Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, August 10, 2014

ဗဟုသုတ

စကားကြီး (10) မျိုးအကြောင်းသိကောင်းစရာ
ရေကူးညာတင်၊ ကောက်ပင်ရိတ်လှီး
ရေစီးဖောင်ဆန်၊ အိုးတန်ဆန်ခပ်
ဆီပွတ်ကျည်ပွေ့၊ ဆင်ဝှေ့ရန်ရှောင်
တောင်သူယာခုတ်၊ ကြက်ဆုတ်ခွပ်ပစ်
ရေစစ်ကရား၊ ခက်တင်မောင်းနင်း
ဆိုခြင်းစကား ‘ဤဆယ်ပါး’

၁။ ရေကူးညာတင် ပြောနည်း
မြစ်တစ်ဖက်မှ အခြားတစ်ဖက်သို့ ကူးသည့်အခါ မြစ်ညာဖက်မှ စ၍ကူးမှသာ လိုရာသို့ရောက်သလို စကားပြောသည့်အခါလည်း လိုရာသို့ရောက်အောင် အထက်မှ တင်ကူး၍ ပြောနည်းကိုခေါ်သည်။
၂။ ကောက်ပင်ရိတ်လှီး ပြောနည်း
စပါးရိတ်သည့်အခါ တနိုင်စာလောက်စပါးကို လက်တဖက်ဖြင့် ပိုင်ပိုင်နိုင်နိုင်ကိုင်ပြီး အခြားလက်တဖက်က တံစဉ်ဖြင့် ရိတ်လှီးသကဲ့သို့ စကားပြောရာတွင်လည်း စကားကို သိမ်းကျုံးဖမ်းဆုပ်ပြီးမှ ပြောနည်းကိုခေါ်သည်။
၃။ ရေစီးဖောင်ဆန် ပြောနည်း
အညာဆန်ဖောင်ကြီးသည် လိုသမျှကိုတင်ဆောင်၍ ဖြည်းညင်းသာယာစွာ ဆန်တက်သဖြင့် လိုရာခရီးကိုရောက်သကဲ့သို့ စကားအရာတွင်လည်း ဥပမာ ဥပမေယျတို့ဖြင့် ဖြည်းညင်းသာယာစွာ လိုရာရောက်အောင် ပြောခြင်းသည် ရေစီးဖောင်ဆန်ပြောနည်းဖြစ်၏။
၎။ အိုးတန်ဆန်ခပ် ပြောနည်း
ထမင်းချက်ရာတွင် သူ့အိုးနှင့် သူ့ဆန်တန်ရုံ အနေတော်ထည့်ချက်မှ နူးနပ်စွာ စားသုံးရသကဲ့သို့ စကားကို မယုတ်မလွန်နှင့် လိုရာရောက်အောင် ပြောဆိုခြင်းကို အိုးတန်ဆန်ခပ် ပြောနည်းဟုခေါ်၏။
၅။ ဆီပွတ်ကျည်ပွေ့ ပြောနည်း
ဆီဆုံထဲတွင် နှမ်းသို့မဟုတ် မြေပဲထည့်၍ ကျည်ပွေ့ဖြင့် အထပ်ထပ်ပွတ်မှ ဆီထွက်သကဲ့သို့ ကိုယ့်စကားအောင်မြင်အောင် အထပ်ထပ်ပြောဆိုခြင်းကို ဆီပွတ်ကျည်ပွေ့ ပြောနည်းဟုခေါ်သည်။
၆။ ဆင်ဝှေ့ရန်ရှောင် ပြောနည်း
ဆင်ဝှေ့ရန် အလိုက်ခံရသည့်အခါ လွတ်ရာမှရှောင်ပြေးလျှင် လွတ်နိုင်သကဲ့သို့ စကားအရာတွင်လည်း ဘေးအန္တရာယ် ဖြစ်စေမည့် စကားကို ရှောင်လွှဲ ပြောဆိုနည်းဖြစ်၏။
၇။ တောင်သူယာခုတ် ပြောနည်း
တောင်သူတို့သည် ယာခုတ်သည့်အခါ ရှေးဦးစွာ ချုံနွယ်တို့ကို ရှင်းလင်းပြီးမှ သစ်ပင်ကြီးများကို ခုတ်လှဲကြသကဲ့သို့ စကားအရာတွင်လည်း စကားငယ်များကို ဦးစွာပြောပြီးမှ စကားကြီးများကိုပြောလျှက် အနိုင်ယူခြင်းကို တောင်သူယာခုတ် ပြောနည်းဟုခေါ်သည်။
၈။ ကြက်ဆုတ်ခွပ်ပစ် ပြောနည်း
ကြက်ခွပ်မည်ပြုသောအခါ နောက်ဆုတ်ဟန်ပြုပြီးမှ စီး၍ခွပ်သကဲ့သို့ စကားအရာတွင်လည်း သူ့အလိုကိုဦးစွာ လိုက်လျောပြီးမှ စီးသာသောအခါ စီး၍ ပြောခြင်းကိုခေါ်သည်။
၉။ ရေစစ်ကရား ပြောနည်း
ရေစစ်သော ဓမကရိုဏ်ကို ရေတွင်နှစ်၍ ရေပြည့်လျှင် အပေါက်ကိုလက်ဖြင့် ပိတ်ယူပါက ရေမထွက်နိုင်သကဲ့သို့ တဖက်လူ၏ စကားကို ပိတ်မိအောင်ပြောခြင်းသည် ရေစစ်ကရား ပြောနည်းဖြစ်သည်။
၁၀။ ခက်တင်မောင်းနင်း ပြောနည်း
တဖက်လူ၏စကားကို ဟုတ်၏လည်းမဆို မဟုတ်၏လည်း မငြင်းပဲ မတင်မကျ ပြောနည်းကိုခေါ်သည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ