ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, November 18, 2014

ဖွဲ့စည်းပုံ မပြင်ဆင်ရေး တပ်မတော် ကိုယ်စားလှယ်တွေ အသားပေး ဆွေးနွေး

17 November 2014 23:18(+0630) (လွန်ခဲ့သော 19 နာရီ ခန့်က)
လိုအပ်ရင် လွှတ်တော် ဖျက်သိမ်းဖို့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ (ကာလုံ) အနေနဲ့ သမ္မတ ကို အကြံ ပေးနိုင်တယ် ဆိုတဲ့ အခွင့်အရေးမျိုး ရှိလာအောင် တပ်မတော်သား ကိုယ်စားလှယ် တွေ ဘက်က လွှတ်တော်တွင်း ဆွေးနွေး လာခဲ့ ကြပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင် နိုင်ရေး အတွက် ပြည်ထောင်စု လွှတ်တော်တွင်း ဆွေးနွေး နေခဲ့ ကြတာမှာ လက်ရှိ ဖွဲ့စည်းပုံ အတိုင်းပဲ ထိန်းသိမ်းဖို့ တပ်မတော်သား ကိုယ်စားလှယ်တွေ ဘက်က အဓိက ဆွေးနွေး ခဲ့တဲ့ အပြင် အခုလို လွှတ်တော် ဖျက်သိမ်းခွင့် ဆိုတဲ့ အကြောင်းအရာ ကိုပါ ထပ်တိုး ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၁၇ ၇က်နေ့ မှာလုပ်ခဲ့တဲ့ အမတ် ၃၁ ဦးပါ အစည်းအဝေးမှာ၊ တပ်မတော် ကိုယ်စားလှယ် တွေကလည်း သူတို့ ဖြစ်စေချင်တဲ့ လမ်းကြောင်းကို တစိုက်မတ်မတ် ပြောခဲ့ကြသလို၊ ကြံခိုင်ရေး၊ NLD နဲ့ တိုင်းရင်းသား ပါတီ တွေရဲ့ ကိုယ်စားလှယ် တွေ ကလည်း ဖွဲ့စည်းပုံ အတွင်း ထည့်သွင်းချင်တဲ့ အကြောင်းအရာ တွေကို ကိုယ်စီ ပြောခဲ့ကြလို့ ဘုံ တူညီချက် မရှိသလောက်ပဲ ဆိုပြီး ပါဝင် ဆွေးနွေးခဲ့တဲ့ ပြည်သူ့ လွှတ်တော် အမတ် ဦးစိုင်းသီဟကျော် က ဘီဘီစီ ကို ပြောပါတယ်။

ဖွဲ့စည်းပုံ ပြင်နိုင်ရေးမှာ အဓိက ကျတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင် နိုင်ရေးကို NLD ပါတီ အနေနဲ့ ဦးတည် ဆောင်ရွက် နေသလို စစ်တပ် ဘက်ကလည်း လက်ရှိ ဖွဲ့စည်းပုံကို ကာကွယ်ရေး ကိုသာ အသားပေး နေတာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံ အရေးနဲ့ ပတ်သက်ပြီး နိုဝင်ဘာ ၂၅ ရက်နေ့ နောက်ဆုံးထား ဆွေးနွေးကြဖို့ ပြည်ထောင်စု လွှတ်တော်က ရည်ရွယ် ထားပါတယ်။



လိုအပ်လာတဲ့ အခါ ကာလုံ အနေနဲ့ လွှတ်တော် ဖျက်ဖို့ သမ္မတကို အကြံပြု နိုင်တယ် ဆိုတဲ့ အခွင့်ကို လွှတ်တော်တက် တပ်မတော် ကိုယ်စားလှယ် တွေက တောင်းဆို နေပါတယ်။


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ