ဒီနည်းလေးကတော့ ကိန်ပျူတာရှိတဲ့လူတိုင်း မသိမဖြစ် မတတ်မဖြစ်သိထား တတ်ထားသင့်တဲ့နည်းလေးတခုပါll
ဒီနည်းနဲံ့ ဒီလို Image Backup File နဲ့ System Repair Disc မလုပ်ထားကြလို့သာ ကွန်ပြူတာနဲ့ ပက်သက်တဲ့ ပြသနာမျိုးစုံကို ခေါင်းရှူပ်ခံ စိတ်ညစ်ခံပြီး ဟိုလူဆရာတင်ရ ဒီလူဆရာတင်ရ အလုပ်တွေရှူပ် ငွေကုန်ခံပြီးဆိုင်မှာ သွားပြင်နေကြရတာပါll ပင်ပန်းလွန်ပါတယ်ll သိတဲ့သူများအတွက် လွယ်ပေမယ့် မသိသေးတဲ့ သာမျာအတွက်တော့ ဘယ်ကနေ ဘယ်လိုစပြီး လုပ်ရမှန်ကိုမသိကြတာပါll ဒါကြောင့်ဒီပိုစ်လေးကို တင်ဖြစ်သွားတာ သူငယ်ချင်းတစ်ယောက်ကလည်း ဒီလုပ်နည်းလေးကို ဖုန်းဆက်ပြီးမေးနေခဲ့လို့ပါll ပုံတွေနဲ့အတူတကွ တင်ပေးဖို့ကြိုးစားပေမယ့် MPT လိုင်းကလည်း သ်တဲ့အတိုင်းပဲ ကျနေလို့ စာတွေပဲ တင်ဖြစ်သွားခဲ့ရတာပါll တကယ်တော့ ဒီနည်းလေးက Window ထဲမှာပါပြီးသားကို မိမိတို့ဘာသာ ဖန်တီးယူရမယ့်နည်းလေးတခုပါပဲll လိုအပ်တာကတော့ CD အလွတ်တချပ် (CD အသစ်ကိုပြောတာပါ) ခွေကူးဖို့ CD/DVD Drive မပါတဲ့သူများကတော့ Backup File ပဲလုပ်ပါ CDခွေမကူးလည်း ရပါတယ်ll ဒါပေမယ့် EXTERNAL DVD DRIVE ရှိရင်တော့ အခွေကူးထုတ်ထားတာက ပိုကောင်းပါတယ် အဲဒီအခွေက Boot တတ်တဲ့အခွေဖြစ်တဲ့အတွက် Windows တစုံတရာ Error တက်ခဲ့ရင် Windows 7 တင်နည်းအတိုင်းဝင်ပြီး ပြန်ပြင်လို့ရပါတယ် Boot မှာ mgr is missing လို့Error မျိုးဖြစ်ခဲ့ရင် အခုကူးယူမယ့် Repair CD နဲ့ပြန်ပြင်လို့ရပါတယ် Windows ထဲမှာ မသိမ်းရသေးတဲ့ Data တွေပျက်မသွားပါဘူး အားလုံးပြန်ယူလို့ရပါတယ် Boot mgr is missing error မျိုးဖြသ်ခဲ့ရင် စာကြောင်းလေးး ၂ ကြောင်းပဲပေါ်နေပါလိမ့်မယ် Starting windows ပေါ်မလာတော့ပါဘူး……

No comments:
Post a Comment