ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ ည ၉ နာရီခွဲမှာ နေပြည်တော်က ထွက်ခွာဖို့ စီစဉ်ထားတဲ့ အိန္ဒိယ ၀န်ကြီးချုပ်ရဲ့ လေယာဉ်ခရီးစဉ်ဟာ လေဆိပ် ၀န်ထမ်းတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှု မရှိလို့ နှောင့်နှေး ခဲ့ရပြီးနောက် ည ၁၁ နာရီ ၂ မိနစ်မှာမှ ထွက်ခွာခဲ့ ရပါတယ်လို့ ဆိုပါတယ်။
“ကျနော်တို့လေယာဉ်ကို ဆီဖြည့်ပေးဖို့ မြေပြင်တာဝန်ရှိသူရဲ့ နှောင့်နှေးမှုကြောင့်ရယ် ပစ္စည်းပစ္စယ မပြည့်စုံမှုတွေကြောင့်ရယ် ၉၂ မိနစ်လောက် အချိန်နောက်ကျ သွားခဲ့ရတာပါ။ ဒီအကြောင်းကို သံရုံးနဲ့ အထူးကာကွယ်ရေးအဖွဲ့ SPG ကိုလဲ သတင်းပို့ထားပါတယ်” လို့ အဲအိန္ဒိယလေကြောင်း အရာရှိတဦးက ပြောပါတယ်။
ဝန်ကြီးချုပ်မိုဒီဟာ အာဆီယံ- အိန္ဒိယ ထိပ်သီးအစည်းအဝေးနဲ့ အရှေ့ အာရှထိပ်သီး အစည်းအဝေးပွဲတွေကို တခြားဒေသတွင်းခေါင်းဆောင်တွေနဲ့ အတူ တက်ရောက်ဖို့ နေပြည်တော်ကို လာရောက်ခဲ့တာ ဖြစ်ပါတယ်။




































No comments:
Post a Comment