ကျွန်တော့် အဖေက စစ်သားဆိုတော့ အဖေတာဝန်ကျရာနေရာကို ကျွန်တော်တို့ မိသားစုက
 လိုက်နေရပါတယ်…။ ဒါကြောင့် နေရာတော်တော်များများကိုကျွန်တော် ရောက်ဖူးပြီး
 မရိုးလှတဲ့ အတွေ့အကြုံ အသစ် များစွာကိုလည်း 
ရရှိခဲ့ရပါတယ်..။
ကျွန်တော့်အနေနဲ့ အရင်တုန်းက ပြောခဲ့သလိုပါပဲ…၊ 
ကျွန်တော့်မှာ ထူးခြားတဲ့ ပါရမီခေါ်မလား..၊ကံပဲ နိမ့်တယ် ခေါ်မလား..၊ 
ကျွန်တော် ဟာ သရဲ၊ ၀ိဥာဉ် ၊ တို့ရဲ့ ခြောက်လှန့်ခြင်း 
ကိုအကြိမ်ပေါင်းများစွာ ခံခဲ့ရပါတယ်…။ဒီလိုဖြစ်ရပ်မျိုးတွေမှာ 
ကြောက်စရာသိပ်မကောင်းခဲ့တဲ့ဖြစ်ရပ်မျိုးတွေ ရှိပေမယ့် 
တစ်ချို့ဖြစ်ရပ်တွေကတော့အသည်းငယ်သူတွေအဖို့တော့သည်းချေပျက်နိုင်လောက်တဲ့ 
ဖြစ်ရပ်မျိုးတွေပါ…။ အဲ့ဒီထဲက ဖြစ်ရပ် တစ်ခုကို ကျွန်တော် ဒီပို့စ်လေးမှာ 
ဖောက်သည်ချပြီးပြောပြပါ့မယ်…။
ကျွန်တော့် အမေက ရှမ်းစစ်စစ်ပါ…။ 
စစ်သားဖြစ်တဲ့အညာသား အဖေက ရှမ်းပြည်နယ်ဖက်မှာ တာဝန်ကျရာ ကနေ အမေနဲ့ 
အကြောင်းပါခဲ့ပါတယ်..။ အမေ့ရဲ့ရွာဖြစ်တဲ့ မိုင်းယော်ဆိုတဲ့ရွာလေးက 
လားရှိုးကနေ မိုင် ၁၀၀ လောက် ကွာဝေးတဲ့ နေရာမှာရှိပါတယ်…။ တစ်နေ့မှာ… ရွာကို
 မရောက်ဖြစ်တာကြာပြီ ဖြစ်တဲ့ အမေက ရွာကို အလည်သွားမယ်..၊တစ်ခါမှ 
မရောက်ဖူးသေးတဲ့ ကျွန်တော့်ကိုလည်း အမျိုးတွေနဲ့ မိတ်ဆက်ပေးပြီး ခေါ်သွား 
မယ်လို့ပြောပါတယ်…။ ကျွန်တော်ကလည်း တစ်ခါမှ မရောက်ဖူးသေးတဲ့ 
ကိုယ့်ဆွေမျိုးတွေရှိရာ ရွာကိုသွား လည်ရမှာ ဆိုတော့ 
ပျော်လို့ရွှင်လို့ပေါ့ဗျာ…။အဲ့ဒီအချိန်တုန်းက ကျွန်တော့်အသက်ကက ၁၂ 
နှစ်သားအရွယ်လောက်သာ ရှိပါအုံးမယ်…။ မိုင်းယော်ဆိုတဲ့ ရွာကလည်း 
ကားလမ်းတောင် ကောင်းကောင်းမပေါက်သေးတဲ့ခေတ်မှာ အတော်ကို ခက်ခက်ခဲခဲ သွားလာ 
ရပါတယ်.. (အခုတော့ လမ်းတွေပေါက်ပြီး မြို့ တစ်ခုဖြစ်နေပါပြီ…)…။ ကားကို 
တစ်နေကုန် စီးလိုက်..ဗွက်နစ်ရင် ဆင်းတွန်း လိုက်…လုပ်ပြီး ၁၅ 
နာရီလောက်ကြာအောင်စီးလို့အပြီးမှာ အမေတို့ရွာ ကို 
ရောက်ပါတော့တယ်…။ကျွန်တော် ရွာကိုရောက်ပြီးမှ သိခဲ့ရတာကရွာက 
အယူသည်းမှုတွေကိုပါ..။ ထုံးစံ ဓလေ့လို့လည်း ပြောလို့ ရမှာပေါ့လေ…။ ဥပမာ - 
ဗိုက်ကြီးသည်ခရီးသည်ကို ရွာမှာရှိတဲ့ ဘယ်သူ့အိမ်မှာမှ ညအိပ်/ညနေ 
နေခွင့်မပြုပါဘူး..၊ အဲ့လိုပဲ လင်မယားခရီးသည်ကိုလည်းရွာမှာ 
တည်းခွင့်မပေးပါဘူး..။ တစ်ခြား အယူတွေ လည်းအများကြီးရှိပြီး 
အခုချိန်ထိတောင်ဒီအယူတွေ ရှိပါသေးတယ်…။ အဲ… ပိုဆိုးတာက… ရွာမှာ စုန်း.၊ 
ကဝေတွေ တတ်တဲ့ လူတွေလည်း အများသားဆိုပဲ…၊ အမေ ကတော့ သတိပေးတယ်..။ 
စကားပြောရင်သတိထားဖို့..၊ သူများတွေ စိတ်တိုအောင် မပြောဖို့..၊ 
အမြင်ကတ်အောင် မနေဖို့ ဘာညာပေါ့ဗျာ…။ ကျွန်တော်ကို့ အမေ သက်သက် ကြောက်အောင်
 ခြောက်ပြောတယ် ပဲ မှတ်နေခဲ့တာပါ..။ ကိုယ်တိုင်ကြုံမှပဲဒီအဖြစ်အပျက်တွေကို 
ကျွန်တော် ယုံကြည်ခဲ့ ရပါတော့တယ်….။
တစ်နေ့ ကျွန်တော့် ဦးလေးနဲ့ 
ရွာထဲလမ်းလျှောက်ထွက်လာရင်း သရဲမွေးတယ်လို့ နာမည်ကြီးတဲ့ အိမ်ကို ဦးလေးက 
ကျွန်တော့်ကိုအဝေးကနေ ပြပါတယ်..။ အိမ်က တဲကုပ်သာသာလေးဖြစ်ပြီး လူတွေနဲ့ 
ဝေးတဲ့ ရွာပြင်စပ်စပ်မှာတစ်လုံးတည်း တည်ရှိနေပါတယ်..။ ကျွန်တော် ဒီနေရာကို 
မှတ်ထားလိုက်တယ်..။ လူကလည်း ငယ်ငယ်…၊စူးစမ်းချင်စိတ်ကလည်းရှိတာမို့ ဒီနေရာ 
ကို ငါပြန်လာခဲ့အုံးမယ်လို့ စိတ်တေးထားလိုက်ပါတယ်..။ လူကြီးတွေ လစ်တဲ့ 
တစ်နေ့မှာ ကျွန်တော်အဲ့ဒီ အိမ်ကို ထွက်ခဲ့ပါတယ်..။ အချိန်ကတော့ 
နေ့လည်ကြီးပါ…၊ ညဘက်ထွက်ရအောင်တော့ ကျွန်တော်သတ္တိ မကောင်းပါဘူး..။ 
အဲ့ဒီတဲရှေ့ရောက်ပြီဆိုရင်ပဲ ကျွန်တော် ရပ်ပြီး သေချာကြည့်လိုက်တယ်…။ 
ဘာမှန်းမသိတဲ့ ၀မ်းနည်းတဲ့ ခံစားမှု တစ်ခုကို ကျွန်တော်ခံစားလာရပြီး 
ဒီအချိန်မှာပဲ ကျွန်တော့်တစ်ကိုယ်လည်းကြက်သီးမွေးညှင်းတွေ 
တဖြန်းဖြန်းထလာခဲ့ပါတယ်…။ ကျွန်တော် ကြောက်ကြောက်လန့်လန့်နဲ့ 
ခဲလုံးကိုကောက်ပြီးအိမ်ကို လေးငါးချက်လောက်ပေါက်လိုက်ပါတယ်…။ ပြီးတော့ 
သေးနဲ့လှည့်ပန်း လိုက်ပြီး "နင့်ကိုငါ မကြောက်ဘူးဟေ့…" ဆိုပြီးအော်ကာ 
အိမ်ကို ကျွန်တော် ထွက်ပြေးခဲ့ပါတော့တယ်…။ လုံးဝ မရပ်မနားပဲ အိမ်ကို 
တောက်လျှောက်ပြန်ပြေးခဲ့ရာမှာလမ်းမှာတော့ ကျွန်တော် တစ်ခါ 
ချော်လဲခဲ့ပါတယ်…။ ကျွန်တော် အဲ့ဒီနေ့ကစပြီး 
နောက်တစ်ပတ်အတွင်းဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ကျွန်တော် လုံးဝ မမှတ် 
မိတော့ပါ..။ အောက်ပါ ဖြစ်ရပ်များကအမေက ကျွန်တော့်ကို ပြန်ပြောပြခြင်းအား 
ရေးသားထားခြင်း ဖြစ်ပါသည်…။
ကျွန်တော် အိမ်ကို 
ချွေးတလုံးလုံးနဲ့ကမူးကတိုး ပြန်ပြေးလာပြီး အရမ်းကို မောဟိုက်နေပါတယ်..။ 
ကျွန်တော် ရှမ်းလို ရေသောက်ချင်တယ်လို့လှမ်းတောင်းပါသတဲ့ (ကျွန်တော် 
ခုချိန်ထိ ရှမ်းစကားလုံးဝကိုမတတ်ပါ..) အမေတို့ကတော့ အံ့သြလို့ပေါ့…။ 
အဲ့ဒီအချိန်မှာပဲ နောက်ဖေးမီးဖိုချောင်ထဲပြေးဝင်သွားပြီးအမဲသားရေခြောက် 
တွေကို အစိမ်းလိုက် ကိုက်စားနေပါတယ်..။ အမေတို့က ကျွန်တော့်ကို 
ဝိုင်းပြီးချုပ်ပြီး မေးမြန်းကြပါတယ်..။ ဘယ်သွားခဲ့လဲ..? ဘယ်လုပ်ခဲ့လဲ ? 
ဘာစားခဲ့လဲ ဆိုတာတွေကိုပေါ့ဗျာ…။ကျွန်တော် ဘာမှကို ပြန်မဖြေပဲ ရုန်းပဲ 
ရုန်းနေပါသတဲ့..။ အမေပြောတာကတော့ အဲ့ဒီအချိန်မှာကျွန်တော်ဟာ 
ကျွန်တော်မဟုတ်တဲ့ တစ်ခြား တစ်ယောက် ဖြစ်နေတယ်ဆိုတာကိုပါပဲ…။ အမေတို့က 
ကျွန်တော့်ကို ဘုန်းကြီးတွေပင့်ပြီးကမ္မ၀ါဖတ်..၊ 
ပရိတ်ရွတ်လုပ်ပေးကြတယ်လို့ပြောပါတယ်..။ ကျွန်တော်ကတော့ 
မထူးခြားလာပါဘူး..၊နေ့တိုင်း နေ့ဘက်တွေဆိုငြိမ်ပြီး အိပ်နေတတ်ပေမယ့် 
ညသန်းခေါင်ချိန်ရောက် ရင် ထပြီး မီးဖိုချောင်ထဲမှာရှိသမျှ အသားစိမ်း၊ 
ငါးစိမ်းကို အကုန်စားပါသတဲ့..။ အထူးခြားဆုံးကတော့ ည (၁၂) 
ထိုးတိုင်းအိမ်ရှေ့ဟင်းလင်းပြင်ကိုထွက်ပြီး ရှမ်းသီချင်းအော်ဆိုကာ ရှမ်းအက 
ကို ကတော့တာပဲဖြစ်ပါတယ်…၊ အမေတို့ခမျာ ကြောက်ပြီး ဘယ်လို ခံစားနေရမလဲ 
စဉ်းသာ စဉ်းစားကြည့်လိုက်ပါတော့ဗျာ.။ နောက်ဆုံးလားရှိုးကိုပြန်ခေါ်ပြီး 
ကုဖို့ပဲ စီစဉ်ကြပါတော့တယ်…။
အဲ့ဒီအချိန်မှာ ဦးလေးဖြစ်သူက 
ကျွန်တော့်ကိုရွာစွန်က အိမ်ကို တစ်ခါခေါ်ပြဖူးကြောင်း ပြောပြလိုက်တော့ 
အဖိုး၊ အဖွားတို့ကို ဦးလေးဖြစ်သူကိုဆူပူကြိမ်းမောင်းလိုက်တာများ ဦးလေးခမျာ 
ငိုတောင်ငိုရတယ်လို့ ပြောပါတယ်.။ အဖြေက သေချာနေပြီလေ..ကျွန်တော် အခုလို 
ဖြစ်တာ အဲ့ဒီခြံရဲ့ လက်ချက်ပဲဆိုတာ..။အဘိုးက ချက်ချင်းပဲ အဲ့ဒီခြံကို 
ထွက်သွားတယ်..နောက်ကနေအဘွားက ငှက်ပျောပွဲ၊ အုန်းပွဲနဲ့ လိုက်သွားတယ်..။ 
ခြံရှေ့မှာ အဘိုးအပါအ၀င် အသက်ကြီးတဲ့လူကြီးလေးငါးခြောက်ယောက်လောက်က လက် 
အုပ်ချီပြီး ဘုရားစာမဟုတ်တဲ့ ရှမ်းဂါထာတွေကို သံပြိုင်ရွတ်ဆိုကြပါတယ်။ 
အဲ့ဒီအချိန်မှာပဲ အဲ့ဒီတဲထဲက အသက် (၈၀) လောက်ရှိပြီ ဖြစ်တဲ့ 
အဘွားအိုတစ်ယောက် ထွက်လာပါတယ်..။အမေပြောပြတဲ့ အဘွားအို ပုံစံကို ကျွန်တော် 
မမှတ်မိတော့ပါ..။ တော်တော့်ကို ကြောက်စရာကောင်းကြောင်းတော့မှတ်မိပါသည်..။ 
အဘွားအိုက ရှမ်းလို… "အေး..နောက်ခါငါ့အိမ်ဘက် လာမဆော့စေနဲ့..၊ ငါ့သားတွေက 
အရင်လို ငါ့စကား သိပ်နားမထောင်တော့ဘူး.."လို့ပြောပြီး ဆေးလေးတစ်လုံး 
လာပေးပါတယ်…ပြီးတော့ ချက်ချင်းပဲ အိမ်ထဲပြန်ဝင်သွားပါတယ်…။ကျွန်တော် 
ပြန်မှတ်မိတာကတော့ အဲ့ဒီဆေးသောက်ပြီးနောက်ပိုင်းကာလတွေကိုပါ..။ ကျွန်တော် 
ဒီတစ်ပတ်ထဲ ဘယ်ရောက်ပြီး 
ဘာတွေလုပ်နေသလဲဆိုတာကတော့တော်တော်ကိုပြောဖို့ခက်တဲ့ ကိစ္စတစ်ခုပါ..။ 
ကျွန်တော် မဟုတ်တဲ့ ကျွန်တော့်ကို ၀င်ပူးတဲ့ရှမ်းကောင်လေးက ဟို 
အဘွားကြီးရဲ့ ရေနစ်ပြီးသေသွားတဲ့ သားလို့လည်း ပြောကြပြန်ပါတယ်..။ 
ကျွန်တော်တော့ မစဉ်းစားတတ်တော့ပါဘူး..။အဘိုးတို့ ပြောကြတာကတော့ သူတို့က 
ဘယ်သူ့ကိုမှ ဒုက္ခမပေးတတ်ကြောင်း၊ သူ့တို့ဟာသူတို့နေကြတာဖြစ်ကြောင်းနဲ့ 
အဘွားကြီးမှာ ကျွန်တော့်အရွယ် သား (၃) ယောက်ရှိကြောင်း၊ 
ချောင်းထဲရေဆင်းကူးရင်း သုံးယောက်လုံး သေဆုံးသွားရာမှာ ကလေးတွေကို 
ခြံထဲမှာပဲ မြှပ်ထားကြောင်း၊ညဘက်ဆိုရင် အဲ့ဒီအိမ်မှ စကားပြောသံတွေ 
ကြားရကြောင်း ကျွန်တော် ပြန်ကြားသိရပါတယ်…။ကျွန်တော်နဲ့ အမေကတော့ ကျွန်တော်
 ဆေးသောက်လို့နေကောင်းပြီး နောက်တစ်ရက်မှာပဲ လားရှိုးကို 
ပြန်လာခဲ့ကြပါတယ်..။ အခုချိန်မှာတော့ ဒီလိုမျိုးကိစ္စတွေအဲ့ဒီရွာလေးမှာ 
မရှိလောက်တော့ပါဘူး..၊ အခွင့်အခါကြုံရင်တော့ နောက်တစ်ကြိမ်သွားလည် 
ဖို့ကြိုးစားလိုက်ပါအုံး မယ်ဗျာ….။
Home
Popular Posts
- 
ဆုပန်ထွာရဲ့ သတို့သား ကိုဥက္ကာကျော်နဲ့ ပတ်သက်ပြီးတော့ ဝေဖန်မှုတွေ အများ ကြီး ပေါ်ထွက်နေပါတယ်။ ရုပ်ရှင်သရုပ်ဆောင် သဇင်နဲ့ လည်း ဘာဘာညာညာ ဆိုတော့ေ...
 - 
အဆိပ်ဖြေဆေး အဆိပ်ဖြေဆေး ဆိုတာ မစားသင့်တဲ့ အစာကို စားမိတဲ့ အခါ အန်အောင် လုပ်ခြင်း၊ ဓာတ်ပြယ်အောင် လုပ်ခြင်း၊ ထိုး ဆေးအဆိပ် လွန်ပါက ချက်ချင်း ...
 - 
ရန်ကုန်မူးယစ်အရှေ့အထူးအဖွဲ့ စစ်ဆေးချက် စိုးမြတ်သူဇာ (ခ) မစိုး၏ အစစ်ခံချက် (၃ဝ-၄-၂ဝဝ၈) ၁။ အမည် - စိုးမြတ်သူဇာ (ခ) မစိုး ၂။ အသက် - ၁၉၇၁ (၃...
 - 
ဆရာရှင့် ဗိုက်ခွဲမွေးဖွားပြီး ခင်ပွန်းနဲ့ ဘယ်အချိန် အတူပြန်နေလို့ရနိုင်လဲ သိချင်ပါတယ်။ နို့တိုက်ကျွေးနေစဉ် ဘယ်လို တားဆေးမျိုး သုံးသင့်လဲဆိ...
 - 
မိန်းမကိုယ် ရောဂါကင်းရှင်းပါက ကျန်းမာတဲ့ အမျိုးသမီးတစ်ယောက်အဖြစ် ရပ်တည်နိုင်မှာပါ။ မိန်းမကိုယ်မှိုစွဲပြီး အနံ့အသက်ဆိုးဖြစ်...
 - 
ဇွန်သဉ္ဖာက မှော်ဘီ GTC ကနေ B.E ရော M.E ပါဘွဲ့များပါ ရယူခဲ့ပြီးမှ မော်ဒယ်လ် လောကကို ၀င်ရောက်လာသူလည်း ဖြစ်ပါတယ်။ ပေါ်တင်ကျလွန်းတဲ့ Sexy ဓာတ်ပ...
 - 
အသက် ၂၄နှစ်အရွယ် ဗြိတိန်နိုင်ငံသူ Nessa Jayဟာ ရာဂလွန်ကဲရောဂါ ခံစားနေရပါတယ်။ သူမဟာ နော်ဖလော့ခ်ပြည်နယ်၊ ခရိုမာ ကမ်းခြေ ဒေသ မှာ နေထိုင်ပါတယ...
 - 
တရုတ်ပြည်သို့ တရားမဝင် သွားရောက်အလုပ် လုပ်ကိုင်နေသော မြန်မာအလုပ်သမားများအား တရုတ်အာဏာပိုင်များက ဖမ်းဆီးကာ မြန်မာအာဏာပိုင်ထံ အပ်နှံခဲ့ကြောင...
 - 
သံပရာရည်သောက်သုံးခြင်းသည် ကျောက်ကပ်ကျောက်တည်ခြင်းအား ကာကွယ် ပေးသည့်နည်းလမ်းငါးခုထဲမှ တစ်ခုဖြစ်ကြောင်း သိရသည်။ သံပရာရည် အများအပြား သောက်သုံး...
 - 
Ikamasutra လို ခေါ်တဲ့ ဖိုမ ဆက်ဆံ ရေး ကာမ ကျမ်း app လေး ကို တင်ပေးလိုက်ပါတယ်။ Andriod ဖုန်းပေါ်မှာ ဖိုမ ဆက်ဆံရေး ကာမကျမ်းလေ့ လာ လို သူများအတွ...
 
Friday, August 22, 2014
သရဲမွေးထားတဲ့ အိမ်ကို သေးနဲ့လှည့်ပန်းပြီး စော်ကားခဲ့လို့ ထိတ်လန့်စရာများ ကြုံတွေ့ခဲ့ရတဲ့ လူငယ်တစ်ယောက်(ဖြစ်ရပ်မှန်)
Labels:
ဖတ်စရာ
Subscribe to:
Post Comments (Atom)
ကားတွန်ကဏ္ဍ
မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်






















ဤနေရာတွင်ကြော်ငြာလက်ခံပြီ
ခွေးကလေးနဲ့ ကစားကြမယ်
တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ
- 
        ▼ 
      
2014
(4256)
- 
        ▼ 
      
August
(424)
- ဘဏ်များရှိ သံသယဖြစ်ဖွယ် ငွေအပ် ငွေလွှဲပြောင်းမှုများ...
 - မူးယစ်မှောင်ခို သင်္ဘောတစင်း မြန်မာ့ရေတပ် ဖမ်းမိ
 - ယောက္ခမ အိမ်များတွင် အိမ်သာမရှိ၍ လပ်ထက်စ အိန္ဒိယ အမျ...
 - YOUTUBE အသုံးပြု့၍ ဓါတ်ပုံတွေကို နောက်ခံ သီချင်းလေ...
 - တစ်လက်မအချင်းရှိ သံချောင်း ဦးခေါင်းအတွင်းသို့ စို...
 - ★★ADOBE ILLUSTRATOR SOFTWARE ရဲ့အဓိကသော့ချက်များ (...
 - အမေရိကန် ကုမ္ပဏီက မြန်မာ့ဆက်သွယ်ရေးကို စက်တင်ဘာတွင်...
 - ပိုတိုရှော့အတွက်သင့်ပြုလုပ်ပြီးသား မြန်မာမိန်းကလေး...
 - 1939 Battle of Westerplatte (2013) မြန်မာစာတန်းထိုး
 - Journey to the West (2013) မြန်မာစာတန်းထိုး
 - ရခိုင်အစိုးရအဖွဲ့ဝန်ကြီး(၅)ဦး ရာထူးအပြောင်အလဲ နော...
 - The Call (2013) မြန်မာစာတန်းထိုး
 - 1939 Battle of Westerplatte (2013) မြန်မာစာတန်းထိုး
 - လူငယ်မျိုးသစ်တွေကို တာဝန်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည...
 - Mandela: Long Walk to Freedom (2013) မြန်မာစာတန်းထိုး
 - ★★ Kochadaiiyaan (2014) Movie ရုပ်သံအကြည် ★★
 - ★★ Noah (2014) ရုပ်သံ/အကြည် Full DVD Movie ★★
 - သမ္မတနှင့်တွေ့ဆုံပြီးနောက် အနုပညာ လောကသားတို့ အသံ
 - ★★ Maleficent ( 2014 ) Movie ရုပ်သံအကြည် ★★
 - ဆက်သွယ်ရေးက တိုင်းပြည်စီးပွားရေးကို တွန်းတင်သွားလိ...
 - ★★ POISON 1500 (2014) Myanmar Movie ★★
 - ဥသြဆွဲရင် ဗုံးခိုကျင်းထဲ ၀င်ပုန်းဖို့ ညွှန်ကြားထားတ...
 - စဥ့်ကူး ပဋိပက္ခ ညှိနှိုင်းဖြေလျှော့တဲ့နည်းနဲ့ ဖြေရှင...
 - Non-Stop (2014) မြန်မာစာတန်းထိုး
 - တက္ကသိုလ်၊ ကောလိပ်များအနီး တည်းခိုခန်းများမရှိဟု ရန...
 - Thor (2011) မြန်မာစာတန်းထိုး
 - သန်းခေါင်စာရင်းအရ အမျိုးသမီးဦးရေက အမျိုးသားထက် များ
 - အော်ရီဒူးမှ အင်တာနက်အသုံးပြုခ 1 MB လျှင် ၁ဝ ကျပ်နှု...
 - စစ်တပ်ရှိနေလို့ ရွာသားတွေအိမ်မပြန်ရဲ
 - ရန်ကုန်မြို့သစ်စီမံကိန်း ပွင့်လင်း မြင်သာမှု မရှိဟ...
 - အရက်ပြဿနာ ထိန်းဖို့ အခွန် တိုးကောက်မလား
 - အသိမ်းခံလယ်မြေများပြန်ရရန် ဆန္ဒထုတ်ဖော်သူ ၁၀ဦး ခေါ်ယ...
 - တိုင်းကြီးနှစ်တိုင်းက လယ်သိမ်းခံ တောင်သူတွေ ဆန္ဒပြ
 - ဂိုဏ်ဃဏဆန်ဆန် မင်းမဲ့စရိုက် သာကေတရန်ပွဲ သေနတ် ၂ ချ...
 - ရုပ်ရှင် ထဲက တံတားကို ပြန်ဆောက်မယ်
 - သချိုင်းမြေပါ သိမ်းတဲ့ကိစ္စ လွှတ်တော်တင်မည်
 - ပိုတိုရှော့အတွက် ဦးထုပ်၊ပန်း၊ဆံပင်များ (1.96MB)
 - အခန်းပိတ်လှောင် နှိပ်စက်ခံနေရသည့် အိမ်ဖေါ် အလုပ်သမင...
 - ဒုက္ခသည်စခန်းမှ ရေမျော ပျောက်ဆုံးနေတဲ့ အလောင်းအားြ...
 - Star Trek Into Darkness ဇာတ်လမ်းကိုကြည့်နိုင်ပြီး
 - ဥရောပ အကောင်းဆုံး ဘောလုံးသမားဆု ရော်နယ်ဒို ရရှိ
 - မေမြတ်နိုးကို ဘာလို့ သရဖူ သိမ်းတာလဲ
 - ပဲခူးတွင် မသင်္ကာသူအား စစ်ဆေးရာမှ ဆိုင်ကယ် သူခိုးဝိဇ...
 - Waste Not အမှိုက်ပြတိုက်
 - ကျပ် ၂ဝ မှ ၅ဝ အတွင်း ဖုန်းခေါ်ဆိုခ လျှော့ချရန် ဝန်ြ...
 - ပတ်တောက်သွားသော ရေအောက် ကေဘယ်ဆက် ကြောင်း စက်တင်ဘာ ...
 - MPT ကလည်း လုပ်ပြန်ပြီး နောက်တမျိုး
 - သမ္မာကျမ်းစာ ( ၃၀၀ ) ကျော်မလေးရှားတွင် သိမ်းဆည်း
 - ဖုန်းကင်မရာ တစ်ချက်အပေါ် ဝကွက်အပ်ထားရတဲ့ အရှက်တရားများ
 - အသက်ကို လောင်းကြေးထပ်ထားရတဲ့ လူနဲ့ဆင် တောလုပွဲ
 - အစိုးရဝန်ထမ်း အယောင်ဆောင်ကာ တန်ဖိုးနည်းအိမ်ရာတိုက်...
 - ကလေးလုပ်သား အသုံးပြုမှု စစ်တမ်းကောက်မည်
 - အောင်မြင်ချင်တာနဲ့ နာမည်ကြီးချင်တာ လုံးဝမတူပါ
 - အကယ်ဒမီ အကဲဖြတ်ဒိုင် အဖြစ်မှ ဇာဂနာ ဘာကြောင့် နုတ်ထ...
 - အကယ်ဒမီကို အပိုဆု အဖြစ် သဘောထားပါတယ် ဆိုတဲ့ သက်မွန...
 - Computer ရဲ့  desktop ပေါ်မှာ အကမျိုးစုံနဲ့ ကပြနေတာ...
 - Android phone အသုံးပြုကြတဲ့သူငယ်ချင်းများအားလုံး f...
 - ရေပြင်မှာ အရိပ်ကျနေတဲ့ ပုံလေး ဖန်တီးပေးနိုင်တဲ့ ဆေ...
 - ဖုန်းဘက်ထရီကို အမြန်ဆုံးအားသွင်းဖို့ အကြံပေးချက်များ
 - Android ဖုန်းများကိုအလွယ်ကူဆုံး Root လုပ်ခြင်းနှင်...
 - မိမိတို့ ရဲ့ စက်ထဲမှာမောက်နောက်တစ်ကောက်ကောက်လိုက်တ...
 - ပိုတိုရှော့အတွက်ပြက္ခဒိန်လုပ်ချင်သူများအတွက်(9MB)
 - ♪ Wifi Password Hack ချင်သူများအတွက် Wifi Password...
 - IS တပ်ဖွဲ့များကို ပြန်တိုက်ရန် အီရန်က စစ်လက်နက် ထေ...
 - DVB ရေဒီယိုအသံလွှင့် အစီအစဉ်ရပ်နားတော့မည်
 - တက္ကသိုလ်ကျောင်းသူ သမီးရည်းစား စကားများ ရန်ဖြစ်ရာမှ...
 - ဇာတ်သိမ်းခွင့်
 - ၅ ထောင်တန် ငွေစက္ကူ အတုတွေမိ
 - ကျေးရွာအတွင်းမှ အစိုးရတပ်မတော် ဆုတ်ခွာပေးရန် စစ်ြေ...
 - သုညနဲ့ဆောက်ခဲ့တဲ့အိမ်
 - မြန်မာဖောင်ဒီဇိုင်းမျိုးစုံ
 - ၀မ်းစာ
 - မျက်စိနဲ့ချစ်တဲ့ အချစ်
 - မိုင်တိုင် ၂၁။
 - နောက်ဆုံး ဘူတာ (ဝတ္ထု)
 - “သစ္စာရဲ့ အခြားတစ်ဖက်……” ဝတ္ထု
 - စင်ဒရဲလားမင်းသမီးလေး မဟုတ်တဲ့ ကျွန်မ~~~~
 - စတေးခံနှလုံးသား
 - အချစ်ဆုံးသို့…နောက်ဆုံး
 - ချစ်သူသို့အလွမ်း
 - တစ်ရံတစ်ခါက…. တစ်ချို့
 - ပျော်စရာလေးတစ်ခုလုပ်ကြမယ်
 - ထီဆုကြီးပေါက်ရန် အဓိဋ္ဌာန်ရမည်ဆိုကာ ကျပ် ၃၈ သိန်းကျေ...
 - မီဒီယာနဲ့ ရန်သူလုပ်သူတွေ မြောင်းထဲရောက်ရသူတွေချည်း...
 - ဒီတိုင်းပြည်က ဘာသာပေါင်းစုံနဲ့ အေးအေးချမ်းချမ်းနေခ...
 - facebook မှာမိမိအကောင့် ကို ပြန် hack ကျမယ် (လော့ ...
 - မိမိရဲ့ဖိုင်တွေကို သူများ မမြင်နိုင်အောင် သိမ်းပေး...
 - ကမ္ဘာမှာ ဘယ်သူတွေက လက်နက် ရောင်းချပြီး စီးပွါးဖြစ်ေ...
 - ကလေး(၃)ဦး မွေးဖွားခဲ့တဲ့ ယောက်ျား
 - ဆိုရိုးနဲ့ရေးတဲ့ ၀တ္ထု
 - မျိုးစေ့
 - အထင်နဲ့အမြင်
 - သစ်သားဇလုံလေး
 - တိမ်ဆွေးပြို မိုးညိုမှိုင်းတော့ (အခန်းဆက် ၀တ္ထုရှည်၊...
 - တိမ်ဆွေးပြို မိုးညိုမှိုင်းတော့ (အခန်းဆက် ၀တ္ထုရှည်၊...
 - တိမ်ဆွေးပြို မိုးညိုမှိုင်းတော့ (အခန်းဆက်ဝတ္တုရှည်၊ ...
 - တိမ်ဆွေးပြို မိုးညိုမှိုင်းတော့ …အပိုင်း-၁ (အခန်းဆက...
 - အဖော်မွန်
 - အမေလိုချင်တာ သားရဲ့ သတိရခြင်းတွေပါ
 - မုန်းစရာ သူနာပြု
 
 
 - 
        ▼ 
      
August
(424)
 













No comments:
Post a Comment