Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, November 21, 2014

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ပေါ် မှာ မူးယစ်ဆေးဝါး ပေါ် တင် ရောင်းဝယ် သုံးစွဲနေ

20 November 2014 21:15(+0630) (လွန်ခဲ့သော 21 နာရီ ခန့်က)
နိုဝင်ဘာ ၂၀ ရက် ၂၀၁၄

မူးယစ်ဆေး ရောင်းဝယ်သုံးစွဲ သူများ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ မြို့ပေါ် ရပ်ကွက်အချို့မှာ ဘိန်းဖြူ ရာဘ စသည့် မူးယစ် ဆေးဝါးများကို လမ်းကြို လမ်းကြားတွင် ပေါ်တင်ရောင်းဝယ် သုံးစွဲနေသည်ဟု လားရှိုးမြို့သား များကပြောသည်။

လားရှိုးမြို့ ပန်အုတ် ရပ်ကွက် ခေါ် ရပ်ကွက် ၅ က ၃၇ လမ်းကစလို့ ၄၃ လမ်းအထိ တရုတ်ဘုံကျောင်းလမ်း နှင့် အခြားလမ်းကြားများတွင် ဘိန်းဖြူ၊ ရာဘ၊ အိုက်စ် မူးယစ်ဆေးဝါးများ ပေါ်တင်ရောင်းဝယ်သုံးစွဲ နေသည် မှာ ရပ်ကွက်သူရပ်ကွက်သားများအတွက် ရိုးနေပြီဖြစ်ကြောင်းဒေသခံ ရပ်မိရပ်ဖ စိုင်းတိယ က ယခုကဲ့သို့ ပြော ပြပါသည်။

``ရိုးနေပြီ။ အများဆုံးက ရပ်ကွက် ၄ ရပ်ကွက် ၅ ၊ ရပ်ကွက် ၇ ပေါ့။ အဲဒီ ရပ်ကွက် ၄ - ၅ ကနေ ကချင်ရွာ အထိ ဒီအတိုင်း ရောင်းဝယ်နေတာ။ လိုင်စင်ရသလိုဘဲ။ ကျနော့်ရဲ့သားတောင် သွားလုပ်တယ်။ အခု နယ်စပ် ဘက် မူးယစ်ဖြတ်စခန်းမှာ သွားပို့ထားတာ၊ စိတ်ညစ်တယ်ဗျာ။ ရဲတွေလဲ မလုပ်နိုင်ေ တာ့ဘူး။ ဆယ်နှစ် ဆယ်မိုးလောက်ရှိပြီ။ ဒီနေရာက´´ - ဟု ပြောသည်။

၎င်းတို့အား မူးယစ်ဆေးဝါး ဖြတ်ပေးရန်အတွက် သြစတေးလျ အခြေစိုက် NGO တခုက ရပ်ကွက် ၄ တွင် မူးယစ်တိုက်ဖြတ်ရေးစခန်းတခု လုပ်ပေးကြောင်း၊ ထိုအဖွဲ့မှ ၄င်းမူးယစ်ဆေးဝါးသုံးစွဲသူများ ဆေးထိုးအပ် ဆလင်း အသစ် လဲလှယ် သုံးစွဲနိုင်ရန် တခါသုံးဆလင်းနှင့်အပ်များ မကြာခဏ သွားချပေးထားကြောင်း အမည် မဖေါ်လိုသည့် အသိုင်းအ၀ိုင်းတဦးကပြောသည်။

သျှမ်းပြည်နယ် မူးယစ်ဆေးဝါးသည် ကမ္ဘာမှာ အာဖကန် နစ်စတန်ပြီးလျှင် ဒုတိယ အများဆုံးထုတ်လုပ်သည့် ဒေသ တခုဖြစ်သည်။ မြန်မာနိုင်ငံ တ၀ှမ်း လုံး၏ မူးယစ်ဆေးဝါး ထုတ်လုပ်မှု ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ၉၆ ရာခိုင်နှုန်း ထွက်ရှိသည်ဟု ကမ္ဘာ့မူးယစ်ဆေးဝါးနှင့်ရာဇ၀တ်မှုတိုက်ဖြတ်ရေး UNODC က ထုတ်ပြန်ထား ဖူးသည်။


ဓါတ်ပုံ - လားရှိုးမြို့ လမ်းဘေးမြောင်း တနေရာက


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ