သင်ဘယ်သူကိုချစ်နေလဲ?
………………………………………………………….ဒီစာလေးကိုဖတ်ပြီးရင် ကိုယ်တကယ်ဘယ်သူ.ကိုချစ်မိနေပြီဆိုတာ သုံးသပ်လို.ရမှာပါ သိပြီးသားလဲဖြစ်ကောင်းဖြစ်လိမ့် မယ်။
ညနက်အထိစကားပြောနေချင်တယ်ပြီးရင်အိပ်ရာထဲဝင်တဲ့ အထိ လဲစိတ်ထဲမှာချစ်သူအကြောင်းပဲစဉ်းစားနေမိတယ်။
နှစ်ယောက်အတူတူရှိပြီးလျှောက်သွားနေချိန်တွေမှာ လမ်းလျှောက်နှုန်းတွေသိသိသာသာကိုနှေးသွားတယ်။
နှစ်ယောက်သားဝေးနေချိန်တွေမှာ စိတ်ထဲမှာဘယ်လိုမှမပျော်ဘူးဖြစ်နေတယ် ။
ကိုယ့်ချစ်သူရဲ့ အသံလေးကိုကြားလိုက်ရမှစိတ်ထဲမယ်ပျော်လာပြီးအလိုလိုပြုံးမိတယ် ။
တယောက်ကိုတယောက်ကြည့်နေချိန်တွေမှာ ဘေးနားကဘယ်သူ့ကိုမှမမြင်တော့ဘူး။
မျက်လုံးထဲမှာ ချစ်တဲ့ သူတယောက်ထည်းပဲရှိတော့တယ်။
စိတ်အစဉ်တိုင်းစဉ်းစားသမျှ ကိုယ့် ချစ်သူအကြောင်းပဲဖြစ်နေတတ်တယ် ။
ကိုယ့်ချစ်သူကိုတွေ့ လိုက်တာနဲ့ အလိုလိုပြုံးနေမိတယ် ။
သူ့ ကိုတွေ့ ရ ဆုံဖို့ ဆိုရင် ဘာပဲလုပ်ရလုပ်ရ လုပ်ဖို့ အစဉ်သင့် ပဲ ။
ခုဒီစာကိုဖတ်နေချိန်မှာကို စိတ်ထဲမယ်ကိုယ်ချစ်တဲ့ သူ့  အကြောင်း ကိုပဲစဉ်းစားနေတယ်။
အချစ်ဆိုတာထာဝရပေးဆပ်ခြင်းပါ…
………………………………………………………………………………….အချစ်ဆိုတာ ပိုင်ဆိုင်ခြင်း လား။ပေးဆပ်ခြင်းလား ။ အဲဒီ “ ပ ” နှစ်လုံးကြားမှာ ပဲရှုပ်နေတာနေမှာ..။ အချစ် လို့တွေးမိတိုင်း ရင်ဘတ်ထဲ က တစ်စုံတစ်ရာ ကသတိပေးတတ်တယ်။ “ နင် ကိုယ်တိုင်မေ့လို့ ရ လို့လား ” “ဟုတ်ပါတယ် မမေ့တတ်လို့  ပဲ ရှုံးနိမ့်နေ ခဲ့တာပါ။ ”
ပေးဆပ်ခြင်း ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ငါ့ဘ၀တွေ စတေးထားခဲ့တာ ရေတွက်ကြည့်ရင် …၅ နှစ်…
ငယ်ငယ်တည်းကနေ အနိုင်ယုတတ်တဲ့ ငါ့ကို အရှုံးပေးတတ်အောင် သင်ခန်းစာပေးခဲ့တာပဲ။
နင်ကရော မေ့လို့  ရ လို့လား…ဒီစကားတွေတွေမေးချင်နေခဲ့တယ်..တကယ်ဆို ချစ်တဲ့စိတ်တခုတည်း နဲ့ ချစ်ရသူ ကို တွေဝေမှုမပေးရက်ခဲ့
ပါဘူး..မျက်ရည်တွေသာ..မပြောဖြစ်ခဲ့တဲ့စကားလုံးတွေဆို ရင် နင် ကို မမြင်စေချင်ခဲ့ တဲ့ ငါ့မျက်ရည်တွေ…
အခုတော့..မိုးရာသီရောက်လာပြန်ပြီ…နင် ကို ငါမေးခဲ့တာလေ..“ဘာလို့ လူတွေကမိုးရာသီဆို လွမ်းနေကြတာလဲလို့” နင် ပြောခဲ့တာ က
“ လွမ်းရတယ် ဆိုတာ ချစ်တတ်တဲ့လူတွေပြောတဲ့ စကားတဲ့” နင် က ငါ့ကို ချစ်တတ်အောင် သင်ပေးပြီး လွမ်းတတ်အောင်ထပ်သင်ပေးတာ
လားဟင်…မုန်းတတ်အောင်လည်းသင်ပေးခဲ့ပါတယ်…ငါသာ မမုန်းမမေ့နိုင်လို့ပါ…အခုတော့ ငါမုန်းတီိးတဲ့ မိုးစက်တွေအောက်ငါလျှောက်သွားနေမိတယ် မိုးစက်တွေရယ်…ရွာချလိုက်ပါ..ငါ့မျက်ဝန်းက မျက်ရည်တွေကို လူတွေ မမြင်စေချင်လို့ပါ။
စိတ်ပူ တတ်တဲ့ နင်မရှိတဲ့နောက် အရာရာကို ငါလျှောက်လုပ် မိနေတယ်..နင်များ စိုးရိမ်စိတ်နဲ့ နောက်တစ်ခေါက်လောက် ငါ့ကို လာပြောမလားလို့ပေါ့…
သတိရတယ်ဟာ တိုက်ဆိုင်မှုတွေရှိလာတိုင်း ဘယ်လိုဖြေသိမ့်ရ မလဲ။ ငါ့ နဲ့ တွေ့ရင် အမှတ်တမဲ့ လွှဲသွားတဲ့ မျက်ဝန်းတစုံ…စိတ်ပျက်မှုတွေနဲ့ အပြုံးကင်းနေတဲ့ နင်မျက်နှာ……
အခုတော့ ပြန်မရတဲ့ အိမ်မက်တွေတမ်းတနေမိတယ် ခါးသက်သက်နေ့ရက်တွေထဲ..ငါ့ မျှော်လင့်ချက်တွေသေဆုံးခဲ့ရတယ်…တိုက်ဆိုင်လို့
သာပြန်တွေ့ခွင့်ရ ခဲ့ရင်…ရခဲ့ရင်..ပေါ့နော်…
အချစ်ဆုံးကို ဆုံးရှုံးခဲ့ရတဲ့ ခံစားချက်ကို သိခဲ့ရပါပြီ…နောက်တစ်ခေါက်…..
ချစ်သူလေးအတွက်တောင်းဆု
......................................................
ဒီစာလေးကိုဖတ်ပြီးရင် ကိုယ်တကယ်ဘယ်သူ.ကိုချစ်မိနေပြီဆိုတာ သုံးသပ်လို.ရမှာပါ သိပြီးသားလဲဖြစ်ကောင်းဖြစ်လိမ့် မယ်။ညနက်အထိစကားပြောနေချင်တယ်ပြီးရင်အိပ်ရာထဲဝင်တဲ့ အထိ လဲစိတ်ထဲမှာချစ်သူအကြောင်းပဲစဉ်းစားနေမိတယ်။
နှစ်ယောက်အတူတူရှိပြီးလျှောက်သွားနေချိန်တွေမှာ လမ်းလျှောက်နှုန်းတွေသိသိသာသာကိုနှေးသွားတယ်။
နှစ်ယောက်သားဝေးနေချိန်တွေမှာ စိတ်ထဲမှာဘယ်လိုမှမပျော်ဘူးဖြစ်နေတယ် ။
ကိုယ့်ချစ်သူရဲ့ အသံလေးကိုကြားလိုက်ရမှစိတ်ထဲမယ်ပျော်လာပြီးအလိုလိုပြုံးမိတယ် ။
တယောက်ကိုတယောက်ကြည့်နေချိန်တွေမှာ ဘေးနားကဘယ်သူ့ကိုမှမမြင်တော့ဘူး။
မျက်လုံးထဲမှာ ချစ်တဲ့ သူတယောက်ထည်းပဲရှိတော့တယ်။
စိတ်အစဉ်တိုင်းစဉ်းစားသမျှ ကိုယ့် ချစ်သူအကြောင်းပဲဖြစ်နေတတ်တယ် ။
ကိုယ့်ချစ်သူကိုတွေ့ လိုက်တာနဲ့ အလိုလိုပြုံးနေမိတယ် ။
သူ့ ကိုတွေ့ ရ ဆုံဖို့ ဆိုရင် ဘာပဲလုပ်ရလုပ်ရ လုပ်ဖို့ အစဉ်သင့် ပဲ ။
ခုဒီစာကိုဖတ်နေချိန်မှာကို စိတ်ထဲမယ်ကိုယ်ချစ်တဲ့ သူ့  အကြောင်း ကိုပဲစဉ်းစားနေတယ်။
No comments:
Post a Comment