Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, August 7, 2014

(၁၅)-မြေပြိုကျမူကြောင့် ကျိုက်ထီးရိုးဘုရား တောင်တက်လမ်း အရေးပေါ်ပိတ်ထား


ဆံတော်ရှင်ကျိုက်ထီး ရိုးစေတီတော် တောင်တက်လမ်း တစ်လျှောက် မြေပြိုမှုများ ဖြစ်ပွားခဲ့ပြီး လူနေတဲတစ်လုံးရှိ အမျိုးသမီးတစ်ဦး  မြေပိသေဆုံးမှုဖြစ်ပွားခဲ့သည့်အတွက် တောင်တက်လမ်းကို အရေးပေါ်ပိတ်လိုက်ရကြောင်း သတင်းရရှိသည်။
သီတင်းတစ်ပတ်ကျော်ကြာ မိုးရွာသွန်းမှုကြောင့် သြဂုတ်  ၅ ရက်၊ နံနက်က တောင်တက်ကားလမ်း နှင့် ခြေလျှင်တက်သည့် လမ်းများတွင် မြေပြိုကျမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

‘‘ကားလမ်းမှာ မြေပြိုသလို လူသွားလမ်းမှာတော့ တဲသုံးလုံး ပါ မြေပိသွားတယ်။ တဲတစ်လုံး မှာရှိတဲ့ အမျိုးသမီးတစ်ဦး မြေပိ ပြီး သေသွားတယ်။ ကျွန်တော် တာဝန်ထမ်းဆောင်နေတဲ့ ဆယ် နှစ်အတွင်းမှာ ဒါပထမဆုံး မြေပြို မှုတစ်ခုပါ။ လမ်းတွေကို အား ချင်းပြင်နေပါတယ်။ တောင်တက်ကားလမ်းကို အရေးပေါ် ပိတ်ထားလိုက်တယ်’’ ဟု ကျိုက်ထို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က ပြောသည်။
 ဇူလိုင်လမှ နိုဝင်ဘာလအ တွင်း ဘုရားဖူးလျော့နည်းနေချိန် ဖြစ်သည့်အတွက် ယာဉ်အစီးရေလျှော့ချပြေးဆွဲနေသော်လည်း ခရီးသည်  ပုံမှန်ရှိနေသည်။
မိုးဆက်တိုက် ရွာသွန်းမှု များကြောင့် တောင်တက်မော်တော်ယာဉ်များ ရာသီဥတုအခြေအနေကိုကြည့်၍   မောင်းနှင်ကြရန်ဂေါပကအဖွဲ့က သတိပေးထားပြီး ယခင်နှစ်များထက် မိုးများနေ၍တောင်တက်လမ်းများ တစ်လခန့်ပိတ်ထားရန်  ဆွေးနွေးခဲ့ကြကြောင်း ကျိုက်ထီးရိုးဂေါပကအဖွဲ့မှ ဦးစံမြင့်က ပြောသည်။
 ကျိုက်ထီးရိုးတောင်တက် ကားလမ်းရှိ စခန်းများဖြစ်သော ဒူးရင်းမြောင်၊ ပိန္နဲပင်ကွေ့၊ ၁၀ မိနစ်စခန်းအပေါ်အောက်၊ ရှမ်းအိပ် တောင်၊ စခန်းလေးနှင့် ရသေ့ တောင် လူသွားလမ်းများပေါ်သို့ တောင်ကမ်းပါးယံများ ပြိုကျမှု ဖြစ်ပွားခဲ့သည်။
‘‘အခုရက်ပိုင်း တောင်တက် ကားတွေ တော်တော်အန္တရာယ် များပါတယ်။ မိုးတွေက ဆက် တိုက်ရွာနေတဲ့အတွက် မြေသား တွေက တဖြည်းဖြည်း အိလာပြီး အခုလို ဖြစ်ရတာပါ။  လက်ရှိ လမ်းတွေကို ရှင်းနေပါပြီ။ ရသေ့တောင်အထိကိုတက်လို့ ရနေပါပြီလို့ ပြောတယ်။ လမ်းကြံ့ခိုင်မှု ရှိ၊ မရှိတော့ မသိရပါဘူး။ လက်ရှိကားတွေ တောင်ပေါ်ကို မတက်ရဲကြသေးပါဘူး’’ဟု ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်အသင်းမှ ဦးဝိတင်က ပြောသည်။
မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ အမှတ် ၄၄ ခြေမြန်တပ်မနှင့် ခြေ လျင်တပ်ရင်းမှ  တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊  ကျိုက်ထီးရိုး စေတီတော်ထိန်း ဂေါပကအဖွဲ့ဝင်များ၊ ရင်ပြင်တော် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကားလမ်းတစ်လျှောက် ပိတ်ဆို့နေသော ကျောက်တုံး၊ ကျောက်ခဲများနှင့် မြေသားများကို ရှင်းလင်းပေးလျက်ရှိကြောင်း သိရှိရသည်။
 သြဂုတ် ၃ ရက်မှစ၍ ကင် ပွန်းစခန်း အနီးတစ်ဝိုက်တွင် ရေကြီး ရေလျှံမှုများဖြစ်ပွားနေပြီး အဆိုပါ စခန်းအတွင်းရှိ ပရဟိတအဖွဲ့အစည်းတစ်ခုက အကူအညီပေး နေလျက်ရှိသည်။ သြဂုတ်  ၆ ရက်တွင် ရေအနည်းငယ်ပြန်ကျနေသော်လည်း မရပ်သည့်အတွက်ယခင်တက်ခဲ့သော ရေပမာဏထက်ပိုတက်လာမည်ကို စိုးရိမ်နေရကြောင်း သာသနာ့ရက္ခိတပရဟိတအဖွဲ့မှ သတင်းရရှိသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ