Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, August 10, 2014

နွေဦးရာသီ အလွမ်း

နွေဦးရာသီရဲ့ နံနက်ခင်း တစ်ခုရောက်တိုင်း ရောက်တိုင်း နင့်ကို ငါအရမ်းလွမ်းတာပဲ….ချစ်သူရယ်။ လွမ်းရလွန်းလို့ သေတော့မယ်…ချစ်သူရယ်။ နင်အခု ဘယ်တွေရောက်လို့ ဘာတွေလုပ်နေလဲဆိုတာတောင် မသိရတဲ့ငါဘ၀။ ဆိုးလိုက်တာဟာ…။နင့်နဲ့ငါ ဆုံစည်းခဲ့တဲ့ တစ်ခုသော နံနက်ခင်းလေးကို နင်မှတ်မိဦးမလားပဲ…?။ စတွေ့တွေ့ချင်း နင့်ကို ငါက သိပေမယ့် နင့်ကတော့ ငါကို သိပ်ပြီး သတိမထားမိသလိုပဲနော်…။
အေးလေ…နင့်ကရုပ်ချောပြီး အရည်အချင်းလဲရှိတယ် ဆိုတော့လည်း ငါ့ကို ဘယ်သတိထားမိမလဲ….?။ ငါကသာ စပြီးစိတ်ဝင်စားသွားတာပါ…..။ ဒါပေမယ့် မထင်မှတ်တဲ့ နေ့လေးတစ်နေ့ကို ငါတစ်သက် ဘယ်တော့မှ မေ့တော့မယ်မထင်ဘူး….။ အဲဒီနေ့လေးကတော့ နင့်နဲ့ငါ စတွေ့ခဲ့တဲ့ နေ့လေးနဲ့ နေရာလေးပေါ့ဟာ…။ နင်သိလား..?။ နင့်ငါကို ချစ်တယ်လို့ပြောတဲ့နေ့က ငါဘယ်လောက် ၀မ်းသာသွားလဲ…။ မကြားပါဘူး ။ နင့်နဲ့ငါ ချစ်သူတွေဖြစ်သွားကြတယ်လေ…။ အဲဒီလို နင်နဲ့ငါ အသည်းအသန်း အချစ် ဇာတ်လမ်းမှာ ဘယ်ကဘယ်လို အကြောင်းအရာတွေကြောင့် နင့်ငါကို အထင်မှားပြီး နိုင်ငံခြားကို နင်တစ်ယောက်တည်း ထွက်သွားလိုက်တယ်နော်…။ ဒီလိုနဲ့ ငါ့တို့နှစ်ယောက် တဖြည်းဖြည်း လူချင်း ဝေးသွားကြပေမယ့် နင့်ဘက်ကတော့ မသိဘူး ။ ငါဘက်ကတော့ လူချင်းတာဝေးနေတာ စိတ်ကတော့ အမြဲတမ်း နင့်ဆီမှာပဲ ။ နင်အခု ဘယ်မှာမှန်းမသိ ပေမယ့် ဖြစ်နိုင်ရင်လေ ငါအော်ပြီး မေးလိုက်ချင်သေးတယ်…။ နင့်အပေါ်မှာ အရမ်းချစ်ခဲ့တဲ့ ငါရဲ့ အချစ်တွေကို နင်သတ်ရသေးရဲ့လား…?။ နင်မှတ်မိသေးရဲ့လား….?။ ငါကတော့ အချိန်တိုင်း နင့်ကို သတိရနေတယ်… ချစ်သူရယ်။ နင့်မှတ်မိသေးတယ်ဆိုရင် ငါ့ဆီကို ပြန်လာခဲ့ပါနော်…။ နင့်အပေါ်မှာ ချစ်ခဲ့တဲ့ ငါရဲ့ အချစ်တွေက မပြောင်းသေးဘူး ။ မဟောင်းသေးပါဘူး ။ နင့်နဲ့ငါ ချစ်သူဖြစ်တာ အရမ်းကို မြန်သလို..ချစ်သူဘ၀ သက်တမ်းကလဲ လက်ဆယ်ချောင်း ထောင်းပြီးရေလို့ရတဲ့ တစ်ကယ့်ကို ခဏတာလေးပါလား…ချစ်သးရယ် ။ အဲဒီခဏတာလေး အတွင်းမှာပဲ နင့်ကို ရူးရူး မူးမူးကို ချစ်သွားတာပါ ။ နင့်ကို အရမ်းချစ်သွား လိမ့်မယ်လို့ ငါဘယ်လို့မှ မထင်မှတ်ထားပါဘူး ။ ချစ်သူရယ်…ငါတို့အရွှယ်တွေက စိတ်ကစားရမယ် အရွှယ် ၊စိတ်ကူးယဉ်ရမဲ့ အရွှယ်တွေမှမဟုတ်တာ ။ နင့်ကို ငါတစ်ကယ့်ကို ချစ်မြတ်နိုးတာပါ ။ နင့်ကို ပုံပြင်ပြောပြ နေတယ်လို့မထင်နဲ့နော်….။ ယုံပါဟာ ။ ဒီကမ္ဘာပေါ်မှာ နင့်ကို သိပ်ချစ်နေတဲ့ ကောင်လေးတစ်ယောက် ရှိနေဆိုတာကို နင့်အမြဲတမ်း သတိ တရရှိနေပေးပါနော်….။ နင့်ကို သတိရလွန်းလို့ ဘယ်သွားသွား ဘာလုပ်လုပ် ဘာစားစား ဘာမှကို အဓိပါယ်မရှိတော့ သလိုပါပဲဟာ…။ ခက်တယ် ချစ်သူရယ်…။ အဆိုးဆုံးက ငါ့အိမ်တိုင်းမှာ နင့်က ဇာတ်လိုက်ပါပဲ ။ အိမ်မက်ထဲမှာ တခါတလေ နင့်နဲ့ငါ အရမ်းကို ချစ်ကြတယ်လေ…။ တခါတလေမှာ စိတ်ကောက်ကြတယ် ။ အိမ်မက်ထဲမှာ နင့်စိတ်ဆိုး စိတ်ကောက်တာကို ငါက နင့်ကို လိုက်ချော့တယ်လေ ။ နင့်စိတ်ဆိုးပြေသွားပြီး နင့်ကိုငါ အရမ်းချစ်တာပဲ အသဲ ရယ်ဆိုပြီး မလွတ်တမ်း ငါတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက်က ဖက်ထားကြတယ်လေ…။ ငါအိမ်မက်က လန့်နိုးပြီး ကြည့်လိုက်တော့ ခေါင်းအုံးကြီး ဖြစ်နေတယ်ဟာ…။ အဲဒီလောက်တောင် နင့်ငါ့အပေါ်ကို စိုးမိုးသွားတာပါ ။ တစ်ခါက အိမ်မက်ထဲမှာ နင့်ငါ့ဆီကို ပြန်လာတယ်လို့ အိမ်မက် မက်တယ် ။ ငါလေ ၀မ်းသာလွန်းလို့ မျက်ရည်တွေ ကျပြီး မူးလဲသွားတဲ့ အထိပါပဲ ။ အပြင်မှာ ဆိုရင် နင်စဉ်းစားသာကြည့်ပေတော့ ။ အိမ်ယာ ကနိုးတော့ ငါ့ခေါင်အုံးပေါ်မှာ ငါ့မျက်ရည်တွေရွှဲနေပါလား…။ ဒီနေ့တော့ ငါ့ရဲ့ နံနက်ခင်းလေးဟာ မျက်ရည်တွေနဲ့ အတူ နိုးထနေရပါလားနော်…။ ငါအခုမှ ပြန်ပြီး သေချာစဉ်းစားကြည့်မိတယ် ။ နင့်အိမ်မက်ထဲမှာ ငါဆီကို ပြန်လာတယ်ဆိုတာ နင့်တစ်ကယ့်ပြန်လာမယ့်လို့ ငါကို အိမ်မက်ထဲကနေ စိတ်ချင်း အသိပေးသွားတာ ထင်တယ် ။ ဒါ ဒါ ဆို အပြင်မှာ…အို…ဘုရားသခင်ကျေးဇူးတော် ကြီးမားလှပါတယ် ။ ချစ်သူရယ်… ဒီအိမ်မက်လေးသာ တစ်ကယ့် အစစ်သာဖြစ်လိုက်ပါတော့ ။ ဒီအိမ်မက်လေး မပျောက်ပျက်စေဖို့ အတွက် ငါလေ ထာဝရသာ အိမ်စက်လိုက်ချင်တော့တယ်ဟာ ။ ချစ်သူရယ်…ငါတို့အတူလျောက်ခဲ့တဲ့ လမ်းတွေကို နင့်မေ့သွားပြီးလား…?။ ငါတို့လက်တွေ အချိန်ကြာကြ ဆက်တွဲခွင့်ကို နင့်မပေးတော့ဘူးလား….?။ ဟိုး အရင်က အတိတ် အကြောင်းအရာတွေကို ပြန်စဉ်းစားမိတိုင်း ငါ့နင့်ကို အရမ်းလွမ်းလှပါပြီး…ချစ်သူရယ်…။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ