Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, August 23, 2014

လူကို ဓါတ်ပုံရိုက်သည့် အခါ သိထားသင့်သည့် ဆောင်ရန်၊ ရှောင်ရန်များ

၁။ ဓါတ်ပုံ အရိုက်ခံမယ့်သူရဲ့ မျက်လုံးတွေက ကင်မရာနဲ့ အမြင့် ခြင်းတူညီရပါမယ်။

၂။ သာမာန်လူတွေကို ဓါတ်ပုံရိုက်တဲ့ အခါ တတ်နိုင်သမျှ ကင်မရာကို အပေါ်စီးကနေ မရိုက်သင့်ပါ။ ဘာကြောင့်လည်း ဆိုတော့ အပေါ်စီးကနေ ရိုက်မယ်ဆိုရင် နဖူးကြီး နှာခေါင်းရှည်ပြီး မေးစေ့ သေးသွား မှာ ဖြစ်ပါတယ်။ တကယ်လို့ အပေါ်စီးကပဲ မဖြစ်မနေ ဓါတ်ပုံ ရိုက်ချင်တယ်ဆိုရင်တော့ ဓါတ်ပုံအရိုက်ခံမယ့် သူကို ကင်မရာဘက်ကို မော့ကြည့်ခိုင်းရမှာ ဖြစ်ပါတယ်။


၃။ သာမာန်လူတွေကို ဓါတ်ပုံရိုက်တဲ့ အခါ တတ်နိုင်သမျှ ကင်မရာကို အောက်ကနေ ပင့်မရိုက်သင့်ပါ။ ဘာကြောင့်လည်း ဆိုတော့ အောက်ကနေ ပင့်ပြီး ရိုက်မယ် ဆိုရင် မေးရိုးကြီးပြီး နှာခေါင်းတိုမှာဖြစ်ပြီး နဖူးသေးမှာ ဖြစ်ပါတယ်။ တကယ်လို့ အောက်ကနေပဲ ကင်မရာကို မဖြစ်မနေ ပင့်ပြီးမှ ဓါတ်ပုံ ရိုက်ချင်တယ်ဆိုရင် ဓါတ်ပုံအရိုက်ခံမယ့်သူကို ကင်မရာ ဘက်ကို ငုံ့ကြည့်ခိုင်းရမှာ ဖြစ်ပါတယ်။
၎။ ဓါတ်ပုံအရိုက်ခံမယ့်သူက ကိုယ်ခန္ဓာ ထွားကြိုင်းပြီး “ ဝ ” တယ်ဆိုရင် ကင်မရာကို ဘယ်တော့မှ ရှေ့ တည့်တည့်ကနေ မရိုက်ရပါဘူး။ တကယ်လို့ မဖြစ်မနေ ရှေ့တည့်တည့်ကနေ ဓါတ်ပုံရိုက်ရမယ်ဆိုရင်လည်း လက်မှာ ပန်းတွေပဲဖြစ်ဖြစ်၊ အကူပစ္စည်းတစ်ခုခုနဲ့သာ ဓါတ်ပုံရိုက်သင့် ပါတယ်။ ပန်းခြံနေရာမျိုးမှာ ဓါတ်ပုံ ရိုက်မယ် ဆိုရင် ပန်းခြုံနဲ့ ကွယ်ပြီးမှ ဓါတ်ပုံ ရိုက်သင့်ပါတယ်။
အုပ်စုပုံတွေကို ရိုက်တဲ့အခါမှာလည်း ဘေးဘက်အစွန်ဆုံးနေရာတွေမှာ ဝ တဲ့သူတွေကို မနေခိုင်းသင့် ပါဘူး။ ကင်မရာရဲ့ မှန်ဘီလူးကြောင့် ဘေးဘက်မှာ ရှိတဲ့လူကို ပိုပြီး ဝ စေနိုင်တာကြောင့် ဖြစ်ပါတယ်။ ကင်မရာကို အနည်းငယ် အပေါ်စီးကနေ ထားပြီး ရိုက်သင့် ပါတယ်။ ဝ တဲ့သူကို ဓါတ်ပုံရိုက်တဲ့အခါ ဘယ်တော့မှ ကင်မရာကို အောက်ဘက်ကနေ ပင့်ပြီး မရိုက်ရပါဘူး။

၅။ ဓါတ်ပုံ အရိုက်ခံမယ့်သူက ပိန် တယ်ဆိုရင် ကင်မရာ ကို ရှေ့တည့်တည့်ကနေ ရိုက်သင့်ပါတယ်။

လူ အလှပုံတွေကို ဓါတ်ပုံ ရိုက်တဲ့အခါ ဓါတ်ပုံ မရိုက်မီ ကိုယ်ရိုက်မယ့်သူရဲ့ အားနည်းချက်၊ အားသာချက် ကို ရှာဖွေ ကြည့်ရှုတတ် ရပါမယ်။ တစ်ချို့လူတွေရဲ့ မျက်နှာက ဘယ်ဘက်က ရိုက်ရင်ပိုလှတာမျိုး ရှိသလို၊ တစ်ချို့ကျတော့ ညာဘက်က နေရိုက်ရင် ပိုလှတာမျိုးလည်း ရှိတတ်ကြပါတယ်။ ဒါဆိုရင် အားနည်းချက် ရှိတာကို ရှာဖွေသိရှိပြီးရင် ဘယ်လို အားနည်းချက်တွေ့ရင် ဘယ်လို ဓါတ်ပုံ ရိုက်ရမလဲ ဆိုတာကိုလည်း သိရှိထားသင့်ပါတယ်။

ဒါကြောင့် အောက်ဘက်မှာ ဖော်ပြထားတဲ့ အားနည်းချက်နဲ့ ယှဉ်တွဲပြီး ထားရှိသင့်တဲ့ ကိုယ်ဟန်အနေအထားနဲ့ ကင်မရာ အနေအထားပြဇယားကို သေချာစွာ မှတ်သားထားဖို့ လိုအပ်ပါတယ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ