မလေးရှားနိုင်ငံသို့
အလည်အပတ်ဗီဇာ (Visit Visa) အတုဖြင့် သွားရောက်ခဲ့သော မြန်မာနိုင်ငံသား ၅၂
ဦးအား မလေးရှားနိုင်ငံ ဆီဗန်းတရားရုံးက မလေးရှားစံတော်ချိန်
ယနေ့နံနက်ပိုင်းတွင် ထောင်ဒဏ်တစ်နှစ်စီ ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
ဇူလိုင် ၈ ရက်က မလေးရှားနိုင်ငံသို့ အလည်အပတ်ဗီဇာ (Visit Visa) ဖြင့် သွားရောက်ခဲ့သော မြန်မာနိုင်ငံသား ၇၂ ဦးထဲမှ ၆၁ ဦးသည် ဗီဇာအတုများ ဖြစ်နေသောကြောင့် မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးက အရေးယူဆောင်ရွက်ထားရာ ၎င်းတို့ထဲမှ ကလေးငယ်များနှင့် သက်ကြီးရွယ်အို ကိုးဦးအား မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးက အရေးယူဆောင်ရွက်ခြင်းမရှိဘဲ စုစုပေါင်း ၅၂ ဦးသာ ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။

No comments:
Post a Comment