Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, August 24, 2014

ခေါင်းဖြတ်ထားသည့်မြွေ အပေါက်ခံရပြီး တရုတ်စားဖိုမှူးတစ်ဦး သေဆုံး

တရုတ်နိုင်ငံတွင် စားဖိုမှူး တစ်ဦးသည် မြွေသားဟင်း ချက်ပြုတ်ရန်အတွက် ၎င်းကိုယ်တိုင် ခေါင်းဖြတ်ထားသည့် မြွေဟောက် အပေါက်ခံရသဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။

ရှားပါးပြီး ဟင်းလျာချက်ပြုတ်ရာတွင် တန်ဖိုးကြီးသည့် အဆိပ်ပြင်း မြွေဟောက်တစ်ကောင်ကို ပန်ဖန်းက အထူးဟင်းပွဲ တစ်ခုအဖြစ် ဖန်တီးရန် ရွေးချယ်ခဲ့သည်။ ၎င်းသည် မြွေကို ခေါင်းဖြတ်သတ်လိုက်ပြီးနောက် မိနစ်(၂၀)မျှ အကြာတွင် မြွေခေါင်းကို စွန့်ပစ်ရန် ယူလိုက်ရာမှ မြွေကိုက်ခံရခြင်း ဖြစ်သည်။

တရုတ်နိုင်ငံတွင် စားဖိုမှူး တစ်ဦးသည် မြွေသားဟင်း ချက်ပြုတ်ရန်အတွက် ၎င်းကိုယ်တိုင် ခေါင်းဖြတ်ထားသည့် မြွေဟောက် အပေါက်ခံရသဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။
ရှားပါးပြီး ဟင်းလျာချက်ပြုတ်ရာတွင် တန်ဖိုးကြီးသည့် အဆိပ်ပြင်း မြွေဟောက်တစ်ကောင်ကို ပန်ဖန်းက အထူးဟင်းပွဲ တစ်ခုအဖြစ် ဖန်တီးရန် ရွေးချယ်ခဲ့သည်။ ၎င်းသည် မြွေကို ခေါင်းဖြတ်သတ်လိုက်ပြီးနောက် မိနစ်(၂၀)မျှ အကြာတွင် မြွေခေါင်းကို စွန့်ပစ်ရန် ယူလိုက်ရာမှ မြွေကိုက်ခံရခြင်း ဖြစ်သည်။
တရုတ်တောင်ပိုင်း ဂွမ်ဒေါင်းရှိ ဖိုရှန်းမြို့မှ ရှန်ဒူ အရပ်တွင် နေထိုင်သော စားဖိုမှူးသည် မြွေဆိပ်ဖြေဆေးများဖြင့် ကုသမှု မခံယူနိုင်မီ အသက်ဆုံးရှုံးသွားကြောင်း သိရသည်။ ပန်သည် စားသောက်ဆိုင် တစ်ခုမှ စားဖိုမှူးဖြစ်ပြီး အထူးမှာယူထားသည့် ဟင်းပွဲတစ်ခုအတွက် မြွေသားဟင်းကို စီမံချက်ပြုတ်စဉ် ယခုသီတင်းပတ်အတွင်း ယခုကဲ့သို့ အဖြစ်ဆိုး ကြုံသွားခြင်း ဖြစ်သည်။
ဂွမ်ဒေါင်းတွင် မြွေသားဟင်းသည် ဂုဏ်ထည်သည့် ဟင်းလျာတစ်မျိုးဖြစ်ပြီး အထိမ်းအမှတ် ပွဲများတွင် ထည့်သွင်း တည်ခင်းလေ့ ရှိသည်။ စားဖိုမှူးပန်၏ အော်ဟစ်သံကြောင့် စားသောက်နေသူများက မီးဖိုခန်းထဲ အပြေးအလွှား ဝင်ရောက်ကြည့်ရှုရှာ မြွေကိုက်ခံရမှန်း သိရှိခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်က စားသောက်ဆိုင်ထဲတွင် ဇနီးဖြစ်သူနှင့်အတူ ရှိနေသည့် လင်ဆွန်းက “ကျွန်တော်က ဇနီးရဲ့ မွေးနေ့ အထိမ်းအမှတ်အဖြစ် ဆိုင်ကို အတူရောက်နေတာပါ။ နောက်တော့ အခုလိုမျိုး ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်တာပဲ”ဟု ပြောကြားခဲ့သည်။ “ရုတ်တရက်ကျတော့ ဘာဖြစ်သွားမှန်း ကျွန်တော်တို့ မသိလိုက်ဘူး။ ဆိုင်နောက်ဖေးဘက်က အော်သံကြားလိုက်တယ်။ မြွေကိုက်ခံရမှန်း သိတော့ ဆရာဝန်ခေါ်ဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေ ရောက်လာတော့ ဒီလူက သေသွားပါပြီ။ အဲဒီဖြစ်ရပ် အပြီးမှာ ကျွန်တော်တို့ ဆက်ပြီး မစားသောက်နိုင်တော့ဘဲ အိမ်ပြန်လာခဲ့တယ်”ဟုလည်း ၎င်းက ဆိုသည်။
ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက “တော်တော်ကြီးကို ဖြစ်တောင့်ဖြစ်ခဲ အမှုမျိုးပါ။ ဒါပေမဲ့ မတော်တဆ ဖြစ်သွားတာမျိုးလို့လည်း ယူဆနိုင်ပါတယ်။ မြွေကို ချက်ပြုတ်ဖို့ ပြင်နေရင်း ကံဆိုးပြီး အစွယ်နဲ့ စူးမိသွားတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ မြွေဆိပ်ဖြေဆေး အချိန်မီ ရလိုက်ရင်တော့ ဒီလူကို အသက်ကယ်ဖို့ မျှော်လင့်နိုင်မှာပါ။ ဒါပေမဲ့ နောက်ကျသွားတယ်။ တကယ့်ကို ဆိုးရွားလှတဲ့ မတော်တဆ ဖြစ်ရပ်ပါပဲ”ဟု မှတ်ချက်ပြုခဲ့သည်။
ပန်သည် အဆိုပါမြွေကို မြွေသားစွပ်ပြုတ်အဖြစ် ချက်ပြုတ်ရန် စီစဉ်နေခဲ့ခြင်း ဖြစ်သည်။ တရုတ်တွင် မြွေ၏ အစိတ်အပိုင်းများကို အစားအသောက်အဖြစ်သာ မကဘဲ တိုင်းရင်းဆေးဝါးများ အတွက်ပါ တောင်းဆိုမှု မြင့်မားလာနေသည်။
မြွေများ၏ ဓလေ့သဘာဝကို နှစ်ပေါင်း(၄၀)ကျော် လေ့လာခဲ့သည့် သုတေသီ ယန်ဟောင်ချန်းက တွားသွားသတ္တဝါတိုင်းသည် ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခု ပြတ်တောက်သွားသည့်တိုင် တစ်နာရီမျှ ကြာသည်အထိ လှုပ်ရှားနိုင်သည့် အခြေအနေ ရှိကြောင်း ပြောကြားခဲ့သည်။ မြွေတစ်ကောင်ကို ခေါင်းဖြတ်လိုက်သည့်တိုင် မြွေ၏ ခန္ဓာကိုယ်ရော၊ ဦးခေါင်းပါ လှုပ်ရှားနေနိုင်ဆဲ ဖြစ်ကြောင်းလည်း သိရသည်။
“အဖြစ်နိုင်ဆုံးက ဦးခေါင်းဟာ အသက်ရှင် ကျန်နေပြီး ပန်ရဲ့လက်ကို လှမ်းကိုက်လိုက်တယ် ဆိုတာပါပဲ။ မြွေက အဲဒီအချိန်မှာ သေနေပါပြီ။ ဒါကြောင့် ခန္ဓာကိုယ်ရဲ့ အခြေခံ လုပ်ငန်းဆောင်တာ အားလုံးက ရပ်ဆိုင်းသွားပြီ။ ဒါပေမဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ ကြွက်သား လှုပ်ရှားမှုလေးတွေ လက်ကျန် ရှိနေသေးတယ်။ ဒါကြောင့် မြွေတစ်ကောင်ဟာ ခေါင်းပြတ်နေတဲ့တိုင် အနီးဆုံး အရာတစ်ခုကို လှမ်းကိုက်ပြီး အဆိပ်ကို ထိုးသွင်းလိုက်ဖို့ လုပ်ဆောင်နိုင်သေးတယ်”ဟု ယန်က ရှင်းပြခဲ့သည်။
အင်ဒိုချိုင်းနား မြွေဟောက်များကို ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်တို့ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံများတွင် တွေ့ရလေ့ရှိသည်။ ယင်းတို့သည် ပျမ်းမျှအားဖြင့် အရှည်(၃)ပေမှ (၄)ပေမျှထိ ရှိတတ်ပြီး အရွယ်အကြီးဆုံး မြွေဟောက်များသည် အရှည်(၅)ပေမျှ ရှိကြောင်းလည်း သိရသည်။ မြွေဟောက်များသည် သာမန်အားဖြင့် နေ့ပိုင်းတွင် ရန်သူကို ရှောင်ရှားနေတတ်ပြီး ညဘက်တွင် ပိုမို၍ အမျက်ကြီး၊ ရန်လိုတတ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ