Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, August 12, 2014

ဆီးချိုရောဂါဖြစ်ရခြင်း အကြောင်းအရင်း

ဆီးချိုရောဂါ ကို အင်္ဂလိပ် ဆေးပညာ စကားလုံးနဲ့ Diabetes mellitus ( ဒိုင်အာဘိတိစ် မလိုက်တပ်စ်) လို့ခေါ်ပါတယ်။ ဆီးချိုရောဂါ ဟာ ခန္ဓာကိုယ် မှာရှိတဲ့ ဂလူးကိုစ့်ဓာတ်နဲ့ ပတ်သက်တဲ့ ဇီဝဓာတု (မက်တာဘိုးလစ်ဖြစ်စဉ်) တစ်ခု ကမောက်ကမ ဖြစ်တဲ့အတွက် ဖြစ်ပေါ်ရတဲ့ ဝေဒနာစု တစ်ခု ဖြစ်ပါတယ်။
ဆီးချို ရောဂါ ဖြစ်လေ့ရှိတဲ့ အကြောင်းရင်းနှစ်ချက် ကတော့ မျိုးရိုးဗီဇ (မျိုးရိုးလိုက်ခြင်း) အနေအထိုင်ဘ၀ ပတ်ဝန်းကျင် ကြောင့်ရယ် ဖြစ်တယ်။ (ဒီနေရာမှာ အနေအထိုင် ဘ၀ ပတ်ဝန်းကျင် ဆိုတာကတော့ အထိုင်များတာ အ၀လွန် အစားအစာ တွေစားတာတို့လို အလွန်အမင်း ဇိမ်ကျကျ နေထိုင်မှုမျိုးကို ဆိုလိုပါတယ်။ မျိုးရိုးဗီဇရဲ့အပြစ် မဟုတ်ပါဘဲ မိမိ နေပုံထိုင်ပုံ အဆင်မပြေ အချိုးမကျလို့ ဆီးချို ဖြစ်ရတာကို ဆိုလိုပါတယ်။)

ဒီအချက်တွေ ပုံစံတကျ မဖြစ်တဲ့ အခါ ခန္ဓာကိုယ်ရဲ့ ဂလူးကိုစ့်ဓာတ် (သကြားဓာတ်)နဲ့ ပတ်သက်တဲ့ ဇီဝကမ္မဖြစ်စဉ် ချို့ယွင်း ဖောက်ပြန် သွားတယ်။ အဲဒီအခါ လူ့ကိုယ်ခန္ဓာ ရဲ့ သွေးထဲမှာ သကြားဓာတ် ပမာဏအဆင့် မြင့်တက် လာပါတယ်။ အဲဒီလို မြင့်တက်တာကို အင်္ဂလိပ် ဆေးပညာ စကားလုံးနဲ့ (hyperglycemia ဟိုက်ပါဂလိုက်ဆီးမီးယား) လို့ခေါ်ပါတယ်။

တကယ်တော့ သွေးထဲမှာရှိတဲ့ သကြားဓာတ် ပမာဏကို ထိန်းချုပ်တာကတော့ လူ့ခန္ဓာကိုယ်ထဲက ဓာတုပစ္စည်း များနဲ့ ဟိုမုန်းတွေပါပဲ။ ဟိုမုန်းဟာလည်း ဓာတုပစ္စည်းတစ်မျိုးပါပဲ။ ဟိုမုန်းဆိုတဲ့ အဓိပ္ပါယ်ကို ပိုစ့်တစ်ခုပေးပြီး သတ်သတ် ရှင်းလင်းပေးပါ့မယ်။
ဟိုမုန်းတွေထဲမှာမှ အစာအိမ်ရဲ့ အောက်မှာ ကပ်လျက် တည်ရှိနေတဲ့ ပန်ကရိယ (မြန်မာလို သရက်ရွက် လည်းခေါ်တတ်တယ် အင်္ဂလိပ်ဆေးစကားလုံးနဲ့ pancreas ပါပဲ) ရဲ့ ဘီတာဆဲလ်( beta-cell)က ထုတ်တဲ့ အင်ဆူလင်(INSULIN) ဟိုမုန်း ဟာ အရေးကြီးပါတယ်။
ဆီးချိုဆိုတဲ့ အဓိပ္ပါယ်ကို ပြန်ကောက်ရရင် ရှေးကမြန်မာပြည်မှာ ပြောသလို ဆီးတွေ ချိုနေတယ်ရယ် လို့ပြောရင် မမှန်တော့ပါဘူး။ အရင်တုန်းကတော့ ဆီးသွားရင် ပရွက်ဆိတ် တက်နေတာမျိုးကို ဆီးချိုရယ်လို့ အရေးတယူ ပြောခဲ့ကြရတဲ့ ခေတ်ရှိဖူးပါတယ်။ အခုတော့ ပိုကောင်းကောင်းနဲ့ ပိုမှန်မှန်ကန်ကန် သိနေပါပြီ။ ဆီးချိုဆိုတာဟာ ခန္ဓာကိုယ်မှာရှိတဲ့ အင်ဆူလင်ဟိုမုန်း ထုတ်လုပ်မှု ချို့ယွင်းနည်းပါးသွားတာ ဒါမှမဟုတ် အင်ဆူလင်ဟိုမုန်းရဲ့ အစွမ်းသတ္တိ ချို့ယွင်း နည်းပါးသွားတာကို ခေါ်ဝေါ်တာပါပဲ။
လူတစ်ဦးရဲ့ ဆီးချိုရောဂါဟာ အင်ဆူလင်ဟိုမုန်း ထုတ်လုပ်မှု ချို့ယွင်းနည်းပါးမှုကြောင့် ဖြစ်ခဲ့ရင် အဲဒီဆီးချိုကို ဆီးချိုအမျိုးအစား-၁ လို့ခေါ်ပါတယ်။ တကယ်လို့ အင်ဆူလင် ဟိုမုန်း ပုံမှန်ထုတ်ပါလျက် အင်ဆူလင် ဟိုမုန်းရဲ့ အစွမ်းသတ္တိ ထိရောက်စွာ မပြနိုင်တာကြောင့် ဆီးချိုဖြစ်ရတာမျိုးဆိုရင် ဆီးချိုအမျိုးအစား-၂ လို့ခေါ်ပါတယ်။ နောက်တစ်ခုကတော့ ကိုယ်ဝန်ကြောင့်ဖြစ်သော ဆီးချို (Gestational DM)ပါပဲ။ အင်ဆူလင် ထုတ်လုပ်မှုနည်းပါးတာပဲဖြစ်ဖြစ် အင်ဆူလင် အစွမ်းသတ္တိမပြနိုင်တာပဲဖြစ်ဖြစ် နှစ်မျိုးစလုံးဟာ သွေးထဲ က သကြားဓာတ် ပမာဏကို တက်စေပါတယ်။ သွေးထဲက သကြားဓာတ် ပမာဏကို တက်စေရင်းနဲ့ အဓိကရောဂါ လက္ခဏာတွေ ဖြစ်ပေါ်ပါတယ်။
အဲဒါတွေကတော့ ဆီးသွားတာများခြင်း၊ ဆီးသွားများလို့ ရေငတ်ခြင်း ရေအများအပြားသောက်ခြင်း၊ အမြင်အာရုံ ကျဆင်းေ၀၀ါးခြင်း၊ အကြောင်းမဲ့ ပိန်ခြင်း၊ မအီမသာဖြစ်ခြင်း နဲ့ အခြားလက္ခဏာတွေ ပဲဖြစ်ပါတယ်။
ဘယ်ဆီးချိုအမျိုးအစားကိုမဆို ဝေဒနာ မခံစားရအောင် ထိန်းချုပ်ကုသ နိုင်ပါတယ်။ ၁၉၂၁ မှာ အင်ဆူလင် ပေါ်လာကတည်းက ကုသနေပါတယ်။ ဒါပေမဲ့ အရှင်း ပျောက်ကင်းအောင် ကုသဖို့တော့ မဖြစ်နိုင်သေးပါဘူး။ ဆီးချိုအမျိုးအစား -၁ မှာတော့ အင်ဆူလင် ထိုးခြင်း၊ အင်ဆူလင်ပမ့် နဲ့ကုသခြင်း စတာတွေနဲ့ ရောဂါ ဝေဒနာတွေ မခံစားရဘဲ နေ့စဉ် လုပ်ငန်းဆောင်တာ တွေကို အများနည်းတူ ဆောင်ရွက်နိုင်အောင် ထိန်းသိမ်းကုသနိုင် ပါတယ်။ အမျိုးအစား၂ မှာတော့ အစားအသောက် ထိန်းသိမ်းမှုပိုင်း၊ လေ့ကျင့်ခန်း ပြုလုပ်ခြင်း အပိုင်းနဲ့ သောက်ဆေးနဲ့ ကုသခြင်း အပိုင်း၊ အင်ဆူလင် နဲ့ ကုသခြင်း အပိုင်းများနဲ့ ထိန်းချုပ် ကုသနိုင်ပါတယ်။

ဆီးချို နဲ့ သူ့ကိုကုသတဲ့ ကုထုံးတွေကြောင့် ရောဂါ နောက်ဆက်တွဲတွေ ရှိလာတတ်ပါတယ်။ ဥပမာအားဖြင့် အချိန်တို အတွင်း( မိနစ်ပိုင်းမှ နာရီပိုင်း ရက်ပိုင်းအတွင်း) ဖြစ်တတ် တဲ့ နောက်ဆက်တွဲ ရောဂါ အဆစ်ကလေးတွေကတော့ သွေးထဲက သကြားပမာဏ ရုတ်တရက် အလွန်အမင်း ကျဆင်းသွားတာ မျိုး၊ ကီတုန်း လို့ခေါ်တဲ့ ဓာတုပစ္စည်းတွေ ထွက်ပြီး ခန္ဓာကိုယ် မှာ အက်ဆစ် ဓာတ်တွေ များတာ၊ အက်ဆစ်ဓာတ်မများပဲ ကိုယ်ခန္ဓာရေဆွဲအား တက်လာလို့ ကိုမာ(Coma)လို့ခေါ်တဲ့ ကြာရှည်စွာ သတိမေ့မြောရောဂါ ဖြစ်တာ ဒါမျိုးတွေပါပဲ။
အက်ဆစ်မများဘဲ ရေဆွဲအားများလို့ ကိုမာ ဖြစ်တာနဲ့ အက်ဆစ်ဓာတ်များ တာမျိုးကတော့ သေသေချာချာ ထိရောက်တဲ့ ကုသမှုကို မယူရသေးလို့ ဖြစ်တယ် ဆိုနိုင်ပါတယ်။
ရောဂါကြောင့် ဖြစ်တဲ့ အချိန်ကြာမှ ပေါ်တတ်တဲ့ (နှစ်ပေါင်းများစွာ အထိ ကြာတတ်တယ် ) နောက်ဆက်တွဲ ရောဂါတွေကတော့ နှလုံးနဲ့ သွေးကြော ဆိုင်ရာရောဂါတွေ၊ ကျောက်ကပ် ပျက်ဆီးတာတွေ၊ ကျောက်ကပ် လုံးဝ အလုပ်မလုပ်နိုင်တော့ တာတွေ၊ မျက်လုံး အတွင်းဘက်ကျကျက ရက်တီနာ လို့ခေါ်တဲ့ အမြင်လွှာစုစည်းတဲ့ အာရုံခံ ပစ္စည်း ပျက်စီးတာတွေ၊ ခန္ဓာကိုယ် အနှံ့က ပူအေးထိတွေ့ စတာကိုသိတဲ့ အာရုံကြောနဲ့ ကိုယ်လက် လှုပ်ရှားမှုကို ထိန်းတဲ့ အာရုံကြောတွေ ပျက်စီးတာတွေ ဖြစ်နိုင်ပါတယ်။
နောက်တော့ အနာကျက်တာနှေး တာတွေ၊ အမျိုးသားတွေမှာ ပန်းသေပန်းညှိုး တာတွေ ဖြစ်နိုင်ပါတယ်။ ခြေထောက်တွေမှာ အနာကျက် နှေးတဲ့ အတွက် ပုပ်တာတွေ ဘာတွေအထိဖြစ်ပြီး ခြေထောက် ဖြတ်ပစ်ရတာ မျိုးတွေလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လုံလောက်တဲ့ ဆီးချို ကုသမှုနဲ့ သွေးတိုးကိုလည်း ထိန်းသိမ်း အနေအထိုင် ဘ၀၀န်းကျင်ကိုလည်း ကောင်းအောင်မွန်အောင် ပြောင်းလိုက်နိုင်ရင် (ဥပမာ ဆေးလိပ် ဖြတ်တာတို့ ခန္ဓာကိုယ် အလေးချိန်ကို ထိန်းသိမ်း နိုင်တာတို့) လုပ်နိုင်ရင် ခုနက ပြောခဲ့တဲ့ အချိန်ကြာမြင့်မှ ပေါ်ပေါက်မဲ့ ရောဂါ နောက်ဆက်တွဲ တွေကို အထိုက်အလျောက် တားဆီးနိုင်ပါတယ်။
ဖွံ့ဖြိုးပြီး နိုင်ငံတွေ မှာတော့ ဆီးချိုဟာ လူလတ်ပိုင်း အရွယ်တွေ မျက်စိကွယ်ရခြင်း ရဲ့ အဓိက အကြောင်းအရင်း ဖြစ်နေပြီးတော့ ထိခိုက် ဒဏ်ရာ တစ်စုံတစ်ရာ မဖြစ်ဘဲ ခြေထောက်ဖြတ်ပစ်လိုက် ရတာရဲ့ အဓိက အကြောင်း အရင်းလည်း ဖြစ်လို့နေပြန်ပါတယ်။
အမေရိကန်နိုင်ငံ မှာတော့ ဆီးချိုကြောင့်ဖြစ်တဲ့ ကျောက်ကပ်ရောဂါဟာ ဒိုင်ယာလက်ဆစ် (DIALYSIS) လို့ခေါ်တဲ့ သွေးအတွင်း ဓာတုပစ္စည်းတွေကို အပြင်က ဓာတုပစ္စည်းတွေနဲ့ ဖလှယ် ကုသရတဲ့ ငွေကုန်တဲ့ ကုထုံးရဲ့ အဓိက အကြောင်းရင်း ရောဂါ ကြီး ဖြစ်လို့နေပါသတဲ့..။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ