Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, August 26, 2014

သစ်ပင်

သစ်ပင်ဟာ ပြီးပြည့်စုံခြင်းကို ပိုင်ဆိုင်ထားခဲ့တယ်။

သစ်ပင်ဟာ ပေးအပ်လာတဲ့ အစိတ်အပိုင်းလေးမှာ ပြည့်စုံလုံလောက်တတ်တယ်။ သစ်ပင်အဖြစ် မွေးဖွားလာခြင်းကို ငြိုငြင်မနေပဲ ဘာကြောင့် ဒီနေရာမှာ ရှိပြီး၊ ဟိုနေရာမှာ ရှိမနေရတာလဲဆိုတာကို ပြောနေတာမျိုး မရှိဘူး။ တောင်စောင်းလေးမှာ ရပ်နေရင် နေရောင်ခြည်ဟာ နွေးထွေးမလား၊ တောင်ကြားလေးထဲ ဆင်းလိုက်ရင် ရေဟာ ပိုကောင်းမလား၊ နေရာသစ်ကို စူးစမ်းတာမျိုးလည်း မရှိဘူး။ ရေ မြေ နေ ရဲ့ သားတစ်ယောက်လို ရေ မြေ နေက ပေးလာတဲ့အတိုင်း လက်ခံယူပြီး နည်းတယ်များတယ်၊ မလုံလောက်ဘူးလို့ ပြောတာမျိုး မရှိဘူး။ အနီးအနားက မိတ်ဆွေတွေရဲ့ အနေအထားကို စေ့ငုတာမျိုးလည်း မရှိဘူး။ ထင်ရှူးပင်ဟာ ထင်ရှူးပင်လို ပြည့်စုံနေပြီး၊ တောင်ဇလပ်ဟာ တောင်ဇလပ်လို သူ့ဘာသာသူ ပြည့်စုံနေတယ်။


သစ်ပင်ဟာ အထီးကျန်တယ်။ သစ်ပင်ဟာ အလုံးစုံသော အထီးကျန်မှုကို သိနားလည်တယ်။ မြူတွေ ဆိုင်းနေတဲ့ မနက်ခင်းရဲ့ အထီးကျန်မှုကို နားလည်ပြီး၊ တိမ်တွေ မှိုင်းနေတဲ့ ညနေခင်းရဲ့ အထီးကျန်မှုကိုလည်း သိနားလည်တယ်။ မိုးဖွဲမှုန်လေးတွေ ကျနေတဲ့ ဆောင်းဦးညနေရဲ့ အထီးကျန်မှုကို နားလည်ပြီး၊ နှင်းပွင့်ဖတ်တွေ တဖွဲဖွဲ ကျနေတဲ့ ဆောင်းမနက်ခင်းရဲ့ အထီးကျန်မှုကိုလည်း သိနားလည်တယ်။ သစ်ပင်ဟာ မလှုပ်ရှားနိုင်တဲ့ တစ်ခုသော နွေနေ့လယ်ခင်းရဲ့ အထီးကျန်မှုကို နားလည်ပြီး၊ ကြယ်ပွင့်တွေ အေးခဲလို့ ကျောက်တုံးတွေ ငိုကြွေးနေတဲ့ ဆောင်းညတစ်ညရဲ့ အထီးကျန်မှုကိုလည်း သိနားလည်တယ်။ ဒါပေမယ့်လည်း သစ်ပင်ဟာ ဘယ်လောက်အထိပဲဖြစ်ဖြစ် အထီးကျန်မှုမှာ ကြံ့ကြံ့ခံလို့၊ အထီးကျန်မှုကို အောင်နိုင်ကာ၊ အထီးကျန်မှုကို ပျော်ရွှင်တယ်။

သစ်ပင်ဟာ လုံးဝ အဖော်မဲ့နေတာတော့ မဟုတ်ဘူး။ လ ရှိတယ်၊ လေ ရှိတယ်၊ ငှက် ရှိတယ်။ လဟာ အချိန်အခါကို မဆန့်ကျင်ပဲ ရောက်ရှိလာပြီး အထီးကျန် နွေညကို အတူတူ ကျော်ဖြတ်ပေးတဲ့ သစ္စာရှိ ကြင်နာတတ်တဲ့ မိတ်ဆွေပဲ ဖြစ်တယ်။ ရယ်မောရုံသက်သက် စကားမျိုးလည်း မဆိုပဲ အပြန်အလှန် နားလည်မှုရှိပြီး စိတ်သဘောတူမျှတဲ့ မိတ်ဆွေပဲဖြစ်တယ်။

လေကတော့ လနဲ့ မတူဘဲ အပြောင်းအလဲ များပြီး စကားတွတ်ထိုးနေတတ်တဲ့ ယုံကြည်မရတဲ့ မိတ်ဆွေပါ။ ပြောရမယ်ဆို အပြောင်းအလဲမြန်တဲ့ မိတ်ဆွေပါ။ သူ စိတ်ပါတဲ့အခါမှ ရောက်လာရုံတင် မဟုတ်ဘဲ၊ တခါတလေ တရွှတ်ရွှတ်နဲ့ ပွတ်သီးပွတ်သပ် ၊ တခါတလေ ရုတ်တရက် ကမန်းကတန်း၊ တခါတလေမှာကျတော့ အကြောင်းမဲ့ လှည့်ပတ်ကာ ကြမ်းကြမ်းတမ်းတမ်း သူတစ်ပါးရဲ့ လက်တွေမှာ ဒဏ်ရာအနာတရတွေ ထားပြီး ပြေးထွက်သွားတယ်။ ငှက်၊ တကယ်တော့ သူလည်း လေလိုမျိုး ယုံကြည်လို့ မရနိုင်တဲ့ မိတ်ဆွေပါပဲ။ သူ ဆန္ဒရှိတဲ့အခါ ရောက်လာပြီး၊ သူ့ ဆန္ဒအတိုင်း ပျံထွက်သွားတတ်တယ်။ ဒါပေမယ့် ဒီလိုနဲ့ပဲ ယုံယုံကြည်ကြည် ရောက်လာ အသိုက်ဆောက်ရင်း၊ မောပမ်းတဲ့အခါ ရောက်လာ အနားယူရင်း ညည်းညူနေတာဟာ ချစ်စရာကောင်းတယ်။ ပြီးတော့ သွားလာရင်း ကြည်ကြည်နူးနူး တေးဆိုနေတဲ့အခါမျိုးမှာ တေးသီကျူးသံ နားဆင်ရတာဟာ တနည်းအားဖြင့် ကြည်နူးစရာပါ။ သစ်ပင်ဟာ ဒီလို အရာတွေ အားလုံးကို ကောင်းကောင်း ခွဲခြားတတ်ပါတယ်။ ဒါပေမယ့် မိတ်ဆွေကောင်းဖြစ်တဲ့ လကိုပဲ ကြိုဆိုလက်ခံပြီး၊ ယုံကြည်လို့ မရတဲ့ ငှက်နဲ့ လေကို မောင်းထုတ်တာမျိုးလည်း မရှိပါဘူး။ ပြီးတော့ လကို အရေးတယူ ကြိုဆိုလက်ခံပြီး၊ ငှက်နဲ့ လေကို ၀တ်ကျေတန်းကျေ သဘောမျိုးလည်း မရှိပါဘူး။ လကို လလို၊ ငှက်ကို ငှက်လို၊ လေကို လေလို အားလုံးကို မိတ်ဆွေအဖြစ် လက်ခံခဲ့ပါတယ်။ ပြီးတော့ မိတ်ဆွေတွေလာလို့ ကံကောင်းတယ်လို့ တွေးပြီး၊ မိတ်ဆွေတွေ မလာလို့ မသက်မသာ ဖြစ်တဲ့ အစဉ်အလာမျိုးလည်း မရှိပါဘူး။

မျိုးတူ သစ်ပင်တွေ၊ အနီးအနားက သစ်ပင်တွေနဲ့ မိတ်ဆွေကောင်းတွေ ဖြစ်နေတာကတော့ နှစ်ခွန်း ပြောစရာ မလိုတော့ပါဘူး။ သစ်ပင်တွေဟာ အချင်းချင်း အပြည့်အ၀ နားလည်ပြီး၊ စိတ်ရင်းမှန်နဲ့ ကရုဏာထား စာနာတတ်ကြပါတယ်။ အချင်းချင်း မျက်နှာချင်းဆိုင် မြင်နေရရုံနဲ့လည်း ကျေနပ်ကာ တစ်ဘ၀လုံး အိမ်နီးချင်းအဖြစ် နေထိုင်သွားရတာကို မငြီးငွေ့တဲ့ စစ်မှန်တဲ့ မိတ်ဆွေတွေပါ။

ဒါပေမယ့်လည်း သစ်ပင်ဟာ မိတ်ဆွေအချင်းချင်း အပြန်အလှန် ပျော်မြူးနေတာထက် ကောင်းကင်က အသီးသီး ပေးအပ်လာတဲ့ စွမ်းအင်ကို အပြည့်အ၀ အသုံးချပြီး ကျယ်ပြန့်တဲ့ အကိုင်းအခက်တွေကို ဖြန့်ကျက်လို့ လှပ ချစ်စရာကောင်းတဲ့ ပန်းပွင့်တွေ ပွင့်ဖူး၊ အသီးတွေ သီးပွင့်ဖို့ကို ပိုပြီး အားစိုက်ကြရပါတယ်။ ပြီးတော့ ကောင်းကင်ကို မော့ကြည့်ကာ အမြဲတမ်း ကျေးဇူးတင် ချီးမွှမ်းလို့ ငြိမ်သက်စွာ တောင်းဆုပြုနေတာဟာ အလေ့အထတစ်ခုပါ။ ဒါကြောင့်လည်းပဲ သစ်ပင်ဟာ ဘယ်တော့မဆို ကောင်းကင်ကို မော့လို့ လက်တွေ ဆန့်တန်းနေကြတယ်လေ။ အလုံးစုံသော သစ်ရွက်တွေ စိမ်းစိုအုပ်ဆိုင်းနေတဲ့ တောအုပ်ကို ရှာဖွေနေတဲ့ လူသားတွေကို အေးမြတဲ့ အရိပ်အာဝါသထဲ ၀င်ရောက်သွားသလို အေးငြိမ်းပြီး ကြည်နူးဖွယ် စိတ်ထားနဲ့ အလိုအလျောက် တည်ငြိမ်ကာ ဓမ္မတေးသံ နားမှာ ကြားလိုက်ရသလို ဖြစ်စေတဲ့ အကြောင်းတရားလည်း သစ်ပင်မှာ ရှိပါတယ်။

သစ်ပင်ဟာ တစ်စုံတစ်ရာကို ပိုပြီး လိုလားတာမျိုး ရှိခဲ့မယ်ဆိုရင်တော့ အဲဒါဟာ လောကဓမ္မအတိုင်း ပြီးဆုံးသွားတဲ့နောက်မှာ ကောင်းကင်ဘုံရဲ့ ဥပဒေသအရ တဖန် မြေနဲ့ ရေအဖြစ် ပြောင်းလဲသွားဖို့ပါပဲ။ ဒါပေမယ့် လူသားတွေကတော့ ဒီလိုပဲ အပျော်အပျက်အဖြစ် ဓားနဲ့ သူတို့ အမည်ကို ထွင်းပြီး ကြည့်ကြ၊ မကြာခဏဆိုသလို သူတို့ အသုံးလိုတဲ့အတိုင်း အကိုင်းအခက်တွေကို ပိုင်းဖြတ်ပြီး အလုံးစုံ ဆွဲနှုတ် ယူဆောင်သွားကြတယ်။ ဒါပေမယ့်လည်း သစ်ပင်ကတော့ အပြစ်တင်မနေပါဘူး။ အရင်လိုပဲ ထွင်းထားတဲ့ အမည်ကို သူတို့ အလိုအတိုင်း စောင့်ရှောက်ထားပြီး၊ ဖြတ်တောက်ယူဆောင်သွားတဲ့ သစ်သားဟာ တစ်ကယ်လို့ ဖျက်ဆီးမယ့် ပေါက်ဆိန်ရိုး ဖြစ်စေ၊ လွှလက်ကိုင် ဖြစ်စေ ပြောင်းလဲသွားရင်လည်း ဒီလို ဖြစ်ပါစေဆိုတဲ့ ဆန္ဒမျိုး မရှိခဲ့ပါဘူး။

သစ်ပင်ဟာ မြင့်မြတ်တဲ့ သီးခံသူ၊ အထီးကျန်မှုရဲ့ အတွေးအခေါ်သမား၊ သူ့ဘာသာသူ ပြည့်စုံနေတဲ့ သူတော်စင်ပါပဲ။
 

“ ဘယ်လို သစ်ပင် ဖြစ်ချင်တာလဲ”…။

ရှေ့မှာ သစ်ပင်ကို ဖွင့်ဆိုခဲ့သလိုပါပဲ။ တောင်ဇလပ်ပဲ ဖြစ်ရမလား၊ ထင်ရှူးပင်ပဲ ဖြစ်ရမလား ရွေးချယ် မနေတော့ပါဘူး။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ