Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, September 12, 2014

မလေးရှားနိုင်ငံမှ နာမည်အကြီးဆုံး Proton ကားထုတ်လုပ်သည့် ကုမ္ပဏီ မြန်မာနိုင်ငံ၌ အရောင်းပြခန်း ဖွင့်လှစ်ရန် စီစဉ်



မလေးရှား နိုင်ငံမှ နာမည် အကြီးဆုံး မော်တော်ယာဉ် ထုတ်လုပ်သည့် Proton ကုမ္ပဏီသည် ရန်ကုန်မြို့ နှင့် မန္တလေး မြို့ကြီးများ၌ Proton ယာဉ်များ သီးသန့် ရောင်းချမည့် Proton ယာဉ် အရောင်း ပြခန်းကို ဖွင့်လှစ်ရန် စီစဉ် ထားကြောင်း အဆိုပါ ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

" Proton ကားက မလေးရှား နိုင်ငံရဲ့ ပြည်တွင်းဖြစ် ထုတ်လုပ်တဲ့ ကားကောင်း တွေပါ ၊ ကားတွေရဲ့ ဈေးနှုန်း ကလည်း ဂျပန်ကား တွေရဲ့ ဈေးနှုန်းထက် အများကြီး သက်သာ ပါတယ် ၊ မလေးရှား နိုင်ငံထုတ် Proton ကားတွေကို မြန်မာ ပြည်သူတွေ ကြိုက်ကြမယ် လို့ ထင်ပါတယ် ၊ ဒါကြောင့် မြန်မာနိုင်ငံ အတွင်းမှာ Proton ကားတွေကို ရောင်းချဖို့ ရည်ရွယ်ပြီး Proton ယာဉ် အရောင်းပြခန်း တွေ ဖွင့်လှစ်ဖို့ စီစဉ် ထားတာပါ .. " ဟု ၄င်းက ပြောသည်။

Proton ကားကုမ္ပဏီ သည် မြန်မာနိုင်ငံ ၌ ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် Proton ယာဉ် အရောင်း ပြခန်းများ ဖွင့်လှစ်ရန် စီစဉ် ထားပြီး ၂၀၀၉ ခုနှစ် မော်ဒယ်လ် အထက် ကားများကိုသာ တင်သွင်း ရောင်းချ သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ ကုမ္ပဏီသည် မြန်မာနိုင်ငံ ၌ Proton ယာဉ်အပိုပစ္စည်းထုတ်လုပ်သည့် စက်ရုံကိုလည်းတည်ဆောက် သွားရန် စီစဉ်ထားကြောင်း သိရသည်။ Proton ယာဉ် အရောင်းပြခန်း ဖွင့်လှစ်သည့် အခါတွင် Proton Four Wheel ယာဉ်များထက် Proton ဆလွန်း များကိုသာ အဓိက ရောင်းချ သွားမည် ဖြစ်သည်။ Proton ကား အများစုသည် ဓာတ်ဆီကား အမျိုးအစားများ ဖြစ်ပြီး ဒီဇယ်ကား နည်းကြောင်း သိရသည်။

မလေးရှား နိုင်ငံ၌ ယင်းနိုင်ငံထုတ် Proton ကားများအား အသုံးပြုမှု များပြား၍ အစီးရေ သိန်းနှင့်ချီ၍ ရောင်းချ ရကြောင်း သိရှိရသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ