Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 13, 2014

အဖမ်းခံရသူများရဲ့ မိသားစု ထိုင်းကိုလိုက်သွားမည်

ထိုင်းနိုင်ငံတောင်ပိုင်း ခိုထောင်ကျွန်းလူသတ်မှုနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံမှာ ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ ၂ ဦးကို သွားရောက် တွေ့ဆုံမယ့် သူတို့မိသားစုဝင် တွေဟာ ကျောက်ဖြူမြို့ကနေ ရန်ကုန်မြို့ကို ဒီနေ့ ညနေက လေကြောင်းခရီးနဲ့ ရောက်ရှိ လာပါတယ်။

ကိုဝင်းဇော်ထွန်းရဲ့ဖခင် ဦးထွန်းထွန်းထိုက်က ဒီလူသတ်မှုနဲ့ ပတ်သက်တဲ့ တရားခံ အစစ်အမှန်ကို သက်ဆိုင်ရာ တာဝန်ရှိ သူတွေ အနေနဲ့ အမြန်ဆုံး ဖော်ထုတ်ပေးစေ လိုပါတယ်လို့ မင်္ဂလာဒုံ လေဆိပ်ကို ဒီနေ့ရောက်ရှိ လာချိန်မှာ ပြောကြား ခဲ့ပါတယ်။

"ကျနော့်သားရဲ့ အကျင့်စရိုက်ကို ငယ်ငယ်လေးကတည်းက ကျနော်သိတာပေါ့၊ ဒီနေ့ ကမ္ဘာအရပ်ရပ်က ဝေဖန်သုံးသပ်နေတာတွေ တွေ့မြင်နေရတာတွေ မဖြစ်နိုင်ဘူးလို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ကျနော်တို့ အမှန်ဆုံးနည်းလမ်းနဲ့ မြန်မြန်ဆန်ဆန်လေး အမှုမှန်ပေါ်ပေါက်အောင်လို့ ကျနော့်သား အခုမဟုတ်ပဲနဲ့ ခံနေရတာ၊ တရားခံအစစ်အမှန်ကို ရှာဖွေပေးပါလို့ ကျနော်တောင်းဆိုချင်ပါတယ်"

ဖမ်းဆီးခံထားရသူ နှစ်ဦးရဲ့ မိသားစုဝင်တွေဟာ ရခိုင်ကွန်ရက်ရဲ့ အကူအညီနဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူကနေ ရန်ကုန်မြို့ကို ရောက်ရှိလာတာဖြစ်ပါတယ်။ နိုင်ငံကူးလက်မှတ်အပါအဝင် လိုအပ်တာတွေကို ပြင်ဆင်ပြီး ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ မိသားစုဝင်တွေကို သွားရောက်တွေ့ဆုံမယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင်က လိပ်ကျွန်း (ခေါ်) ခိုတောင်းကျွန်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့က ဗြိတိန်နိုင်ငံသား ၂ ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို ထိုင်းရဲတပ်ဖွဲ့က တရားစွဲဖို့ ပြင်ဆင်နေပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ