Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, November 18, 2014

အစိုးရနှင့် KIA တိုက်ပွဲ ပြန်လည်ဖြစ်ပွား

18 November 2014 09:44(+0630) (လွန်ခဲ့သော 9 နာရီ ခန့်က)
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ၏ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇  တပ်ဖွဲ့နှင့် အစိုးရစစ်တပ်တို့ နိုဝင်ဘာလ ၁၆ရက်က ရင်ဆိုင်တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့သည်ဟု KIA အရာရှိတစ်ဦးက ပြောသည်။

မန်စီမြို့နယ် KIA တပ်ရင်း ၂၇ နယ်မြေ ခရှန် (Hka Shang)၊ Jan Chyai Hkret အနီးအစိုးရ၏ တပ်မ ၈၈ လက်အောက်ခံ တပ်ဖွဲ့များ ဝင်ရောက်လာသဖြင့် မွန်းလွဲ ၁၂ နာရီခွဲမှာ ၁ နာရီခွဲထိ တစ်နာရီကျော်ကြာ ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု တပ်ရင်း ၁၂ မှ အရာရှိတစ်ဦးက ပြောသည်။

“Jan Chyai Hkyet အနီးမှာ တိုက်ပွဲဖြစ်တာ။ သူတို့ (အစိုးရစစ်တပ်) က ကျနော်တို့ ရှိနေတဲ့ဘက်ကို ဝင်လာလို့ ရင်ဆိုင် တိုက်ပွဲ ဖြစ်သွားတာ၊ အကျအဆုံးက မသိဘူး။ အခုကျနော်တို့နေနေတဲ့နေရာနဲ့ ၃ မိုင်လောက်ဝေးတယ်” ဟု သူက ပြောသည်။

KIA ၏ Kachinnet.net တွင်လည်း အစိုးရ၏ တပ်မ ၈၈ လက်အောက်ခံ မကွေးအခြေစိုက် ခမရ (၃၁၇) အင်အား ၈၀ ကျော်သည် KIA တပ်ရင်း၂၇ နယ်မြေ အတွင်း ဝင်ရောက်လာသဖြင့် ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည် ဟု ဖော်ပြထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း လက်ရှိ တိုက်ပွဲ ဖြစ်ပွားခဲ့သော နေရာအနီး နမ်ခမ်းမှ မန်ဝင်းဘက် ဂေါင်ရုန်ဘက်သို့ အစိုးရ တပ်ရင်း ၄ ရင်းခန့် စစ်အင်အား တိုးမြင့်ချထားသည်ဟုဆိုသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းက မန်စီမြို့နယ်အတွင်း KIA တပ်ရင်း ၁၂ နှင့် ၂၇ နယ်မြေအတွင်း အစိုးရ စစ်တပ်နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သဖြင့် စစ်ပြေး ဒုက္ခသည် ထောင်နှင့်ချီသည် တရုတ်နယ်စပ် မိုင်းဂျာယန်၊ ဗန်းမော်နှင့် မန်ဝင်းကြီးဘက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့သည်။

ထို့ပြင် KIA တပ်မဟာ ၄ လက်အောက်ခံ နယ်မြေဘက်တွင်လည်း တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း မရှိသော်လည်း စစ်အင်အားလည်း တိုးမြင့်မှုများရှိနေဆဲဖြစ်သည်ဟု တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၉ မှ ဗိုလ်မှူးကြီး ဇော်ဆိုင်း က ပြောသည်။

“ကျနော်တို့ဘက်မှာတော့ အစိုးရစစ်တပ်က အင်အားတိုးချဲ့တာရှိတယ်။ ကျနော်တို့ကြားရတာက တပ်ပြောင်း တယ်လို့ ပြောတယ်။ ဒါပေမဲ့ စစ်တပ်က တက်သွားတာဘဲတွေ့တယ်။  ပြန်ဆင်းတာ မတွေ့ရသေးဘူး” ဟု သူက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေးကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အတွက် တွေ့ဆုံဆွေးနွေးရန် သဘောတူခဲ့သော်လည်း KIA အပါအဝင် SSPP/SSA ၊ DKBA တို့နှင့် အစိုးရ စစ်တပ်တို့ တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့သဖြင့်တွေ့ဆုံ ဆွေးနွေးမှု ရပ်ဆိုင်းခဲ့သည်။


ဖားကန့် ကျောက်စိမ်းမှော်မှ KIA တပ်ရင်း ၆ အား တိုက်ခိုက်ရန် ပြင်ဆင်နေတဲ့ အစိုးရ တပ်မ ၆၆ စစ်သားများ


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ