Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, November 21, 2014

ကျွန်းသစ်မှောင်ခိုကားတိမ်းမှောက် လုံခြုံရေးယူပေးသည့် တပ်မတော်ရဲဘော် တစ်ဦးသေဆုံး

20 November 2014 21:13(+0630) (လွန်ခဲ့သော 21 နာရီ ခန့်က)
နိုဝင်ဘာ ၂၀ ရက် ၂၀၁၄

သျှမ်းပြည်တောင်ပိုင်း၊ အရှေ့တောင်ပိုင်း သံလွင်မြစ်ဝှမ်းအတွင်း ကျွန်းသစ်များ ခိုးထုတ်သည့် မှောင်ခို သစ်တင် ကားတစီး တိမ်းမှောက်ရာ လုံခြုံရေးလိုက် ယူပေး သည့် အစိုးရ တပ်မတော် ရဲဘော်တဦး သေဆုံးသည်ဟု နီးစပ် သည့်အသိုင်း အ၀ိုင်းကပြောသည်။

သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်နှင့် သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် မိုင်းဆတ်မြို့နယ် အတွင်းရှိ ကျွန်းသစ်များအား သယ်ထုတ်စဉ် မိုင်းတုံမြို့ နှင့် သံလွင်မြစ်ကူး တာ့ဆန်းတံတားအကြား တောင်သုံးလုံး တောင်ကြော၌ နိုဝင်ဘာ ၁၆ ရက်နေ့က သစ်ကားတစီးတိမ်းမှောက်ကြောင်း၊ လုံခြုံရေးလိုက်လံ ယူပေး သည့် မိုင်းတုံ အခြေစိုက် ခမရ ၅၁၉ မှ ရဲဘော် တဦးသေဆုံးကြောင်း အမည် မဖေါ်လိုသည့် ပြည်သူ့စစ်အရာရှိ တဦးက ပြောသည်။

``အလှည့်ကျ တာဝန်ယူပေးတယ်။ လမ်းမှာလဲ သူတို့တပ်တွေကို ဖြတ် သန်း ခ ပေးရတယ်။ ရဲ စရဖ အစ အာဏာပိုင်တွေ အားလုံးပေးရတယ်။ ပိုင်ရှင် က ရှေ့ပြေးပေးတယ်။ ကျပ်သန်းပေါင်းများစွာကုန်တယ်။ တည တည သစ် ကားဖြတ်သန်းတာ အစီး ၃၀ ကျော်တယ်။ တရုတ် လုပ်လေးလုံးထိုးကားတွေ။ အဲဒါ ဒီမိုင်းတုံမှာ ရှိတဲ့ တပ်တွေက အလှည့်ကျ တာဝန်ယူပြီး လုံခြုံရေး လိုက်ယူ ပေးတယ်´´ - ဟု သစ်ကုန်သည် အသိုင်းအ၀ိုင်းကပြောသည်။

သစ်မှောင်ခိုကားများသည် သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံ၊ မိုင်းဆတ်မြို့တို့မှ တဆင့် မိုင်းခွန်၊ ကျိုင်းတုံသို့ သယ်ယူကာ တဘက်နိုင်ငံသို့ ပို့ဆောင်ကြောင်း၊ သယ်ယူသည့်ခရီးစဉ်တလျှောက်လုံး ဒေသအတွင်း တပ်မ တော်တပ်မှူး များအပါဝင် ဒေသခံလက်နက်ကိုင်တပ်ဖွဲ့များပါဝင်မှု ရှိနေကြောင်းလည်း ဆိုသည်။

ထိုသစ်များခုတ်ဖြတ်သယ်ယူခွင့်အား လက်နက်ကိုင်အဖွဲ့အစည်းတခုက နာ မည်ခံပေးကြောင်း၊ တရုတ်၊ ကုလား ငွေရှင်များက နေပြည်တော်ထံမှ ပါမစ် ယူကာ သစ်များအား အဆပေါင်းများစွာ တန်ပိုခုတ်ဖြတ်ကာ သယ် ထုတ်နြေ ခင်းဖြစ်ကြောင်း၊ ဒေသခံ တောင်သူလယ်သမားများအား လုပ်အား အငှားယူပြီး စက်ချိန်းလွှ ဖြင့်နေ့စဉ်ခုတ်ဖြတ်စေကြောင်း၊ အလုပ်လုပ်ရာတွင် ယာဘပါသုံး ခိုင်းသောကြောင့် လုပ်အားခများ ထုတ်ပေး ရာတွင် ယာဘဆေး အတွက် ပြန် နုတ်ပါက မိသားစုဝင်ငွေ မကျန်တော့ကြောင်း အဆိုပါ သစ်မှောင်ခိုအသိုင်း အ၀ိုင်းက ပြောသည်။

``အရင်က မိုင်းဆတ်ကနေ တာချီလိတ်၊ ဟွေ့လင်လမ် နမ့်ပုံ ကနေတဆင့် သယ်ထုတ်တယ်။ ကျွန်းတုံးတွေ အပေါ် ပြောင်းဖူးတွေတင်ပြီး မဲခေါင်မြစ်ကနေ တဆင့် တရုတ်၊ ဒါမှမဟုတ် ထိုင်းကို ပို့တာ၊ အခုတော့ အဲဒီ့ဘက် သိပ်မလာေ တာ့ဘူး။ ကျိုင်းတုံ ကိုသွားတယ်။ တခါတလေ နှစ်နိုင်ငံအာဏာပိုင်တွေနဲ့ အဆင်ပြေ ရင်၊ ကျွန်းသစ်ကားတွေက တာချီလိတ်-မယ်ဆိုင် အမှတ် ၂ တံတားကနေ ထိုင်းကို ပေါ်တင်ဘဲဝင်တာလဲ ရှိတတ်တယ်´´ - ဟု တာချီတ်သစ်ကုန်သည်အသိုင်းအ၀ိုင်း စိုင်းဝမ်းလျဲန်းက ပြောသည်။

သျှမ်းပြည်ထွက် ကျွန်းသစ်များအား နိုင်ငံခြားသို့ ၂၀၁၂ ခုနှစ်အတွင်း တန်ချိန် နှစ်သိန်းထက်မနည်း တင်ပို့ နိုင်ခဲ့ သည်ဟု သျှမ်းပြည်နယ် သစ်တော သတ္တု ၀န်ကြီး စိုင်းအိုက်ပေါင်း ကပြောသည်။ အဆိုပါ ကျွန်းသစ်မှ ရ သည့် အ ခွန်အခများအား ပြည်ထောင်စုအစိုးရက သျှမ်းပြည်နယ် အစိုးရထံ ၃% နှုန်းသာ ခွဲဝေပေးကြောင်း၊ ပြည်ထောင်စုအစိုးရထံမှ ၅၀% ခွဲဝေပေးမည်ဆိုပါက သျှမ်းပြည်နယ်အတွက် ၀င်ငွေ အများအပြားရစေ မည်ဖြစ်ကြောင်း - ချင်းမိုင်မြို့ လူမှုအသင်းအဖွဲ့နှင့်တွေ့ဆုံစဉ် ၀န်ကြီး စိုင်းအိုက်ပေါင်းက ပြောကြားသည်။


ဓါတ်ပုံ - သျှမ်းပြည်တွင်း သစ်မာများနေ့စဉ် ထုတ်လုပ်သယ်ဆောင်နေ


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ