Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, August 22, 2014

ဦးတေဇ ပိုင်ဆိုင်သော အိမ်ကြီးဟုဆိုသည့် သရဲအလွန်ခြောက်သည့်အိမ် လူတွေစိတ်ဝင်စား

သရဲခြောက်သည်ဟု နာမည်ကြီးနေသောဗိုလ်ချိုလမ်းထောင့်ရှိ ရှေးဟောင်းအဆောက်အအုံအား
 နိုင်ငံခြားသားခရီးသွားများနှင့် ပြည်တွင်းဧည့်သည်များသွားရောက်ကြည့်ရှုသူများပြားနေကြောင်း သိရသည်။အဆိုပါအိမ်ကြီးသည် နှစ်ပေါင်းတစ်ရာကျော်ကြာမြင့်နေသော ရှေးဟောင်းအိမ်ကြီးဖြစ်ပြီး တစ်အိမ်လုံးကျွန်းသစ်များဖြင့် ဆောက်လုပ်ထားသည်။


''ဒီအိမ်ကြီးကို စိတ်ဝင်စားတဲ့သူတွေ လာကြည့်ကြတယ်။ နိုင်ငံခြား ခရီးသွားတွေရော ပြည်တွင်းကလူတွေပါ တစ်လလေးငါးရှစ်ယောက် လောက် ဝင်ကြည့်ကြတယ်။ အခုက တရားဝင်ကြည့်ခွင့်ပေးထား တာမဟုတ်သေးပါဘူး။ တရားဝင်ခွင့် ပြုမယ်ဆိုရင်တော့ နေ့တိုင်းဝင်နိုင် တယ်။ အိမ်ကြီးကကျွန်းသစ်တွေနဲ့ ဆောက်ထားတယ်။ နှစ်ပေါင်းတစ်ရာ ကျော်ရှိပါပြီ''ဟု ရှေးဟောင်းအိမ်အား
 စောင့်ရှောက်ပေးသော ဝန်ထမ်းဦး ထွန်းဝင်းက ပြောသည်။

အိမ်ကြီးကိုစိတ်ဝင်စားသူများ သည်အိမ်ကြီးအပြင်မှ ဓာတ်ပုံရိုက် ခြင်း၊ အိမ်ခြံတံခါး အပြင်ဘက်မှအထဲ သို့ကြည့်ရှုလေ့လာခြင်းများပြုလုပ် ကြသည်။

''အိမ်ကြီးက စိတ်ဝင်စားဖို့ ကောင်းတယ်။ အိမ်ထဲလဲ ဝင်ကြည့် ချင်တယ်။ သရဲခြောက်မလားလို့လဲ ကြောက်မိတယ်။ အပြင်ကနေတော့ ခဏခဏဓာတ်ပုံရိုက်ဖူးတယ်''ဟု ရှေး ဟောင်းအဆောက်အအုံများကို စိတ်ဝင်စားသူတစ်ဦးကပြောသည်။
အိမ်ကြီးအားလာရောက်လေ့ လာသူနိုင်ငံခြားသူတစ်ဦး၏ခရီး သွားလမ်းညွှန်တစ်ဦးကလည်း ''သူ က အိမ်ကြီးကိုစိတ်ဝင်စားတယ်ဆိုပြီး ဒီကိုအတင်းလာတာ။ ကိုယ့်ဘာသာ ကိုယ်ဆိုရင်ဝင်ရဲမှာမဟုတ်ဘူး။ သူက တော်တော်လေးသတ္တိရှိတယ်။ သူက စာရေးဆရာမတစ်ဦးပါ''ဟု ပြောသည်။
ရှေးဟောင်းအိမ်ကြီးမှာ ညောင် ပင်များကပ်ပေါက်နေပြီး မှောင်မည်း နေသောကြောင့် သရဲခြောက်သည် ဟုအများက ထင်မြင်နေကြခြင်းဖြစ် ကြောင်း သိရသည်။

''ကျွန်တော်တို့က ညဘက်ဆို မီး သိပ်မထွန်းတော့မှောင်နေပြီး ကြောက် စရာကောင်းနေတာပါ။ မီးတစ်ပွင့်ပဲ ထွန်းထားတယ်။ သရဲကတော့ သိပ်မခြောက်ပါဘူး။ ခြောက်လဲ မကြောက်ပါ ဘူး။ တစ်ခါတလေကိုယ့် နားမှာရိုးတိုး ရိတ်တိတ်လေး ဖျတ်ခနဲ ဖြတ်သွားတာ မျိုးလောက်ပဲကြုံဖူးတယ်''ဟု အိမ်ကြီး တွင် နေထိုင်သူ တစ်ဦးက ပြောသည်။

ယင်းအိမ်ကြီးအားယခင်က သစ်တောဝန်ထောက် ဦးမောင်မောင် မှပိုင်ဆိုင်ခဲ့ပြီး ယခုအခါမြန်မာ့စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦး တေဇပိုင်ဆိုင်သောအိမ်ကြီး ဖြစ်ကြောင်း ဦးထွန်းဝင်းက ပြောသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ