Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, November 22, 2014

အခြေခံဥပဒေ ပြင်ပေးဖို့ ပခုက္ကူမြို့မှာ လူ ၁၀၀၀ နီးပါး ဆန္ဒပြတောင်းဆို

21 November 2014 23:39(+0630) (လွန်ခဲ့သော 19 နာရီ ခန့်က)
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပေးဖို့ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့မှာ ဒေသခံ တစ်ထောင်နီးပါးလောက် ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ပုဒ်မ ၄၃၆ နဲ့ နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉(စ)တို့ကို ပြင်ဆင်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်တယ်လို့ ပခုက္ကူမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်ဌေးလှိုင်က ပြောပါတယ်။

"ပြည်သူတွေက ၄၃၆ ပုဒ်မကို ပြင်ဆင်စေချင်တယ်လေ၊ ၅၉(စ)၊ ၅၉(ဃ)ကို ပြင်ဆင်စေချင်တယ်၊ ဒါပေမဲ့ ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ မဟုတ်တဲ့ တပ်မတော် လွှတ်တော် ကိုယ်စားလှယ်တွေကလည်း ၄၃၆ နဲ့ ၅၉(စ)၊ ၅၉(ဃ) တွေကို မပြင်စေချင်ပါဘူးလို့ လွှတ်တော်ထဲမှာပြောလို့ကျတော့ လွှတ်တော်ဥက္ကဌကြီး ဦးရွှေမန်းက ပြောထားတယ်လေ၊ ပြည်သူ့အသံ လွှတ်တော်အသံ လို့ပြောပြီးတော့ ပြည်သူရဲ့အသံတွေကို ဂရုမစိုက်ပဲနဲ့ သူတို့ဘာသာသူတို့ လွှတ်တော်ထဲမှာ ဆွေးနွေးချင်တာတွေကို ဆွေးနွေးနေတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေတချို့ ရှိနေတဲ့အတွက်ကြောင့်မို့ ကျမတို့က ပြည်သူရဲ့အသံကို ထပ်တင်တဲ့အနေနဲ့ ဆန္ဒထုတ်ဖော်တာကို လုပ်တာပါ"

ဆန္ဒပြပွဲမှာ ပခုက္ကူမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေနဲ့ ဒေသခံတွေ ပါဝင်ခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုနေတဲ့ လေးပွင့်ဆိုင်တွေ့ဆုံပွဲဖြစ်မြောက်ဖို့၊ တရားဥပဒေစိုးမိုးမှုရှိဖို့နဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့တို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ