Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, August 10, 2014

နိုင်ငံရေး ဟာသများ

(၁)
လူတစ်ယောက်ဟာ နိုင်ငံတော်အကြီးအကဲကို “အသုံးမကျတဲ့လူ” လို့ ပြောလို့ အဖမ်းခံရသတဲ့။ ရုံးတင်စစ်ဆေးပြီးနောက် တရားသူကြီးက သူ့ကို ထောင်ဒဏ် ၁၀နှစ်နဲ့ ၆ရက် အမိန့်ချလိုက်တယ်။
ဘာဖြစ်လို့ ဒီလောက်ကြီးလေးတဲ့ အပြစ်ကိုပေးရသလဲလို့ မေးတော့ တရားသူကြီးက ” ပြစ်ဒဏ် ၆ရက်က နိုင်ငံတော်အကြီးအကဲကို စော်ကားတဲ့အတွက် ပြစ်ဒဏ် ၁၀နှစ်က နိုင်ငံတော်ရဲ့လျှို့ဝှက်ချက်ကိ
ု ဖော်ကောင်လုပ်တဲ့အတွက်” လို့ ပြောလိုက်သတဲ့။ (၂)
တစ်ခါက နိုင်ငံတော် အကြီးအကဲ ခေါင်းဆောင်သုံးဦးဟာ ရဟတ်ယာဉ်စီးပြီး နိုင်ငံအခြေအနေကို လှည့်လည်ခဲ့တယ်။
ပထမ အကြီးအကဲ ” တကယ်လို့ အခုချိန်မှာ ငါသာ ငွေတစ်ထောင်တန်တစ်ရွက် ပစ်ချလိုက်ရင် ကောက်ရတဲ့လူက အရမ်းပျော်မှာပဲ”
ဒုတိယ အကြီးအကဲ ” တကယ်လို့ ငါသာ ၅၀၀တန်နှစ်ရွက် ပစ်ချလိုက်ရင် လူနှစ်ယောက်ပျော်ရမယ်”
တတိယ အကြီးအကဲ “တကယ်လို့ ငါသာ ၁၀တန်ဆယ်ရွက် ပစ်ချလိုက်ရင် လူဆယ်ယောက် ပျော်ရမယ်”
သူတို့အချင်းချင်း ပြောနေတဲ့ စကားကိုကြားတော့ လေယာဉ်မှုးက အခုလို ပြောလိုက်သတဲ့…
“အကြီးအကဲတို့ သုံးဦးလုံးသာ ခုန်ချလိုက်ရင် နိုင်ငံမှာရှိတဲ့ လူတွေအားလုံး ပျော်ကြမှာပဲ” ဟူတည်း။
(၃)
လူတစ်ယောက်ဟာ သေပြီး နတ်ပြည်ရောက်သွားခဲ့တယ်။ နတ်သားတစ်ဦးက သူ့ကိုဦးဆောင်ပြီး နတ်ပြည်အနှံ့ လိုက်ပြခဲ့တယ်။ နောက်ဆုံးမှာ နာရီအပြည့်ချိတ်ထားတဲ့ အခန်းတစ်ခုကို ရောက်သွားခဲ့တယ်။ အခန်းထဲမှာရှိတဲ့ နာရီတစ်ချို့က အလုပ်လုပ်နေပြီး၊ တစ်ချို့က ရပ်နေတယ်။ နတ်သားက “ဒီနာရီတွေက လူ့ပြည်မှာရှိတဲ့ လူတွေရဲ့ ကိုယ်စားပြု နာရီတွေဖြစ်တယ်။ ခင်ဗျားနာရီလည်း ဒီထဲမှာရှိတယ်” လို့ ရှင်းပြတယ်။ နာရီတစ်ချို့က မြန်လိုက်၊ နှေးလိုက် ဖြစ်နေတာကို တွေ့တော့ နတ်သားက ” လူတစ်ချို့ မုသားစကားပြောနေတဲ့ အချိန်မှာ သူ့ကိုယ်စားပြု နာရီက အရမ်းမြန်နေတတ်တယ်” လို့ ထပ်ရှင်းပြတယ်။
နတ်သားရှင်းပြတာကို ကြားတော့ သူက စိတ်ဝင်တစား “ဒါဆို ကျွန်တော်တို့ နိုင်ငံတော်အကြီးအကဲရဲ့ နာရီမရှိဘူးလား ကျွန်တော့်ကို ခဏပြလို့ရမလား” လို့ တောင်းဆိုလိုက်တယ်။
နတ်သားပြန်ဖြေလိုက်တာက “ရှိတယ်။ ဒါပေမဲ့ ခဏနေမှကြည့်လို့ရမယ်။ နတ်မင်းကြီးက ပူလို့ဆိုပြီး အဲဒီနာရီကို ပန်ကာလုပ်ဖို့ ယူသွားလို့ပါ” ဟူသတည်း။
(၄)
တစ်ခါက နိုင်ငံ အကြီးအကဲ သုံးဦးဟာ ဘုရားသခင်ကို တွေ့ဖို့ အခွင့်အရေးရခဲ့တယ်။ ဘုရားသခင်က သူ့တို့ကို မေးခွန်းတစ်ခုစီ မေးဖို့ ခွင့်ပြုလိုက်တော့…
ပထမနိုင်ငံ အကြီးအကဲ “ဘုရားသခင် ကျွန်တော့်နိုင်ငံက ပြည်သူလူထုတွေ ကောင်းစားဖို့ ဘယ်နှနှစ်စောင့်ရဦးမလဲ”
ဘုရားသခင် ” အနှစ် ၅၀ စောင့်ရလိမ့်မယ်”
ပထမနိုင်ငံ အကြီးအကဲ (စိတ်ပျက်ဝမ်းနည်းစွာနဲ့) “ဒါဆို ကျွန်တော် မမီတော့ဘူးထင်တယ်”
ဒုတိယနိုင်ငံ အကြီးအကဲ “ဘုရားသခင် ကျွန်တော့်နိုင်ငံက ပြည်သူလူထုတွေ ကောင်းစားဖို့ ဘယ်နှနှစ်စောင့်ရဦးမလဲ”
ဘုရားသခင် “နှစ် ၁၀၀ စောင့်ရလိမ့်မယ်”
ဒုတိယနိုင်ငံ အကြီးအကဲ (စိတ်ပျက်ဝမ်းနည်းစွာနဲ့) “ဒါဆို ကျွန်တော် မမီတော့ဘူးထင်တယ်”
တတိယနိုင်ငံ အကြီးအကဲ “ဘုရားသခင် ကျွန်တော့်နိုင်ငံက ပြည်သူလူထုတွေ ကောင်းစားဖို့ ဘယ်နှနှစ်စောင့်ရဦးမလဲ”
ဘုရားသခင် (စိတ်ပျက်ဝမ်းနည်းစွာနဲ့) ” အကျွန်ုပ် မမီတော့ဘူး ထင်တယ်” ဟူတည်း။
၅)
ဆေးပညာ အလွန်တိုးတက်တဲ့ခေတ်မှာ သေဆုံးသူရဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို ခွဲစိပ်ပြီး သိမ်းထားနိုင်သလို အဲဒီ အစိတ်အပိုင်းတွေကို လိုအပ်တဲ့အချိန်မှာ လိုအပ်တဲ့လူတွေအတွက် ပြောင်းရွေ့ ကုသပေးလို့ရတယ်။ ကားပြင်ဆိုင်က ကားပစ္စည်းအဟောင်းတွေလို လိုချင်တဲ့ တံဆိပ်၊ အရွယ်အစားကို ကိုယ်တိုင် ရွေးချယ်ခွင့်ရှိတယ်။
တစ်နေရာမှာ ဦးနှောက်အဟောင်း ရောင်းဆိုင်တစ်ဆိုင်ရှိတယ်။ ဆိုင်မှာ မတူတဲ့လူတန်းစား၊ မတူတဲ့ အဆင့်အတန်းက လူတွေရဲ့ ဦးနှောက်ကို ရောင်းတယ်။ အတန်းစား မတူတဲ့အတွက် ရောင်းဈေးကလည်း အမျိုးမျိုးရှိတယ်။
ရိုးရိုးသာမန်လူရဲ့ ဦးနှောက်က၂သောင်း
ဆရာဝန်၊ အင်ဂျင်နီယာတွေရဲ့ ဦးနှောက်က ၃သောင်း
သိပ္ပံပညာရှင်၊ စီးပွါးပညာရှင်တွေရဲ့ ဦးနှောက်က ၅သောင်း … အစရှိသလို
နောက်လူတစ်မျိုးရဲ့ ဦးနှောက်က အထူးဈေး ၁သိန်းအထိ ရောင်းဈေးရှိသတဲ့။
ဈေးအကြီးဆုံး ဦးနှောက်ကို ဦးနှောက်ဝယ်သူ တစ်ဦးက “ဘာလူမျိုးရဲ့ ဦးနှောက်မို့လို့ အဟောင်းဈေးတောင် ဒီလောက်ရှိရသလဲ”လို့ မေးခဲ့တယ်။
ဆိုင်ရှင်က “ဒီဦးနှောက်က နိုင်ငံ့ခေါင်းဆောင်တစ်ဦးရဲ့ ဦးနှောက်ဖြစ်လို့” လို့ ရှင်းပြတယ်။
ဝယ်သူက “နိုင်ငံခေါင်းဆောင်ရဲ့ ဦးနှောက်က စီးပွါးပညာရှင်၊ သိပ္ပံပညာရှင်ရဲ့ ဦးနှောက်ထက် ပိုကောင်းနေလို့လား” လို့ နားမလည်စွာ မေးတော့
“မဟုတ်ဘူး…. သူ့ဦးနှောက်က လက်ဟောင်းဆိုပေမယ့် အသစ်နဲ့မကွာဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က တစ်ခါမှ ဦးနှောက်ကို မသုံးခဲ့ဖူးဘူး” လို့ ဆိုင်ရှင်က ပြန်ရှင်းပြခဲ့တယ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ