Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, August 7, 2014

(၁၁)-အဂါရ၀ပြုသည်ဆိုသည့် အထက(၁) မော်လမြိုင် မှ ကျောင်းအုပ်ဆရာမကြီးကို စတင်စစ်ဆေး

ဂါရ၀မဲ့အပြုအမူများ လုပ်ဆောင်ခဲ့သည် ဆိုသည့် အထက(၁)မော်လမြိုင်မှ ကျောင်း အုပ်ဆရာမကြီး ဒေါ်မိမိကြည် ကို စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့၍ သြဂုတ် ၅ ရက်တွင် စတင်စစ် ဆေးနေပြီဖြစ်ကြောင်း သတင်း ရရှိသည်။
အမှတ် (၁) အခြေခံပညာ ဦးစီးဌာနက မွန်ပြည်နယ် မော်လ မြိုင်မြို့ အထက(၁)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိ ကြည်ကို စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့၍ စုံစမ်းစစ်ဆေးရန်ပေးရန် ညွှန်ကြားစာကို သြဂုတ် ၄ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။
ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိကြည်သည် ကျောင်းတွင်း အစည်းအဝေးများတွင် ထိုင်ခုံ တစ်ခုံသာထားရှိ၍ အဆိုပါထိုင်ခုံ ၌ ၎င်းက ထိုင်ပြီး ကျန်ဆရာ၊ ဆရာမများကို ကြမ်းပြင်တွင်ထိုင် စေကာ အစည်းအဝေးလုပ်ခြင်း၊ ဆရာ၊ ဆရာမများအား ရုန့်ရင်း ကြမ်းတမ်းသည့် စကားများဖြင့် အော်ငေါက်ပြောဆိုခြင်း၊ နံဘေး ရှိ အရာဝတ္ထုများဖြင့် ပစ်ပေါက် ခြင်းများ ပြုလုပ်လေ့ရှိကြောင်း အဆိုပါကျောင်းမှ ဆရာမများက ပြောသည်။
‘‘ဒီလိုအဖြစ်မျိုးက အရင်က မဖြစ်ဖူးဘူး။ ဒါက ရှေးဦးစုံစမ်း စစ်ဆေးတာပဲ ရှိသေးတယ်။ သူ့ ရဲ့ အပြစ်ရှိ၊ မရှိဆိုတာကို မသိ သေးဘူး။ ဆရာမကြီးကတော့ ဒီ လိုမျိုး အမူအကျင့်တွေ ကျူးလွန် ခဲ့တယ်ဆိုရင်တော့ သူ့ရဲ့ သက် သေထွက်ဆိုချက်တွေအရ ပြစ်မှု ထင်ရှားတယ်ဆိုရင် ထိုက်သင့်တဲ့ ပြစ်ဒဏ်ကို ခံရမှာပါ’’ ဟု အမှတ် (၁) အခြေခံပညာဦးစီးဌာန ညွှန် ကြားရေးမှူး (စီမံ) ဦးညွန့်စိုးက ပြောသည်။
ဇူလိုင် ၃၀ ရက်တွင် ကျောင်း အုပ်ဆရာမကြီး ဒေါ်မိမိကြည်ဆူပူငေါက်ငမ်းခဲ့သော ကြောင့် နှလုံးအခံမကောင်းသည့် သတ္တမတန်းနှင့် အဋ္ဌမတန်းမှ အင်္ဂလိပ်ဘာသာသင် ဆရာမနှစ်ဦးဖြစ်သည့် ဒေါ်ခင်နုဆွေနှင့် ဒေါ်သီသီမြင့်တို့ ရှော့ခ် (Shock) ရရှိပြီး ဆေးရုံသို့ပင် ပို့ဆောင်ပေးခဲ့ရကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် ပုံနှင့်တကွ ပျံ့နှံ့နေသည်။
‘‘အရင်တုန်းက ကျောင်းအုပ် ငါးဆက်လုံး အဲဒီလိုတွေ မရှိခဲ့ ဘူး။ သူက တစ်နေ့တစ်မျိုး မရိုး အောင် နေ့တိုင်း ဆရာမတွေကို ဖိအားပေးတယ်။ စိတ်မလိုရင် ဖုန်းနဲ့ ကောက်ပေါက်တာတို့၊ ဖန် ခွက်နဲ့ ကောက်ပေါက်တာတို့ လုပ်တယ်။ အဲဒီနေ့က သူက အော်တော့ တခြားလူတွေက တော့ ခံနိုင်ရည်ရှိတာပေါ့။ ဆရာ မက ခံနိုင်ရည်မရှိတော့ အခန်းအ ပြင်ထွက်တော့ ရင်ဘတ်ထဲစူးပြီးအောင့်လာတယ်။ ပြီးတော့ သတိလစ်သလိုဖြစ်သွားတာ’’ ဟု ဆေးရုံသို့ ရောက်သွား ခဲ့ရသည့် အဋ္ဌမတန်း အင်္ဂလိပ်စာဆရာမ ဒေါ်ခင်နုဆွေက ပြောသည်။
ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိကြည်၏ ဂါရ၀မဲ့အပြုအမူ၊ လုပ်ဆောင်ချက်များနှင့် ပတ် သက်ပြီး ပြစ်မှုထင်ရှားပါက ဌာန ဆိုင်ရာ စစ်ဆေးမှုဖြင့် ထပ်မံစစ် ဆေးသွားမည်ဖြစ်ပြီး ပြစ်ဒဏ် အတိမ်အနက်အလိုက် ဌာနဆိုင် ရာ ပြစ်ဒဏ် ခုနစ်မျိုးဖြင့် အပြစ် ပေးအရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း အမှတ် (၁) အ ခြေခံပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး(စီမံ) ဦးညွန့်စိုးက ပြောကြားသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ