက်သွားတဲ့ကောင်မလေးက နောက်ဆုံးတော့ ကောင်လေးရဲ ဆန္ဒကို လိုက်လျောလိုက်ရရော….။ရဲအဖမ်းခံရမယ်ဆိုရင် သူအပါအဝင် မိဘတွေလဲ အရှက်ကွဲမှာဆိုးတာကိုး….။
အဲ့လို ဖြစ်ပြီးသွားတာနဲ့ ကောင်လေးက ကောင်မလေးကို အဲ့ဒီညမှာပဲ ဆရာဝန်ဆီခေါ်သွားပြီး (၃)လတားဆေးသွားထိုးပေးလိုက်တယ်ဆိုပဲ…။စလုံးမှာ (၃)လ တာဆေးတစ်လုံးကို $100 ဝန်းကျင်လောက်ရှိတယ်တဲ့…။သူတို့  ပြောတာနော်…။သေချာတော့ မသိဘူး…။ကောင်လေးက သူ့ ပိုက်ဆံတွေ အဲ့လောက်တောင်ရင်းထားရလို့ တဲ့….တန်အောင် ကောင်မလေးကို ခေါ်ထားတာလေ…။ ကောင်မလေးကိုတော့ သူနဲ့ တစ်ချိန်ကြရင် လက်ထပ်ပေါ့…။ခုလောလောဆယ်တော့ ဒီလိုပဲ နေထားအုံး…ဆိုပြီး ဒီလိုပဲ နေကြတာပေါ့…။ကောင်မလေး ကလဲ ကိုယ့်ချစ်သူလေ..တစ်ချိန်ကြရင် လက်ထပ်မယ်ဆိုတော့ ဆက်နေတာပေါ့…။ဒီလိုနဲ့  နေရင်း ဗီဇာ သက်တမ်း တစ်လက ကုန်သွားရော…။ အဲ့တော့ မလေးရှာကို စတေးရှောင်ဖို့ ခေါ်သွားတယ်..။
ဟိုမှာ (၄) ရက်နေပြီး စလုံးကို ဗီဇာသစ်နဲ့  ထပ်ဝင်တယ်…။ဒီတစ်ခါတော့ သူက ကောင်မလေးကို ဒီအတိုင်းနေလို့ တော့ မဖြစ်ဘူးပေါ့ စလုံးမှာက အစစ အရာရာ ဈေးကြီးတော့ အလုပ်လုပ်မှ ရမယ်ပေါ့.. နောက်မို့ ဆို သူ.တစ်ယောက်ထဲနဲ့ဆို ကြပ်တည်းတယ်ပေါ့…။ ကောင်မလေးပါလာတာတွေလဲ ကုန်ပြီးကိုး….။ကောင်မလေးကို အချိန်ပိုင်းအလုပ်တွေ လုပ်ခိုင်းတာပေါ့…။ အချိန်ပြည့်အလုပ်ကရှာရတာမလွယ်ဘူးလေ..။ရှာတာက ရှာထားကြမယ်လို့ ပြောပါတယ်…။အမှန်တော့  အချိန်ပြည့် အလုပ်ကို ဟန်ပြပဲ သူက ရှာပေးတာပါ…။ရလာတဲ့ အလုပ်ကို ဘာဖြစ်လို့ ပါ…ဒီဟာက မကောင်းဘူး..ဟိုဟာက မကောင်းဘူးနဲ့  အမျိုးမျိုး အကြောင်းပြပြီး ငြင်းနေတယ်လေ…။ချစ်သူကို ယုံနေတဲ့ ကောင်မလေးကလဲ ပြောသမျှကို ယုံပြီး သူငယ်ချင်းတွေနဲ့ တောင် အဆက်အသွယ်မလုပ်ဘူး…။

သူ့ ချစ်သူက အဆက်အသွယ်မလုပ်ရဘူးဆိုလို့ လေ…။ချစ်သူပြောသမျှယုံနေတဲ့ အချစ်ရူးမလေးကိုး…။
ဒီလိုနှင့်နေရင်း တစ်လဆိုတဲ့ သက်တမ်းက ကုန်သွားပြန်ရော…။အဲ့ဒီတော့ တစ်ခါ မလေးကို စတေးထပ်ရှောင် ပြန်လာ….။ နေရင်းက နေရင်းပေါ့…။ကောင်လေးက ကောင်မလေးကို ချစ်သူဆိုတဲ့ အသုံးအနှုန်းမျိုး မသုံးတော့ပဲ လင်မယားပေါ့…။တရာဝင် လက်မထပ်ထားတာက လွဲရင် လင်မယားပုံစံပဲ နေကြတာကိုး…။အိမ်က မိဘတွေကိုတော့ သူငယ်ချင်းတွေနဲ့  နေလို့ မဝသေးလို့ ပေါ့…။ဒီမှာ အလုပ်လဲ ရှာရင်းနဲ့ လေ…ကျောင်းမတက်ရရင်တောင်မှ စလုံးမှာ တစ်နှစ် နှစ်နှစ်လောက် အလုပ်လုပ်ချင်လို့  အလုပ်လေးရှာပြီး အလုပ် လုပ်ပြစေ ဆိုပြီး ပူဆာတာလေ…။ဟိုကိုရောက်နေတဲ့ သမီးက ပြန်မလာချင်ဘူးဆိုတော့လဲ မိဘတွေက မကြိုက်ဘူးဆိုတာတောင် သမီးလေး စိတ်ချမ်းသာဖို့  သမီးလေးနေချင်တယ်ဆိုရင်လဲ နေပေါ့ ဆိုပြီး ခွuင့်ပြုလိုက်တယ်လေ….။ဒီလိုနဲ့  (၃)လ ဆိုတဲ့ အချိန်လဲ ကုန်သွားရော ကောင်လေးက ဒီတစ်ခါတော့ ကောင်မလေးကို မလေးရှားသွားပြီး စတေးမရှောင်ခိုင်းတော့ဘူး….။မြန်မာနိုင်ငံကို ခဏပြန်ခိုင်းတယ်….။
မလေးရှာကို ခဏခဏရှောင်လို့ မရဘူးဆိုပြီးလေ…။နှစ်ပတ်လောက် ပြန်လိုက် ပြီးမှ ပြန်လာဆိုပြီး ပြန်လွတ်လိုက်တယ်….။ ကောင်မလေးလဲ ပြန်ရော သူလဲ အိမ်ပြောင်းတာပဲ…။အိမ်တွေ ဖုန်းနံပါတ်တွေ အားလုံး ချိန်းလိုက်တာတဲ့….။အိမ်ပြန်ရောက်လာတဲ့ ကောင်မလေးက ကောင်လေးကို ဘယ်လိုမှ ဆက်သွယ်လို့ မရတော့ဘူး..။အရင်သူတို့ ဆုံနေကြ မေးလ်အကောင့်လေးကလဲ လုံးဝကို မပွင့်တော့ဘူး….။ စာပို.လဲ ဘယ်တော့မှ ပြန်မလာတော့ဘူး….။ သမီးရဲ့  အဖြစ်ဆိုးကို သိလိုက်တဲ့မိဘတွေခမျာလဲ ယူကြုံးမရဖြစ်တာပေါ့…။နောက်တစ်ခေါက်ပြန်လွတ်ဖို့ ကလဲ မရဲတော့ဘူး…။တော်ကြာ ပိုဆိုးကုန်မှာဆိုးလို့ …။ ကောင်မလေး ခမျာလဲ မအိပ်နိုင် မစားနိုင်နဲ့  ရလာတဲ့ အတွေ့ အကြုံကြောင့် အပေါင်းအသင်းတွေကိုလဲ မျက်နှာမပြရဲ ..အရှက်တကွဲ အကျိုးနည်းဆိုတာမျိုးပေါ့…။ ယုတ်မာတဲ့ ကောင်က သူသုံးလိုက်ရတဲ့ $100 ဝန်းကျင်လောက် ပိုက်ဆံလေးကိုတောင် အလဟသ မဖြစ်အောင်လို့  ရသမျှ အချိန်ထိကို ယူလိုက်တာလေ….။အချစ်ကို ယုံမိတဲ့ ကောင်မလေးကလဲ မိုက်လုံးကြီးပြီး ပြောသမျှ ယုံသွားမိတာကိုး…..။နောက်ဆုံးတော့ ဘယ်သူ ဒုက္ခရောက်ရလဲ….။

ကဲ….ညီမလေးတွေရေ…..အွန်လိုင်းပေါ်က အချစ်ဆိုတာတွေကို သေချာ စဉ်းစားကြပါနော်….။တစ်ယောက်နဲ့ တစ်ယောက် မတွေ့ မြင်ရတဲ့ အွန်လိုင်းပေါ်က ချစ်သူ မပြောနဲ့  အပြင်မှာ မြင်ပြီး ချစ်ကြပြီးမှ ဒီလို အဖြစ်မျိုးတွေ နဲ့ ရင်ဆိုင်သွားရတဲ့ မိန်းခလေးတွေ တောင် အများကြီးရှိပါတယ်…။ဘယ်သူ သိသိမသိသိ ကိုယ်သိတယ်လေ….။ကိုယ်စိတ်ကို ကိုယ်ဘယ်လိမ်လို့ ရမှာလဲ…။ အမြဲတမ်း လူမသိသူမသိ အားငယ်နေရတဲ့အဖြစ်မျိုး ကိုယ့်လိပ်ပြာ ကိုယ်မလုံနဲ့ စိုးရိမ်ကြောင်းကြနေရတဲ့ အဖြစ်မျိုးတွေ မဖြစ်ရစေဖို့  ဆင်ခြင်ကြပါနော်….။
သူတို့ တွေဖြစ်သလို ငါတော့ မဖြစ်နိုင်ပါဘူးဆိုပြီး ကိုယ့်ကိုကိုယ်သိပ်အထင်ကြီးတဲ့ အတွေးမျိုးတွေ ဝင်ပြီးလဲ ထင်ရာမစိုင်းကြနဲ.ကိုယ့်ကိုကိုယ်အထင်ကြီးတဲ့ သူက ပိုမှားတတ်တယ်…။ငါ့ချစ်သူက ဒီလိုတော့ မဟုတ်နိုင်ပါဘူးဆိုပြီးတော့လဲ ကိုယ်ချစ်သူကို အရမ်းကြီး အထင်မကြီးကြနဲ့ …။သူကသာ ကိုယ့်ကို တစ်ကယ်ချစ်ရင် တကယ်တန်ဖိုးထားရင် ကိုယ်နဲ့  နီးစပ်ဖို့ ကို သူကြိုးစားမှာ….။မနီးစပ်သေးခင် သူဒီလိုခေါ်လိမ့်မှာမဟုတ်ဘူး….။သူကိုယ့်ကို တန်ဖိုးထားပြီး စောင့်စည်းပေးလိမ့်မယ်….။ ကိုယ့်ညီမလေးတွေသာ တံလျှပ်ကို ရေထင်ပြီး အမြင်မမှားကြစေဖို့ ဆုတောင်းပေးရင်း နှလုံးသားနှင့်ဦးနှောက် သေချာပိုင်းခြားသိမြင်နိုင်ကြပါစေ…

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ