ထိုသို့မြေငလျင် လှုပ်ခတ်သွားမှုကြောင့် ချောက်မြို့နှင့် နီးစပ်သော စလင်းမြို့နယ်ရှိ မြေစိုက်အိမ်များ လှုပ်ရမ်းခဲ့ပြီး ဈေးအတွင်းရှိ ဗီဒိုကြီးများလည်း လှုပ်ရမ်းသွားခဲ့ပြီး ဒေသခံများပင် အထိတ်တလန့် ဖြစ်ပေါ်ခဲ့ကြကြောင်း စလင်းမြို့ခံများက ပြောကြသည်။
ယင်းမြေငလျင် ဖြစ်ပေါ်မှုကြောင့် ဆိုင်ကယ်စီးသူများ မူဝေပြီး ခေတ္တမျှ နားနေရပြီး ဘဏ်သို့ငွေလွဲ ငွေထုတ်ရန် ရောက်နေသူ အမျိုးသမီး ငယ်တဦး သစ်သားထိုင်ခိုင် ပေါ်မှ ပြုတ်ကျခဲ့ကြောင်း မြန်မာ စီးပွားရေး ဘဏ်သို့ ငွေသွင်းငွေထုတ် လုပ်နေသူတဦးက ၎င်း၏ အတွေ့အကြုံကို ပြောဆိုသည်။
မြေလတ်ဒေသတွင် လွန်ခဲ့သော ၃၉နှစ်တာကာလက အကြီးဆုံး လှုပ်ခတ်ခဲ့သော ပုဂံငလျင်မှာ ၁၉၇၅ခုနှစ်တွင်ဖြစ်ပြီး ယင်းနောက်ပိုင်း ပြင်းပြင်းထန်ထန် လှုပ်ခတ်ခဲ့မှုမရှိပဲ ပုဂံငလျင် လှုပ်ခတ်ခဲ့သော အချိန်က မြေလတ်ဒေသရှိ စေတီပုထိုးများစွာ ပျက်စီးသွား ခဲ့ရကြောင်း ထိုငလျင်ဘေးကို ကိုယ်တိုင်ကြုံတွေ့ခဲ့သူ အသက်၇၀အရွယ်ရှိ ဒေါ်ညွန့်ညွန့်က ပြောဆိုသည်။
No comments:
Post a Comment