Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, August 26, 2014

မြှားနတ်မောင်


လေးနှင့်မြှားကိုကိုင်ထားပြီး နှလုံးသားတည့်တည့်ကို ပစ်ခတ်နေတဲ့ ကောင်လေးတစ်ယောက်ကို အားလုံးသိကြမှာပါ။
သူကတော့ ချစ်သူတွေရဲ့  အမှတ်အသားအဖြစ်ထင်ရှားတဲ့ (Cupid) မြှားနတ်မောင်လေးပါဘဲ။
သူဟာမျက်လှည့်ဆန်ဆန် မြှားနှင့်လေးကိုကိုင်ထားတဲ့ ကလေးတစ်ယောက်အဖြစ်လူသိများတယ်။
မြှားလေးက အချစ်လိုအင်နှင့်ခံစားမှုရဲ့ သင်္ကေတလေးပါ။




မြှားနတ်မောင်လေးဟာ မြှားကို နတ်ဘုရားများနှင့်လူသားများကိုသာ ချိန်ရွယ်ပါတယ်။
သူတို့ ချစ်တတ်ကြအောင်ပါ။ မြှားနတ်မောင်လေးဟာ
အမြဲတမ်း အချစ်နှင့်ချစ်သူတို့ရဲ့ အခန်းကဏ္ဍမှာ ပါဝင်ပတ်သက်နေပါတယ်။

ရှေးဂရိစာပေထဲမှာ သူဟာ အီရိုစ် (Eros)အဖြစ်နှင့်ထင်ရှားခဲ့ပါတယ်။ အချစ်နတ်သမီးချောလေး အဖရိုဒိုက်တ် (Aphrodite)ရဲ့ သားငယ်လေးပါ။

ရိုမန်စာပေအရကတော့ သူဟာ မြှားနတ်မောင်လေးပါဘဲ။ သူ့အမေကတော့ ဗီးနပ်စ် (Venus)လို့ခေါ်ပါတယ်။
ရိုမန်ဒဏ္ဍာရီထဲက မြှားနတ်မောင်လေးနှင့်သူ့ရဲ့  (သတို့သမီး)ချစ်သူ ဆိုင်ချီ (Psyche)တို့ရဲ့  ပုံပြင်လေးဟာ စိတ်ဝင်စားစရာအရမ်းကောင်းပါတယ်။ ဆိုင်ချီလေးဟာ တန်ခိုးအစွမ်းရှိတယ်။ လှပတယ်။ ဗီးနပ်စ်က ဆိုင်ချီလေးရဲ့ အလှအပကို မရှုစိမ့်လိုဘူး။ ဒါကြောင့်မို့ သူ့မရဲ့ သား မြှားနတ်မောင်လေးကို အမိန့်ပေးလိုက်တယ်။
ဆိုင်ချီကိုအပြစ်ပေးလိုက်ပါ တဲ့။ မြှားနတ်မောင်လေးဟာ ဆိုင်ချီလေးကို အပြစ်ပေးရမဲ့အစား နစ်နစ်ကာကာဘဲ ချစ်မိသွားတယ်။ ဒါကြောင့်မို့ လက်ထပ်ယူလိုက်တယ်။ ဒါပေမဲ့ တန်ခိုးရှင်တစ်ယောက်အနေနဲ့ ဆိုင်ချီလေးဟာ မြှားနတ်မောင်လေးရဲ့  မျက်နှာကို ကြည့်ခွင့်မရှိပါဘူး။

ဆိုင်ချီလေးဟာ မြှားနတ်မောင်လေးနှင့်အတူနေထိုင်ရတာ အရမ်းပျော်ရွှင်ခဲ့ပါတယ်၊ သူမရဲ့  ညီအမများ မြှားနတ်မောင်ရဲ့ မျက်နှာကို ကြည့်ဖို့ဖျားယောင်းသွေးဆောင်မှု မပြုခင်အထိပေါ့။ ဆိုင်ချီလေး မြှားနတ်မောင်ကို မော့ကြည့်ကြည့်ချင်းဘဲ ပြစ်ဒဏ်ပေးခံလိုက်ရတယ်။ ပြစ်ဒဏ်ကတော့ သူမကို စွန့်ခွါသွားခြင်းပါဘဲ။ သူတို့ခံစားပျော်မွေ့ခဲ့ကြတဲ့ ရဲတိုက်ကြီးနှင့်ပန်းဥယျာဉ်ကြီးလဲ ပျောက်ကွယ်သွားပါတော့တယ်။ သူမတစ်ယောက်ထဲ လွင်ပြင်ကြီးထဲမှာ ကျန်ရစ်ခဲ့တယ်။ မြှားနတ်မောင်ကို မဆိုထားနဲ့ သက်ရှိသတ္တ၀ါဆိုလို့ဘာမှတောင် မတွေ့ရတော့ပါဘူး။ မြှားနတ်မောင်ကိုရှာဖွေလှည့်လည်ရင်းနဲ့ဘဲ ဗီးနပ်စ်ရဲ့  နေအိမ်ကြီးထဲ ရောက်ရှိသွားတယ်။

ပျက်စီးစေလိုတဲ့ဆန္ဒနှင့် ဗီးနပ်စ်ဟာ သူမကို တာဝန်တွေ အဆင့်ဆင့်ပေးအပ်လိုက်တယ်။ တာဝန်တွေက
တစ်စထက်တစ်စ ပိုပိုပြီးခက်ခဲလာသလို အန္တရာယ်လဲရှိလာတယ်။ နောက်ဆုံးတာဝန်တစ်ခုအနေနဲ့ ဆိုင်ချီလေးကို သေတ္တာငယ်လေးတစ်လုံးပေးပြီး ရေအောက်ကမ္ဘာကို သွားခိုင်းတယ်။
ပလူတို (Pluto)ရဲ့  အမျိုးသမီး ပရိုဆာပင်း (Proserpine) ရဲ့  အလှအပတွေကို ရအောင်ရှာလာခဲ့ပါလို့ သူမကိုမှာကြားတယ်။ ပြီးတော့ သူမမသိအောင် အလှအပကို အဲဒီသေတ္တာငယ်လေးထဲကို ထည့်လိုက်တယ်။ သူမရဲ့ ခရီးစဉ်အတွင်းမှာ အန္တရာယ်ကြီးမားတဲ့ သေမင်းရဲ့ ပိုင်နက်ကိုလဲ လွတ်အောင်ရှောင်ကြဉ်ဖို့ ပြောလိုက်သေးတယ်။
သူမကို သတိတစ်ခုပေးတယ်။
"အဲဒီ သေတ္တာငယ်လေးကို ဘယ်တော့မှ ဖွင့်မကြည့်ပါနဲ့"တဲ့။

မလုပ်နဲ့ဆိုတဲ့ ကိစ္စတွေကို လူတွေပိုလုပ်ချင်ကြတာ သဘာဝဘဲ မဟုတ်လား။
ဆိုင်ချီလေးဟာ သေတ္တာငယ်လေးကို ဖွင့်ကြည့်ချင်စိတ်ပြင်းပြလာတယ်။ မဖွင့်ကြည့်ဘဲ မနေနိုင်တော့ဘူး။ နောက်ဆုံးဖွင့်ကြည့်လိုက်တယ်။ ဖွင့်ကြည့်လိုက်တယ်ဆိုရင်ဘဲ အလှအပအစား အိပ်စက်သေဆုံးခြင်းကိုသာ တွေ့လိုက်ရတယ်။ သူမကိုယ်တိုင်လဲ အဲဒီနေရာမှာတင် လဲကျသေဆုံးသွားပါတော့တယ်။

မြှားနတ်မောင်လေးဟာ အသက်မဲ့နေတဲ့ ဆိုင်ချီလေးကို မြေပြင်ပေါ်မှာတွေ့တယ်။ သူမရဲ့ ခန္ဓာကိုယ်ထဲက အိပ်စက်သေဆုံးခြင်းတွေကို ပြန်စုစည်းယူပြီး သေတ္တာငယ်လေးထဲ ပြန်ထည့်လိုက်တယ်။ ဆိုင်ချီလေး အသက်ပြန်ရှင်လာပါတယ်။

မြှားနတ်မောင်ဟာ ဆိုင်ချီလေးကို ခွင့်လွတ်လိုက်တယ်။ ဗီးနပ်စ်လဲ သူမကို ခွင့်လွတ်ပေးလိုက်ပါတယ်။
ဆိုင်ချီလေးရဲ့  မြှားနတ်မောင်အပေါ်ထားတဲ့ အချစ်အစွမ်းကြောင့် နတ်တွေအားလုံးက ဆိုင်ချီလေးကို အချစ်နတ်သမီးလေးအဖြစ် အသိအမှတ်ပြုလိုက်ကြပါတော့တယ်။

ယနေ့တိုင်အောင် မြှားနတ်မောင်နှင့်သူ့ရဲ့ မြှားလေးဟာ အချစ်ရဲ့ သင်္ကေတအဖြစ် ထင်ရှားနေဆဲပါ။
အချစ်ကို သရုပ်ဖော်ပြသတဲ့နေရာမှာလဲ အသဲနှလုံးကို မြှားလေးတစ်စင်းထိုးဖောက်နေပုံလေးကို ဖော်ပြကြပါတယ်။
အဲဒီမြှာလေးကတော့ "Cupid's arrow" လို့ခေါ်တဲ့ မြှားနတ်မောင်ရဲ့  အချစ်မြှားလေးပါဘဲ။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ