လူဆိုတာ မာန်မာန မထားသင့်ဘူး၊ ခြေသုတ် ပုဆိုး မြွေစွယ်ကျိုးလို နေထိုင်သင့်တယ်လို့ ရှေးစာဆိုတွေက ဆုံးမ သြ၀ါဒ ပေးကြပါတယ်။ စာရေးသူတို့ ကိုးကွယ်နေတဲ့ ဘာသာ တ၇ားမှာလည်း မာန်မာန ထားခြင်းရဲ့ အပြစ်တွေကို ဖော်ပြထားကြပါတယ်။

မိမိ ပတ်ဝန်းကျင်မှာသော် လည်းကောင်း ၊ ပတ်ဝန်းကျင်နှင့် ဆက်စပ်နေတဲ့ အသိုင်းအ၀န်းမှာသော် လည်းကောင်း အခြောက်တိုက် မာန်တတ်နေတာ မျိုးတော့ စာရေးသူ ကျွန်တော်လည်း မနှစ်သက်ပါဘူး ၊ ဘယ်သူမှလည်း နှစ်သက် လက်ခံကြမှာ မဟုတ်တဲ့ အတွက် မာန်မာန ထားမိသူဟာ ဘ၀ခြောက်သွေ့ အထီးကျန် ဖြစ်မယ်။ ကောင်းကျိုး မရှိ၊ ဆိုးကျိုးသာ ရှိမှာသေချာပါတယ်။
သို့သော်လည်း မိမိ ဘ၀ တိုးတတ် မြင့်မားစေမယ့် ကိစွတွေမှာ မာန်ထားသင့်တယ်လို့ စာရေးသူ ကျွန်တော် ယူဆမိတယ်။အခြားသူများကို ထိပါးသော မာန်မဟုတ်ဘူး။ ပတ်ဝန်းကျင်ကိုလဲ စော်ကားသော မာန် မဖြစ်စေရဘူး။ ဘယ်သူကိုမှ ထိခိုက် ပွန်းပဲ့မူ မရှိပဲ မိမိ အတွက်၊ မိမိရဲ့ မိသားစု အတွက် လောကဓံရဲ့ အထု အထောင်းကို မာန်တင်းရွှေ့ ခံရင်း တစ်နေ့သော အခါ အောင်မြင်မူ သရဖူ ရယူနိုင်တဲ့ မာန်မျိုး ဆိုရင်တော့ အခြားသူအတွက် မပြောတတ်ဘူး၊ စာရေးသူ ကျွန်တော် ကတော့ ကြိုဆိုပါတယ်။ အာပေးထောက်ခံ ပစ်လိုက်မှာပါ။
အခုလို ပြောရတာလည်း အကြောင်းမဲ့ မဟုတ်ပါဘူး။ သာဓကတွေ ရှိနေလို့ပါ။ အဲဒီ သာဓကလေးကို ကြည့်ပြီး သဘောကျနေတာ ကြာပါပြီ။ အခြေအနေ ပေးလာသော်ကြောင့် ဒီဇာတ်လမ်းလေးကို ကျွန်တော်ရဲ့ ဘလာ့ဒ်ထဲမှာ အများသူငှာ ဖတ်ရှူစေချင်သော ရည်ရွယ်ချက်ဖြင့် ရေးသားလိုက်ရပါသည်။
မာန် ဇာတ်လိုက်မင်းသမီးရဲ့ နာမည်ကို မကေကေ လို့ အမှတ်အသား ထားကြရအောင်။ မကေကေ တို့မိသားစုရဲ့ ဘ၀ဟာ မဖြောင့်ဖြူးခဲ့ဘူး။ မကေကေ ရဲ့ အဖေနှင့် အမေ တို့ရဲ့ အိမ်ထောင်ရေးဟာ ပြေလည်တဲ့ အိမ်ထောင်ရေး မဟုတ်ဘူး။
မကေကေ ရဲ့အဖေက သူဌေးသား ၊အမေက ရုပ်ချောပြီး ဆင်းရဲတယ်။ ဟိုခေတ်က သူဌေးသားတွေဟာ ခပ်ကြော့ကြော့နေတယ်။ နောက်လိုက် နောက်ပါ တစ်ပြုံးကြီးနှင့် သွားလာတယ်။ သူဌေးသားရဲ့ မိဘများ ပိုင်ဆိုင်သော ဆန်စက်၊ သစ်စက် တို့မှာ မန်နေဂျာ ရာထူး ရကြတယ် ဆိုတော့ ပျိုတိုင်း ကြိုက်တဲ့ နှင်းဆီခိုင် စာရင်းဝင် ဖြစ်တယ်။
မကေကေရဲ့ အမေက ဆင်းရဲပေမယ့် ရုပ်ချောတော့ ထီဆိုင်ကြီး တစ်ဆိုင်မှာ ထီစာရေးမလေး ဖြစ်တယ်။ ထီ စာရေးမလေး ချောချောလေးကို ရိုးရိုးတန်းန်း ထီလာထိုးကြတဲ့ လူငယ်တွေ၊ အန်ကယ်ကြီးတွေ ၊ အစ်ကိုကြီးတွေ ရှိသလို ထီစာရေးမလေးရဲ့ မျက်နှာကို တစ်နေ့ တစ်ခါမှ မမြင်ရရင် စားမ၀င် အိပ်မပျော်ပါဘူး ဆိုတဲ့ (ယောကျာင်္း) တွေလည်း ရှိလာတယ်။
ထီိစာရေးမ ဆိုမှတော့ လာသမျှ အလိုက်သင့် (ပြေပြေပြစ်ပြစ်)ဆက်ဆံရတာပေါ့။ မြင်သမျှ လူကို ကိုယ့် စိတ်နှင့် မတွေ့တိုင်း ဘုတောနေလို့ ဘယ်ဖြစ်မလဲ။ အဲသလို ဆက်ဆံရေး မပြေပြစ်ရင် ဆိုင်ရှင်က လခ ဘယ်ပေးတော့မလဲ။ ဒီစာေ၇းမလေး ရဲ့ နှုတ်ချိုသာမူ၊ စိတ်ရှည် သည်းခံမူတို့က ရောင်းအား တတ်စေတာလေ။
အဲဒီခေတ်က အခုလို လောင်းကစားနည်း အသစ်အဆန်းတွေ မပေါ်သေးပါဘူး။ ကံစမ်းချင်တဲ့ သူတွေဟာ ထီထိုးကြတာပဲ ရှိတယ်။ အခုက ထီထိုးတဲ့သူ နည်းသွားပြီး ညနေပိုင်း ဖဲကစားခြင်း၊ဘောလုးပွဲလောင်းခြင်းတွေက ကျယ်ပြန့်လာတယ်။
သူဌေးသားမောင်ဟာ ထီစာရေးမလေးကို နှ်သက်ပြီး ထီဆိုင်လေးကို ချောင်းပေါက်မတတ် ရောက်လာလာတယ်။ ထီထိုးတာလည်း ရှိတယ်။ ချစ်သူကို မြင်ချင်၊ တွေ့ချင်လို့လည်း ပါတယ်။ ချစ်ကလည်း မောင့်ကို အသိအမှတ် မပြုလို့ မရတော့ဘူး။ ထီဆိုင် ပိုင်ရှင် မျက်နှာပေး ခံရအောင် မောင့်ကို ချိုသာ သိမ့်မွေ့စွာ ဆက်ဆံရင်း မောင့်ရင်ထဲက အချစ်ကို မြင်တွေ့မိသွားပါတယ်။
ချစ်တို့ မိသားစု အနေနှင့် မောင့်ဟာ မိုးကျရွှေကိုယ်ပါ။ မျိုးရိုးကောင်းတယ်၊ ရုပ်ရည် သန့်တယ်၊ ငွေကြေး ချမ်းသာတယ်။ ချစ်ရဲ့ အဆင့်တန်းနှင့် မမှန်းနိုင်တဲ့သူ။ ဒီလိုလူမျိုးက ချစ်ကို လက်ထပ်ချင်တယ်ဆိုတော့ ချစ်မိဘများက သဘောတူတယ်။ ဟိုဘက်က သဘော မတူသည့်တိုင် နောင် သားသမီး ပွားစည်းတဲ့ အခါ သဘောတူကြရမှာလို့ မျှော်လင့်ကြတဲ့ အတွက် မောင်နှင့် ချစ် တရားရုံးတခုမှာ လက်မှတ်ထိုးကြတယ်။
မောင်တို့ဘက်က လေမုန်းတိုင်းထန်တော့တာပေါ့။ မောင့်ကို ရာထူးမပေတော့ဘူး။ အိမ်က လက်သင့်မခံဘူး။ ဒီတော့ ချစ်တို့အိမ်မှာ နေရတယ်။ အိမ်ထောင်ပြုသွားတဲ့ ချစ်လဲ ထီစားရးမ အလုပ်လဲပြုတ်တယ်။  မောင့်ရဲ့ ရွှေရှပ် ကြယ်သီး၊ ရွှေလက်ပတ်ကြိုး ၊ ရွှေလက်စွပ်၊ ရွှေစွဲကြိုးတို့ကို စားဝတ်နေရေး အတွက် အသုံးပြုလိုက်ရတယ်။
ရှေးခေတ် သူဌေးသားတွေဟာ လူလောက မြစ်ပြင်ကျယ်ကို ကူးခတ်ဖို့ မရွှံ့မရဲ ဖြစ်လေ့ရှိတယ်။ မောင် လည်း ထိုးနည်း လည်းကောင်းပေါ့။ မိဘ အရိပ်ကလည်း လွတ်ရော ဘာမှ မလုပ်တတ်တော့ဘူး။ ချစ်ရဲ့ စက်ချူပ်ခလေးနဲ့ ဘ၀ ရပ်တည်တယ်။ အိမ်ဆိုင် ကလေးဖွင့်တယ်။ ဒါပေမဲ့ ချစ်တစ်ယောက်တည်း လှုပ်ရှားရတာပေါ့။ မောင်က နေပူစပ်ခါး ထွက်ချင်တဲ့ သူမဟုတ်တဲ့ အပြင် ဆင်းရဲ ပင်ပန်းနေတဲ့ ပုံစံကို သူ့မိဘတွေကို မမြင်စေချင်ဘူး။ ဒါကိုတော့ ချစ်လည်း သဘောတူတယ်။
ဒီလိုနဲ့ ကိုယ်ဝန်ရတော့ စီးပွားရေးက ပို ကြပ်တည်းသွားတယ်။ မ ကိုမွေးတယ်။ သမီးလေးကိုလဲ ကောင်းကောင်း မွန်မွန် မပြုစု နိုင်ဘူး ။ ချို့ချို့တဲ့တဲ့ အနေအထားရှိခိုက် မောင်မကျမ်းမာ ဖြစ်လာတယ်။
မောင် မမာမကျမ်း ဖြစ်တယ် သတင်းကြားတော့ မောင့်ဘက်က ဆက်သားရောက်လာတယ်။ အိမ်ပြန်ဆေးကုဖို့ မောင်မိဘများက အခေါ်လွတ်တယ် ဆိုတော့ ချစ်လည်း ၀မ်းသာအားရ ထည့်လိုက်တယ်။ သားကို လက်ခံပြီးရင် ချွေးမနဲ့ မြေးကို ပြန်ခေါ်မှာပဲ၊ စိတ်ဆိုးတုန်း ခဏလို့ ထင်မိခဲ့တာ။
အချိန်အတော် ကြာတဲ့အထိ မောင်ပေါ်မလာတော့ပါဘူး။ မောင် ကျမ်းမာသွားပြီး ဆိုတဲ့ သတင်းတာ ကြားရတယ်။ လူတော့ရောက်မလားဘူး။ မောင့်ကို ဘယ်နည်း ဘယ်ပုံ တရားချသလဲ မသိဘူး။ မောင်ဟာ ချစ်တို့ဆီ လုံးဝခြေဦး လှည့်မလာတော့မှ ချစ်တို့ သားအမိ ၀မ်းနည်းရတော့တာပေါ့။
မ ကျောင်းနေတဲ့အရွှယ် ရောက်တော့လည်း အဖေဆီက အထောက်အပံ့မရခဲ့ဘူး။ အမေက စက်ချူပ်၊ အိမ်ဆိုင်ကလေးတည်၊ သရက်သီးသနပ် လုပ်ရောင်းနှင့် မကို ကျောင်းထားခဲ့တယ်။ သီးတင်းကျွတ်တဲ့အခါတိုင်း မကို သူ့အဖေဆီ လွတ်ပြီး ကန်တော့ခိုင်းတယ်။ မ သွားကန်တော့တဲ့ အခါ မုန့်ဖိုး ပေးတာကလွဲပြီး အခြားနည်းနှင့် ပါတ်သတ်မူ မရှိခဲ့ဘူး။ အဖေဟာ အဘိုး အဘွား အိမ်ရဲ့ အရုပ်ပဲ။ အိမ်ကောင်း မောင်းတယ်။ သူမိဘ ခိုင်းတဲ့ အသေးအဖွဲ့လေးအစ လုပ်ပေးနေတယ်။ အိပ်ကပ်ထဲ ပိုက်ဆံနည်းနည်းပါးပါး ရှိတယ်။ အရင်လို စီးပွား စွမံ အုပ်ချူပ်ခွင့်မရတော့ဘူး။ ဒါကြောင့်မို့ ချစ်နှင့် မတိုဆီ ပြန်မလာတာ ဖြစ်ကောင်း ဖြစ်နိုင်တယ်။
နွေ၊ မိုး၊ ဆောင်း၊ ရာသီအလီလီ ပြောင်းတော့ မလည်း အရွယ်ရောက်ပြီး။ မရဲ့ မိခင် ချစ်ရဲ့မိဘများကလည်း ကွယ်လွန်ကုန်ပြီး။ မ ကို ဟိုဘက်မိဘတွေ အသိအမှတ်ပြု အ၀င် အထွက် (သီတင်းကျွတ် ကန်တော့တာမျိုး) လက်ခံတာကလည်း အကြောင်းရှိတယ်။ မ ဟာ သူတို့ မြေးမှန်း မပြောပဲနှင့် သိနိုင်တဲ့ ရုပ်ရည်ရှိတယ်။ သူ့အဖေနှင့် ချွတ်စွပ်တူတယ်လေ။
မ နှင့် သူမိခင်ရဲ့ အိပ်ရာဝင် ပုံပြင်က မောင့်နှင့် မေညင့်မိဘတွေ အကြောင်းပဲ။ သမီးရယ် စာကြိုးစားပါ။ တို့သားမိ ဒီဘ၀ရောက်နေတာ နဂိုက ဆင်းရဲခဲ့လို့ပဲ။ အမေက ရေးတတ် ဖတ်တတ်တာလေးပဲ ရှိတော့ သူတို့ဘက်က အထင်မကြီးဘူး။ သူဌေးသားကို ချူတယ်ချည်း ထင်တာ၊ အမေက ဒီအထင်သေး အမြင်သေးဒဏ်ကို ခံခဲ့ရပြီ။ ငါ့သမီးလေး လက်ထက်မှာ အဲသလို မခံစားစေချင်ဘူး ဆိုတာ မရဲ့ အသည်းမှာ သံမှို နှက်သလို စွဲနေတဲ့ စကားတွေပဲ။
မိခင်ရဲ့ ဘ၀ကို နားလည်တယ။ သူအနေနှင့် ဘာလပ်ြရမလဲ ဆိုတာ သိတဲ့ မ ကစာကြိုးစားတယ်။ မိခင်ရဲ့ အလုပ်တွေကို ကူပြီးတာနှင့် စာအုပ်နှင့် မျက်နှာ မခွာတော့ဘူး။ သူတို့သားအမဟာ ချို့ခြံချွေတာမူလေးနှင့် ရပ်တည်ခဲ့တယ်။ မ ကလည်း အရိပ်သုံးပါ နားလည်တော့ ဘယ်လို အသိုင်းဝိုင်းမဆို ၀င်ဆန့်အောင် နေတတ်တယ်။
ပြီးတော့ မရဲ့အလှကလည်း ထင်ပေါ်လာတယ်။ စာတော်တယ်၊ လှတယ် ဆိုတဲ့ အချက်အလက်နှင့်တင် မ ဟာကျော်ကြားတယ်။ အဲဒီအချိန်မှာ မ က ဂုဏ်ထူး သုံးခုနှင့် ဆယ်တန်းအောင်တယ်။ ကျူးရှင်းလေးပြေးတတ်ရင် အိမ်အလုပ် ၀ိုင်းကူးရင်း အောင်တော့ အပေါင်းအသင်းတွေကလည်း ချီးကျူးကြတယ်။
အဲဒီအချိန်မှာ  မရဲ့ တစ်ယောက်သော သူငယ်ချင်းရဲ့ အစ်ကိုက ဆေးကျောင်းသား ဖြစ်ပြီး သူက မကို မျက်စိကျတယ်။ ဆင်းရဲတာက လွဲပြီး ဘာအပြစ်မှပြောစရာ မရှိတဲ့ မိန်းခလေးကို ၀ိုင်းသနာပြီး အဲဒီ မိသားစုဟာ မ ကို အရေးတယူ ဆက်ဆံကြတယ်။
အိပ်ရာဝင် ပုံပြင်ကို အမေဆီက ထပ်တလဲလဲ ကြားခဲ့ရတဲ့ မဟာ ဘ၀ မမေ့ပါဘူး။ အမေ့ကို ၀ိုင်းကူမြဲ ၊ စာကြိုးစားမြဲပဲ။ ကောလိပ် ရောက်တော့ လည်း သူငယ်ချင်း မိသားစုဟာ မကို အကူအညီ ပေးကြတယ်။ နောက်တော သူငယ်ချင်း အစ်ကို ဆေးကျောင်းသားက မကို ချစ်ခွင့် ပန်တယ်။ မရဲ့ အရည်အချင်းနှင့် စိတ်နေ စိတ်ထားကို သဘောကျနေတဲ့ သူငယ်ချင်း မိသားစုကလည်း သဘောတူတယ်။
မလည်း ဘွဲ့ရ၊ ဆေးကျောင်းသားလည်း ဆရာဝန် ဖြစ်တော့ ဆရာဝန်ဘက်က လက်ထပ်ချင်လို့ ကမ်းလှမ်းတယ်။ မ အမေက ခွင့်ပြုတယ်။ သူတို့ မိသားစုရဲ့ ဘ၀ကို နားလည်တဲ့ ပတ်ဝန်းကျင်က မကို ချီးမြင့်မယ့် ကိစွပဲ၊ သဘောမတူစရာလည်း မရှီဘူး။
ဒီနေရာမှာ မတို့ အမေက အိပ်ရာဝင် ပုံပြင်ကို ပြန်အသက် သွင်းတယ်။ သမီးရဲ့ အဖေနှင့် အဘိုး ၊အဘွားကို သွားပြောချေ။ သမီး ဆရာဝန်နှင့် လက်ထပ်မယ့် အကြောင်း သူတို့ကို အသိပေးရမယ့်ပေါ့။
ဆရာဝန်ဘက်ကလည်း မတို့ အမေကိုသာ သိတာ၊ အဖေလည်း မရှိတော့ဘူးလို့ သိထားတာ။ အခုတော့ မ ဟာရန်ကုန်မြီု့က ထင်ရှားတဲ့ သူဌေး မျိုးနွယ် ဖြစ်နေတာ သိတော့ ပိုသဘောကျသွားတယ်။ ဒါကြောင့် မ ဟာထူးခြားတယ်လို့ သူတို့ ထင်မတာ မှန်နေတာပေါ့။
မ အဖေက အသက်လည်းရနေပြီ။ ဟိုအိမ်မှာ အဘိုးအဘွားတို့ရဲ့ သြဇာက ရှိနေဆဲပဲ။ သူဟာ အဲဒီလောင်းရိပ် မိနေတုန်းပဲ။ ဒီနေရာမှာလည်း သူကိုယ်တိုင် အဲဒီလောင်းရိပ်ကို မိချင်နေတာလည်း ဖြစ်တယ်။ ထီစားရေးမလေးကို မိဘသဘောနှင့် ဆန့်ကျင်ပြီး ပေါင်းသင်းမိလို ဒုတ်ခလှလှကြီးတွေ့ခဲ့ရတဲ့ အတွေ့အကြုံကလံ သူအဖို့ ခါးသီးနေတာပဲ။လောင်းရိပ်မှာ နေချင်တယ် ၊လုံးဝ မထွက်ချင်တော့ဘူး။
မ အဖေရဲ့ မိဘတွေ မျက်လုံးပြူးသွားတယ်။ သူတို့ ထင်မထားဘူးလေ။ မလည်း ဒီပုပ်ထဲက ဒီပဲဆိုသလို သူ့အမေလို ထီစားရေးမ မဟုတ်တောင် စတိုးဆိုင် အရောင်းစားရေးလောက်ပဲ ဖြစ်မယ် ထင်ထားတာ။ အခုတော့ မက ကြေးရည်တတ် အသိုင်းဝိုင်းရဲ့ ချွေးမဖြစ်မယ်။ ဆရာဝန် ကတော်လည်း ဖြစ်မယ်ဆိုတော့ သူတို့နှင့် ဂုဏ်ရည်တူ ဖြစ်သွားပြီး။
သူတို့ဟာ မ ရဲ့ အမေကိုလည်း ကြိတ်ပြီး ချီးကျူးကြတယ်။ မကိုတော့ ဘယ်ပြောကောင်းမလဲ။ သူတို့ မြေးဦးလေးပေါ့။ မ အဖေရဲ့ ညီမတွေကလည်း သူတို့ အဆင့်နှင့် သူတို့ပဲ။ မကို စားရင်းထဲ မထည့်ချင်ပဲ ပြန်ထည့်ရတာ။ သူတို့က ပေါက်ဖွားထားတဲ့ သားသမီးတွေနှင့်လည်း အခုမှ ဆွေမျီုးဆပ်ရတော့တာ။
မက အဖေကိုလည်း စိတ်မနာဘူး။ အဖေ့ရဲ့ မိဘတွေကိုလည်း စိတ်မနာဘူး။ ဘာကြောင့်လည်းဆိုတော့ ဆင်းရဲ နိမ့်ကျတဲ့ မိသားစုရဲ့ သမီးကို လက်ခံဖို့ ခဲယဉ်းမယ်လို့ တွေးထားလို့ပဲ။ ငါ့သားကို ချူးစားတာဆိုတဲ့ စာအုပ်ကြီး ဆန်တဲ့ အတွေးတွေ လွမ်းမိုးသွားတာကြောင့် ခွင့်လွတ်တယ်။ အဒေါ်တွေလဲ ဘာဆိုင်လို့လဲလေ၊ ဟိုစဉ်က အဒေါ်တွေရဲ့ သဘောထား မပါခဲ့ပါဘူး။ အဒေါ်တွေလည်း ငယ်သေးတော့ သူတို့ သဘောထားက အရေးမပါဘူး။ ဒါကြောင့် သူက လူငယ်ပိုင်းကို အပြုံးနှင့်ဆက်ဆံတယ်။ လူကြီးတွေကို ရိုရိုသေသေ ဆက်ဆံတယ်။
မက အမေကိုတော့ သိပ်သနားတယ်။ အမေ ဘယ်လို ရုန်းကန်ရတယ် ဆိုတာ သူ့လောက် ဘယ်သူသိမှာလဲ။ အမေနှင့် အတူ သူဝိုင်းရုန်းခဲ့ရတာလေ ။ ဆရာဝန်နဲ့ လက်ထပ် ဖြစ်တဲ့ အထိ အမေ သူနောက်က ကျားကန်ပေးခဲ့တာ။
အဖေနှင့်တကွ အဖေဆွေမျိုးတွေက ဆရာဝန်နှင့် လက်ထပ်ပွဲမှာ တိုက်ပုံ တကာကာ၊ ပိုးလုံချည် တရွှမ်းရွှမ်း၊ ကြိုးကြီးချိတ် တပြောငပြောင်နှင့် မက သူအမေကို လှလှပပ ဆင်ပေးတယ်။ ဒီလို သမီးမျိုးဖြစ်အောင် အမေက ကြွေးမွေးခဲ့တာ။ အမေ သွန်သင် ဆုံးမခဲ့တာ ဖြစ်တာကြောင့် မင်္ဂလာ ကိစွမှာလည်း အမေ့ကို ဦးစားပေ အဆင့် တစ်ပဲ။
ရွှေပွဲလာ ဧည့်ပရိသတ်တို့ ကြားမှာ သတို့သား သတို့သမီးနှင့် အတူ စားပွဲ တစ်ခုမှ တစ်ခု ကူးပြီး ဧည့်သည်တွေကို နှုတ်ဆက်နေတာ အမေပါပဲ။ အဖေက သူဆွေမျိုးတွေနှင့် အတူ သိုင်းထိုင်နေတာ မြင်ပေမဲ့ အမေနှင့် အတူ ယဉ်တွဲဖို့ မ အနေနှင့် မစီစဉ်တော့ဘူး။ ဒါနှင့်ပဲ မင်္ဂလာ ဧည်ခံပွဲလေးဟာ စည်စည်ကားကားနှင့် ပြီးဆုံးသွားခဲ့တယ်။
ဒီအချိန်ကတော့မှ မ အဖေရဲ့ ဆွေမျိုးတွေက မကို အဖိုးတန် မင်္ဂလာ လက်ဖွဲ့တွေပေးပြီး ဂုဏ်ပြုကြတဲ့ အပြင် သတို့သား သတို့သမီးတို့ကို သူတို့ဆီ ၀င်ထွက် လည်ဖို့ ဖိတ်ကြားကြသတဲ့။
ဆောင်းပါးအစမှာ စာရေးသူ ကျွန်တော် ပြောခဲ့ပါပြီ။ အခြားသူကို ထိပါးသော မာန်၊ ပါတ်ဝန်းကျင်ကို စော်ကားသော မာန် မဟုတ်ပဲ မိမိ ဘ၀ကို တိုးတတ် မြင့်မားစေဖို့ မာန်တင်းပြီး အောင်မြင်မူ ရစေသာမျိုးဆိုရင် စာရေးသူ ကျွန်တော် အားပေးထောက်ခံပါတယ် ဆိုတာပါပဲ။ ဒီနေရာလေးမှာ မရဲ့ မာန်ကို စာဖတ်ပရိသတ်များ အားကျလိမ့်မယ်လို့ ထင်ပါတယ်။ ဒီလို မာန်မျိုးတော့ ထားကို ထားရမှာပေါနော်….။့
Continue Reading...