Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, August 10, 2014

ထာဝရအမေ

ငါတို့ အမေ ကိုးလလွယ်၍ ဆယ်လဖွားထိ သန္ဓေလွယ်ထား ကြားကာလမှာ

ပူငန်စပ်ခါး အမြဲရှောင်ရှားပြီး နားနေယုယ ပြုစုတာလည်း “အမေ”ပါပဲ….။
နုနယ်စဉ်ခါ တွယ်တာမှုဖြင့် နို့ချိုတိုက်ကျွေး ပိုက်ထွေးယုယ တုမရအောင် ချစ်ရတာလည်း “အမေ”ပါပဲ….။
ငယ်ရွယ်စဉ်ခါ ပညာရှာဖို့ သားတို့ကိစ္စ မနိမ့်ကျရအောင် ဘဝအခါးမှာ မမှားငဲ့ကွက် မပျက်ဇွဲမာန် စိတ်အားသန်စွာ ကြိုးစားတာလည်း “အမေ”ပါပဲ…။
လူ့ဘုံအလယ် တင့်တယ်ချိန်မို့ အတောင်လက်စုံ သိုက်မြုံမှ ထွက်ကြတဲ့အခါ အမှာစကားနဲ့ ကြည့်ကာငေးလျှက် မျက်ရည်စက်ရယ် အကွယ်မှာလုပ် တဘက်စုတ်နဲ့ သုတ်ရတာလဲ “အမေ”ပါပဲ…။
ဘဝမှာ အမေ မြင့်မိုရ်တောင်မက ရှိလှကျေးဇူး အထူးပြုတာ….အမေ မေတ္တာအနန္တ ထာဝရ တည်နေတာ…..အမေ ဘဝအသင်္ချေ လောကမှာ….အမေ လူသားအားလုံးရဲ့ အမေ ကမ္ဘာတည်နေသရွေ့တော့….ထာဝရအမေပါ။ ။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ