Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, August 24, 2014

မသန်စွမ်း ညီငယ်အတွက် (၈)နှစ်သား အစ်ကို ပြသခဲ့သည့် ထူးထူးခြားခြား ချစ်မေတ္တာ သက်သေ

အမေရိကန်မှ အသက်(၈)နှစ်အရွယ် ကလေးငယ်တစ်ဦးသည် လမ်းမလျှောက်နိုင်ရှာသည့် အာရုံကြော ဝေဒနာသည် ညီငယ်ကို အတူခေါ်ဆောင်ရင်း Triathlon ခေါ် အားကစား(၃)မျိုး ပြိုင်ပွဲကို အောင်မြင်ပြီးမြောက်အောင် ယှဉ်ပြိုင်ပြခဲ့ကြောင်း သိရှိရသည်။

အင်ဒီယာနာရှိ ဘွိုင်စီတွင် နေထိုင်သည့် အသက်(၆)နှစ်အရွယ် ကလေးငယ် လူးကက်စ် အဲလ်ဒရစ်ခ်ျလေးသည် ရှားပါးသည့် အာရုံကြောဆိုင်ရာ ရောဂါတစ်ရပ်ကို ခံစားနေရသူ ဖြစ်သည်။ Lissencephaly ခေါ် မူမမှန်သည့် အာရုံကြော အခြေအနေတစ်ရပ်ကြောင့် လူးကက်စ်ခမျာ စကားမပြောနိုင်၊ လမ်းမလျှောက်နိုင်သည့်အပြင် သာမန်ထက် သက်တမ်းတိုတို နေထိုင်ရလိမ့်မည်ဟု ဆရာဝန်များက ကောက်ချက်ချထားသည်။
သနားစရာ ကောင်းလှသည့် လူးကက်စ်လေး၏ ဘဝတွင် အကောင်းဆုံး မိတ်ဆွေမှာ အသက်(၂)နှစ် ပိုကြီးသည့် အစ်ကိုဖြစ်သူ နိုအာအဲလ်ဒရစ်ခ်ျ ဖြစ်သည်။ နိုအာသည် ညီငယ်ကို ပျော်ရွှင်အောင် အတတ်နိုင်ဆုံး ကြိုးစားပေးလေ့ရှိပြီး လူးကက်စ်အနားတွင် အမြဲလိုလို အချိန်ပေး နေထိုင်လေ့ ရှိသည်။ တစ်နေ့တွင်မူ နိုအာသည် ၎င်းချစ်မြတ်နိုးသည့် ညီငယ် လူးကက်စ်ကို စိတ်ဓာတ် မြှင့်တင်ပေးနိုင်မည့် နည်းလမ်းတစ်ခုကို ကြံဆမိပြီး လက်တွေ့လည်း အကောင်အထည် ဖော်ခဲ့သည်။

အဆိုပါ အစီအစဉ်မှာ Triathlon ခေါ် (၃)မျိုးပေါင်းစပ် အားကစားပြိုင်ပွဲတွင် လူးကက်စ်နှင့်အတူ ပါဝင်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ “သူတို့နှစ်ယောက်မှာ အရမ်းထူးခြားတဲ့ တွယ်တာမှုမျိုး ရှိနေသလိုပဲ။ လူးကက်စ်က အခန်းထဲ နိုအာဝင်လာရင် သိသိသာသာ ရွှင်လန်းသွားတတ်တယ်။ ဒီကလေး နှစ်ယောက်ရဲ့ ချစ်ခင်မှုကို တွေ့မြင်ရသူတိုင်း မပြုံးဘဲ မနေနိုင်ဘူးလေ”ဟု ကလေးနှစ်ဦး၏ ဖခင်ဖြစ်သူ ဘရိုင်ယန်က ဆိုသည်။ နိုအာသည် ညီငယ်ဖြစ်သူနှင့် TV အတူကြည့်ခြင်း၊ လူးကက်စ်ကို တွန်းလှည်းပေါ်တင်ပြီး ခြံထဲတွင် လှည့်လည်ပြသခြင်းတို့ကိုလည်း ပြုလုပ်လေ့ ရှိသည်။
နိုအာတို့ မိသားစုသည် ဘဝတွင် ရှင်သန်နေထိုင်ရသည့် အခိုက်အတန့်လေးအတွင်း လူးကက်စ်ကို အတတ်နိုင်ဆုံး ပျော်ရွှင်အောင် ထားရှိရန် ဆုံးဖြတ်ထားကြသည်။ တစ်နေ့တွင် YMCA Kids Club က စီစဉ်သည့် ကလေးများအတွက် Triathlon ပြိုင်ပွဲအကြောင်း နိုအာ သတင်းကြားလာခဲ့သည်။ “မေမေ၊ အဲဒီပွဲမှာ ကျွန်တော့်ညီလေးနဲ့တူတူ သွားပြိုင်ချင်တယ်”ဟု ၎င်းက မိခင်ဖြစ်သူ အေလစ်ဆာကို ပူဆာခဲ့သည်။ “သားက ကျွန်မကို ခွင့်တောင်းပြီး နောက်တစ်နေ့မှာပဲ ကျွန်မတို့ရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေကို စတင်ခဲ့ပါတယ်”ဟု အေလစ်ဆာက ပြောကြားခဲ့သည်။
(၃)လတာ အတောအတွင်း နိုအာသည် လူးကက်စ်လေးကို လှည်းပေါ်တင် တွန်းပြီး မိဘများနှင့်အတူ အပြေးလေ့ကျင့်သည်။ ရော်ဘာလှေ တစ်စီးပေါ်တွင် လူးကက်စ်ကို တင်ပြီး လှေကို လက်တွင် သံကြိုးဖြင့် ချိတ်ဆွဲကာ ရေကူးလေ့ကျင့်သည်။ ထို့အပြင် လူးကက်စ်ကို နောက်ခုံပေါ်တင်ပြီး စက်ဘီးစီးနိုင်အောင်လည်း နိုအာက ပြင်းပြင်းထန်ထန် ကြိုးစားပြင်ဆင်ထားခဲ့သည်။ Triathlon ပြိုင်ပွဲတွင် မီတာ(၂၀၀) ရေကူးခြင်း၊ (၃)မိုင် စက်ဘီးစီးခြင်းနှင့် (၁)မိုင် အပြေးပြိုင်ခြင်းတို့ ပါဝင်သည်။
ယခုလလယ်က ကျင်းပခဲ့သည့် ပြိုင်ပွဲနေ့တွင် စိတ်လှုပ်ရှားနေကြောင်း နိုအာက ဝန်ခံခဲ့သည်။ သို့သော်လည်း ပြိုင်ပွဲစတင်သည်နှင့် ကျန်သော အရာများကို မေ့ထားပြီး ညီငယ်ကို တစ်ပါတည်း ဆောင်ယူကာ ကြိုးကြိုးစားစားနှင့် အပင်ပန်းခံ ပြိုင်ပွဲဝင်ခဲ့သည်။ စိန်ခေါ်မှု အားလုံးကို ကျော်ဖြတ်ပြီးနောက် နိုအာနှင့် လူးကက်စ်တို့သည် ပန်းတိုင် သတ်မှတ်စည်းကို အောင်မြင်စွာ ကျော်ဖြတ် ပန်းဝင်လာချိန်တွင် မိဘနှစ်ပါးနှင့် ပရိသတ်များက သောင်းသောင်းဖြဖြ အားပေးခဲ့ကြသည်။ နိုအာသည် လူးကက်စ်နှင့်အတူ Triathlon ပြိုင်ပွဲ အစအဆုံးကို (၅၄)မိနစ်ကျော်မျှဖြင့် ပန်းဝင်အောင် ယှဉ်ပြိုင်နိုင်ခဲ့သည်။

“မိဘတွေ အနေနဲ့တော့ ကျွန်မတို့ဟာ သူတို့ပြိုင်ပွဲဝင်တာကို ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ခဲ့ရပါတယ်။ ဒါပေမဲ့ သူတို့တွေ အကောင်းဆုံး လုပ်ပြနိုင်ခဲ့တယ်။ ကျွန်မရဲ့ သားတွေအတွက် အရမ်းဂုဏ်ယူမိပါတယ်”ဟု အေလစ်ဆာက သတင်းထောက်များအား ပြောကြားခဲ့သည်။
လူးကက်စ်သည် ပျမ်းမျှအားဖြင့် ကလေးငယ် (၈၅၄၇၀)ဦးတွင် တစ်ဦးမျှသာ ဖြစ်နိုင်သည့် ရှားရှားပါးပါး ဝေဒနာမျိုးကို ခံစားနေရခြင်း ဖြစ်သည်။ အေလစ်ဆာက သူမ၏ ကိုယ်ဝန်ဆောင် အတွေ့အကြုံသည် သာမန်အတိုင်းသာဖြစ်ပြီး ထူးခြားမှု မရှိခဲ့ဟု ဆိုသည်။ လူးကက်စ် (၃)လသား အရွယ်တွင် အငိုမတိတ်နိုင် ဖြစ်နေသည့်နောက် စစ်ဆေးမှုများ ခံယူရာမှ Lissencephaly ဝေဒနာ ခံစားနေကြောင်း သိရှိရလာရသည်။
“လူးကက်စ်က လမ်းလည်း မလျှောက်နိုင်ဘူး။ စကားလည်း မပြောနိုင်ဘူး။ ဒါပေမဲ့ လူးကက်စ်လေးက သူ့ကို အချစ်ခင်ဆုံး လူတွေ ရှိနေတဲ့အတွက် ကမ္ဘာပေါ်မှာ အပျော်ဆုံး လူတစ်ယောက် ဖြစ်နေမယ်လို့ ကျွန်မ ယုံတယ်”ဟု အေလစ်ဆာက ပြောကြားခဲ့သည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ