Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 13, 2014

လက်နက်ကြီးကျည်ကျတဲ့ ဒေါနတောင်ကျော်ကားလမ်း ပုံမှန်ပြေးဆွဲ

အောက်တိုဘာ - ၁၂ - ၂၀၁၄

မြ၀တီ-ကော့ကရိတ် ဒေါနတောင်ကျော် ကားလမ်းပေါ်မှာ မနေ့မနက်ပိုင်းက လက်နက်ကြီးကျလို့ ခရီးသွား ၄ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပေမဲ့ ယာဉ်တန်း အတက်အဆင်း ကတော့ ပုံမှန် ပြေးဆွဲ လျှက်ရှိပါတယ်။

ဒီနေ့ယာဉ်တန်းအတက်နေ့မှာ ဘားအံကနေတက်လာတဲ့ စောအဒီးက" ဒီနေ့တက်လာတာ ဘာမှတော့မဖြစ်ဘူး ကံကောင်းတယ်ဘဲ ပြောရမယ် မတတ်နိုင်ဘူးလေ ကိုယ်အပူနဲ့ကိုယ်ဆိုတော့ ကံတရားလို့ဘဲ သဘောထားလိုက်တယ်"လို့ဆိုပါတယ်။

ဒီနေ့ယာဉ်တန်း အတက်နေ့မှာခါတိုင်းလိုဘဲ ခရီးသွားတွေပုံမှန်အတိုင်းပါဘဲ ဆိုပြီး ဒီလမ်းမှာပြေးဆွဲတဲ့ ကားသမားတဦးကဆိုပါတယ်။

ယာဉ်မောင်းတဦးဖြစ်တဲ့ ကိုအောင်ကတော့" မနေ့ကဖြစ်တာ ကျနော်တို့နဲ့ မနီးမဝေးမှာဘဲ မှာဘဲဖြစ်သွားတာပါ ကျနော်ထင်ပါတယ် စစ်တပ်ကိုပစ်တာ လိုရာမရောက်ဘဲ ခရီးသည်တွေထိသွားတာနဲ့တူပါတယ် ဘယ်သူဘဲဖြစ်ဖြစ်ပေါ့လေ ဒါမျိုးကမလုပ်အပ်ဘူးလေ တွေ့ဘူးတာတွေပြောရမယ်ဆိုရင် စစ်တပ်ကဘဲပစ်ပစ် သူပုန်တွေကဘဲပစ်ပစ် တလွဲတချော်တွေကြီးဘဲ ကြည့်ရတာဒီလူတွေ သင်တန်းကောင်းကောင်း မတက်ရဘူးနဲ့တူတယ်" ဆိုပြီး သူ့ထင်မြင်ချက်ကိုပြောဆိုပါတယ်။

ဒီဖြစ်စဉ်ကြောင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းကို ထိခိုက်မှုမရှိဘဲ ပုံမှန်ကုန်သွယ်မှုတွေ စီဆင်းနေပါတယ်။

ကုန်သည်တဦးကတော့ " လူတွေကကိုယ့်အပူနဲ့ကိုယ် သွားလာလုပ်ရှားနေကြရတယ် ချ ချင်ရင်သူတို့အချင်းချင်းချပေါ့ ဘာလို့မဆီမဆိုင် အရပ်သားတွေကို လာလုပ်ရတာလဲ ဘယ်သူဘဲလုပ်လုပ် သူတို့ကိုပြောချင်တယ် ကံကံရဲ့အကျိုးဆိုတာရှိတယ် မယုံမရှိနဲ့လို့ဆိုပါတယ်။

ဒီလမ်းပေါ်မှာ ပြေးဆွဲနေတဲ့ ယာဉ်ကြီးယာဉ်ငယ်အသွယ်သွယ်က နေ့စဉ်အစီးရေ (၈၀၀) အထက်မှာရှိတယ်ဆိုပြီး သင်္ကန်းညီနောင်မှာ အဲဒီကားတွေကိုပိုက်ဆံကောက်တဲ့ ဂိတ်က လူငယ်တဦးကဆိုပါတယ်။

် ။

ပုံစာ - မနေ့ကလက်နက်ကြီးကျလို့ ဒဏ်ရာရရှိသွားတဲ့လူတွေကို ကော့ကရိတ်ဆေးရုံမှာ တွေ့ရတာပါ။



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ