Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, November 22, 2014

အစိုးရထုတ်ပြန်ချက် အဖြစ်မှန်နဲ့ ကွဲလွဲနေကြောင်း ကေအိုင်အို ပြောကြား

21 November 2014 23:38(+0630) (လွန်ခဲ့သော 19 နာရီ ခန့်က)
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ရက်နေ့က အစိုးရစစ်တပ်က KIA သင်တန်းကျောင်းကို လက်နက်ကြီးနဲ့ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး တပ်မတော်က ရှင်းလင်းချက်ဟာ အဖြစ်မှန်နဲ့ ကွဲလွဲနေပြီး ထုတ်ပြန်ချက်ပါ စာသားတွေ အရ ညှိနှိုင်းဆွေးနွေးလိုတဲ့ သဘောထားမရှိတာ ကို တွေ့ရတယ်လို့ KIO ကချင်လွတ်မြောက်ရေး အဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဦးလာနန်းက RFA ကိုပြောပါတယ်။

အစိုးရထုတ်ပြန်တဲ့ ကြေညာချက် နောက်ဆုံးအပိုဒ်မှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို ခြိမ်းခြောက်တဲ့ စာသားတွေပါဝင်နေတယ်လို့ ဦးလာနန်းက ပြောပါတယ်။

"ထုတ်ပြန်ကြေညာချက်ထဲမှာတော့ နောက်ဆုံးစာတမ်း မှာ ထည့်ထားတာတစ်ခုကတော့ နှောင့်ယှက်တိုက် ခိုက်မှုများ ထပ်မံပြုလုပ်ခြင်းများ မရှိစေရေးအတွက် သတိပေး အကြောင်းကြားထားပြီးဖြစ်ကြောင်း ဆိုတဲ့ဝေါဟာရဟာ ဒါဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံးကို အမိန့်ပေးတဲ့ပုံစံ၊ လုံးဝလာမထိနဲ့ဆိုတဲ့ပုံစံ နောက်နောင်ဒီလိုပုံစံ ဆက်ပြီးဖြစ်လာနိုင် တယ်၊ လက်နက်ကြီးတွေနဲ့ ထပ်ပြီးတော့ပစ်ပါ့မယ်ဆိုတဲ့ သတိပေးတာမျိုးပါတယ်၊ တင်းမာတဲ့ပုံစံနဲ့ ဒီထုတ်ပြန်ကြေညာချက် ထုတ်တဲ့အပေါ်မှာတော့ ဘယ်လိုမှ ကျေနပ်စရာအကြောင်းရင်းမရှိဘူး၊ ဒါဟာ ညှိနှိုင်းဆွေးနွေးလိုတဲ့ ဆန္ဒမဟုတ်ပဲနဲ့ အမြစ်ပြတ်ချေမှုန်းမယ်ဆိုတဲ့ အဓိပ္ပါယ်သဘောဆောင်တယ်လို့ မှတ်ယူရမယ်"

ဒီကနေ့ မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြချက်အရ လမ်းဖေါက်တဲ့ စစ်သည်တွေကို KIA က လက်နက်ကြီးနဲ့ တိုက်ခိုက်တာကြောင့် လုံခြုံရေး လိုက်ပါလာတဲ့စစ်ကြောင်းက တုန့်ပြန်ပစ်ခတ်တဲ့အတွက် ထိခိုက်ဒါဏ်ရာရတာတွေ ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမယ့် KIO အဖွဲ့က ပြောဆိုရာမှာတော့ အစိုးရတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာဟာ ဗိုလ်သင်တန်းကျောင်း အထက် နှစ်မိုင်ခန့်အကွာ ခရာဘွမ်တောင်ကုန်းပေါ်ကနေ ပစ်ခတ်တာဖြစ်ပြီး အစိုးရတပ်တွေနဲ့ KIA ရှေ့တန်းစခန်း တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ လက်နက်ကြီးကျည်ထိမှန်တဲ့ ဗိုလ်သင်တန်းကျောင်းနဲ့ မိုင်၂၀ကျော်ဝေးတယ်လို့ ဆိုပါတယ်။

လက်နက်ကြီးပစ်ခတ်မူကြောင့် သင်တန်းကျောင်း စစ်ရေးပြကွင်းမှာ လေ့ကျင့်နေတဲ့ သင်တန်းသား ၂၃ ဦးသေဆုံးပြီး ၂၀ကျော် ဒါဏ်ရာရရှိပါတယ်။ သေဆုံးသူတွေကို ဒီကနေ့ မနက်ပိုင်းက လိုင်ဇာမြို့မှာ စစ်အခမ်းအနားနဲ့ သင်္ဂြိုဟ်လိုက်ပြီလို့ သိရပါတယ်။



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ