Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, August 10, 2014

မိန်းခလေးတွေ အတုယူကြပါ

သူငယ်ချင်းတို့ရေ၊ ကောင်းသောနေ့လေးပါနော်၊ ကျနော် ခရီးသွားရင်း တွေ့ခဲ့တဲ့ အတွေ့အကြုံလေးကို မှတ်သားစရာအဖြစ် “”မိန်းခလေးတွေ မတူရင်မတုနဲ့”" ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးသားခဲ့ပါတယ်၊ ဒီတော့ တစ်ချို့သော မမတွေက အဲ့ဒီလို ရေးရင် ဒို့မြန်မာ မိန်းခလေးတွေကို တစ်ခြားသူတွေ အထင်သေးမှာပေါ့၊
တကယ့်ကို ဘ၀ကိုရုန်းကန်နေရတဲ့ မိန်းခလေးတွေလည်း ဒုနဲ့ဒေးပါ၊ အဲ့ဒီ အကြောင်းတွေလည်း ရေးပါဦး လို့ ပြောပါတယ်၊ မှန်ပါတယ်ခင်ဗျာ၊ ကျနော်ရေးခဲ့တဲ့ အဲ့ဒီပို့စ်လေးဟာ တကယ့်အတွေ့အကြုံအပေါ် တစ်စွန်းတစ်စနဲ့ ထိန်းထိန်းသိမ်းသိမ်း ရေးခဲ့တာပါ၊ အမှန်အတိုင်းသာ ရေးမယ်ဆိုရင် အဲ့ဒီထက် များစွာ များစွာ ဆိုးရွားလှပါတယ်၊ ဒါပေမယ့်ဗျာ…. ကျနော့ရဲ့ အစ်မလို လေးစားရသူတွေက တောင်းဆိုမှုကြောင့် ဒီလိုလေး ရေးပေးမယ်နော်…..
သူငယ်ချင်းတို့ရေ… ကျနော်က နယ်မြို့လေးမှာ နေတယ် ဆိုပေမယ့်… ကျနော့ရဲ့လုပ်ငန်းနဲ့ ဆက်သွယ်မှုတွေက ရန်ကုန်မှာ များပါတယ်၊ ဒီတော့ ရန်ကုန်ဆိုတဲ့အကြောင်းကို နေ့တိုင်းလိုလို ကြားနေရတယ်ဆိုပါတော့ဗျာ၊ တစ်ခါတုန်းကပေါ့… ကျနော့ရဲ့ လုပ်ဖေါ် ကိုင်ဖက် စီးပွားရေးသမားကြီး တစ်ဦးကပြောပါတယ်၊ နယ်မြို့လေး တစ်မြို့က ကောင်မလေးတစ်ယောက် ရန်ကုန်ကို ရောက်လာတယ်တဲ့၊ အဲ့ဒီကောင်မလေးက ဆယ်တန်းမအောင်ဘူး၊ သူ့တို့မှာက ညီအစ်မ (၃)ယောက်ရှိတယ်၊ သူက အလတ်တဲ့၊ သူ့အစ်မက အိမ်ထောင်သည်၊ သူ့ညီမလေးကလည်း (၁၀)တန်းကျောင်းသူ၊ ဒါပေမယ့် သူတို့မှာ ဖေဖေမရှိတော့ဘူး၊ စီးပွားရေးလည်း အဆင်မပြေကြဘူးတဲ့လေ၊ အင်း… ပိုဆိုးတာက သူ့မေမေရဲ့ နောက်အိမ်ထောင်က ဆိုးတယ်တဲ့ဗျ၊ အဲ့ဒီတော့… ရန်ကုန်ဆိုတဲ့ မြို့ကြီးမှာ အလုပ်ပေါတယ် ဆိုတဲ့ အသိနဲ့ အဆက်အသွယ် တစ်ချို့နဲ့ ပေါင်းစပ်ပြီး ရန်ကုန်ကို ရောက်လာတယ်ပေါ့ဗျာ၊ လွန်ခဲ့တဲ့(၁)နှစ်လောက်ကပါ၊ သူ့ရဲ့ ရုပ်ရည်လေးကလည်း သနားကမားဆိုလားပဲ၊ အဲ့ဒီတော့ ရန်ကုန်မှာ ပေါတယ်ဆိုတဲ့ အလုပ်တွေက ဘာတွေလဲ… စဉ်းစားစရာတွေ ပါလာပါပြီ၊ အဲ့ဒီ ကောင်မလေးဟာ နိုက်ကလပ်ကို တန်းပြီး ရောက်လာပါသတဲ့၊ အဲ့ဒီကတစ်ဆင့် သင်တန်တွေတက်ပြီး မာဆတ်ကို ရောက်လာတယ်၊ နိုက်ကလပ်တို့ မာဆတ်တို့ရဲ့ သဘောတရားကိုကြည့်ရင် သာမာန်အားဖြင့်တော့ စက်ဆုတ်ဖွယ်လို့ မြင်ကြမှာပါ၊ ဒါပေမယ့် စည်းမျဉ်းတွေ ဘောင်တွေအရ ဆိုရင်တော့ အပန်းဖြေရုံ သက်သက်ပါ၊ ကျနော် မပြောခင် ဦးစွာပထမ ၀န်ခံရရင် လူရိုးဆိုတာ သချိုင်းမှာပဲ ရှိတယ် ဆိုတဲ့ စကားကို ကျနော်သိပါတယ်၊ ဒါပေမယ့်…. ကျနော့ကို ပြန်ပြောပြတဲ့၊ ကျနော်နဲ့ စီးပွားလုပ်ဖက် အန်ကယ်ကြီးဟာ မိသားစုအပေါ်မှာ ဖြူစင်သူလို့ ကျနော် မြင်မိပါတယ်၊ သူဟာ အဲ့ဒီကောင်မလေးကို မာဆတ်မှာတွေ့တာပါ၊ သူကလည်း ရန်ကုန်သားဆိုတော့ နုံအအတော့မဟုတ်ပါဘူး၊ အဲ့ဒီကောင်မလေးကိုတွေ့တော့ စကားပြောဆိုမိရာက မပြည့်စုံတဲ့ မိသားစုဘ၀၊ ဖခင်မေတ္တာ ကွယ်ပျောက်ပြီး ပထွေးဆိုးနဲ့ နေနေရတဲ့ ညီအစ်မတွေဘ၀၊ ညီမလေးရဲ့ ရှေ့ရေးအတွက် ရုန်းကန်နေရတဲ့ ဘ၀တွေကြောင့် ကောင်မလေးကို စိတ်ဝင်စားမိတယ်တဲ့လေ၊ ဒီတော့ အဲ့ဒီ ကောင်မလေးဟာ တကယ်ပဲ ဘ၀ပေးကံကြောင့် ဒီအလုပ်တွေကို သက်စွန့်ဆံဖျား လုပ်နေရတာ ဟုတ်/မဟုတ် သူလေ့လာပါတော့တယ်၊ အန်ကယ်ကြီး လေ့လာမှုတွေဟာ ကောင်မလေး ပြောခဲ့တာတွေနဲ့ တစ်ထပ်တည်း ဖြစ်နေတာ တွေ့ရတာကြောင့်….. အခုလို အားပေးစကားတွေ ပြောပြီး အန်ကယ့် သူငယ်ချင်းရဲ့ အထည်ချုပ် စက်ရုံတစ်ခုမှာ အလုပ်သွင်းပေးခဲ့တယ်လို့ သိရပါတယ်ဗျာ….
သမီးလေးရေ…. ဖတစ်ဆိုးလေး နင့်မှာ မိခင်နဲ့ဝေးပြီး ရန်ကုန်မြို့ကြီးမှာ အလုပ်လာလုပ်နေရတာဟာ ဘယ်လောက်ထိ အားငယ်မယ်ဆိုတာ ဦးဦးသိပါတယ်၊ ရန်ကုန်ဆိုတာဟာ အရမ်းပဲ ကြီးကျယ် ခန်းနားပြီး ရှုပ်ထွေးလှတယ်၊ လမ်းတွေကလည်း အများကြီးနဲ့ ခေါင်းနောက်မိတယ်လို့ သမီးပြောနေတာတွေဟာ ရောက်ခါစမို့ပါ သမီးရယ်၊ နောက်ပိုင်း အနေကြာပြီး သွားတတ် လာတတ်သွားရင် ရန်ုကုန်မြို့ကလည်း ကျဉ်းကျဉ်းလေးပါလားလို့ ထင်မိမှာပါ၊ လူတိုင်းက ပြောလိုက်ကြလို့ ရန်ကုန်ကလူတွေကို မယုံရဲဘဲ ယုန်သူငယ်လေးလို ကြောက်စိတ်တွေ ၀င်နေမှာလည်း စိုးပါတယ်၊ မယုံသလိုလိုနဲ့ ထင်ရာတွေ လုပ်မိမှာလည်း စိုးပါတယ်၊ တကယ်တော့ ရန်ကုန်မှာလည်း လူတွေပဲ နေနေတာပါ၊ ဆင်တွေ ကျားတွေ ကြားထဲမှာ နေနေရတာမှ မဟုတ်ပဲလေ၊ ဒါပေမယ့် လူဆိုတာက ဆိုးတဲ့သူ ရှိသလို၊ ကောင်းတဲ့သူလည်း ရှိသေးတယ် ဆိုတာကိုတော့ သိထားဖို့လိုပါတယ်၊ မြင့်မြတ်တဲ့သူ ရှိသလို၊ ယုတ်ညံ့တဲ့သူလည်း ရှိပါတယ်၊ ကူညီတတ်သူရှိသလို ခပ်စိမ်းစိမ်း နေတတ်သူတွေလည်း ရှိနေတယ်၊ ကိုယ်ချင်းစာစိတ် ရှိသူတွေ ရှိသလို၊ တစ်ကိုယ်ကောင်းဆန်တဲ့သူလည်း ရှိပါတယ်၊ ဒီတော့လေ… ဘယ်လိုလူတွေနဲ့ ကြုံရမှန်းမသိပါပဲ တွေးကြောက်နေရင် အချည်းနှီးပါ၊ မြင့်မြတ်တဲ့သူတွေဆီရောက်ရင် သမီးဘ၀က အေးချမ်းသွားမှာပါ၊ တကယ်လို့များ ယုတ်ညံ့တဲ့သူတွေဆီ ရောက်ခဲ့မှသာ ဘယ်လိုမျိုး သတိနဲ့ယှဉ်ပြီး နေထိုင်ရမယ်ဆိုတာကို စဉ်းစားဖို့ လိုပါတယ်၊ သတိဆိုတာ ပိုတယ်မရှိပါဘူး သမီးရယ်… ကိုယ်နဲ့ တစ်ခါမှ မသိပါပဲ ကိုယ့်ကို အကူအညီ အခွင့်အရေးတွေ ပေးလာပီဆိုရင် သတိထားတော့၊ အဲ့ဒီအချိန်မှာ ပေးတိုင်းလည်း မယူမိစေနဲ့၊ သူကျွေးတိုင်းလည်း မစားနဲ့၊ သူခေါ်တိုင်းလည်း မလိုက်နဲ့၊ ကိုယ်နဲ့ စိတ်သဘောထား တူညီတဲ့၊ ဘ၀ပေးကုသိုလ် သူညီတဲ့ မိန်းမဖေါ်တွေနဲ့ သွားလာ၊ သူများတွေ သွားတဲ့အချိန်မှာသွား၊ သူများတွေ ပြန်တဲ့အချိန်မှာပြန်၊ ဘာမှ ပူစရာမလိုပါဘူး၊ မင်းမဲ့ တိုင်းပြည်မှ မဟုတ်ပဲကိုး၊ တစ်ချို့ဆိုရင် နိုင်ငံရပ်ခြားမှာတောင် ငွေရဖို့အတွက် လုပ်နေသေးတာပဲလေ၊ ဒါပေမယ့်…. ရေရှည်မှာ မာဆတ်ဆိုတာက လူမျိုးစုံလင်တာကြောင့် မိန်းခလေးတွေနဲ့ သင့်တော်တဲ့ အထည်ချုပ် စက်ရုံမှာ အလုပ်လုပ်ချင်ရင်တော့ ဦးဦး ကူညီနိုင်ပါတယ်၊ သမီးလေး မိသားစုအတွက် အကျိုးပြုသူ ဖြစ်ပါစေ….။ ဆိုတာပါပဲဗျာ။
သူငယ်ချင်းတို့ရေ…. အဲ့ဒီကောင်မလေးရဲ့ သတင်းကတော့ တကယ့်ဖြစ်ရပ်မှန်နော်၊ သူဟာ အခုဆိုရင် သူ့ညီမလေးကို (၁၀)တန်းကျောင်းသူ အဖြစ် ပညာသင်ခွင့်ပေးနိုင်ခဲ့တဲ့ အမအကြီး အမိအရာကို ရရှိနေပါပြီ၊ ရန်ကုန်ဆိုတဲ့ မြို့ကြီးမှာလည်း နေတတ်နေပြီ၊ ဒီနှစ်မှာ သူ့ညီမလေးသာ (၁၀)တန်းအောင်ခဲ့ရင် သူ့ရင်ထဲက ပီတိဟာ ကျနော် ကြားဖူးတဲ့ ရုပ်ရှင်ကား “”ဘယ်ပန်းချီရေးလို့မမှီ”" ဆိုတာထက် သာလိမ့်မယ် ထင်ပါ့ဗျာ……။ ဒါကြောင့်… ကျနော့သူငယ်ချင်းတွေကို အတုယူကြပါ လို့ ပြောကြားရင်း…. ကျနော့ အစ်မတော်ရဲ့ ဆန္ဒကို ဖြည့်ဆည်းလိုက်ရပါကြောင်းးးးးးးးးးးးးးးး

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ