၁၂.၁၁.၂၀၁၄ ရက်နေ့ ၁၃၃၀ အချိန် လှည်းကူးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လှည်းကူး ဆေးရုံသို့ မွေးကင်းစ ကလေးငယ်တစ်ဦး လာရောက်ပို့အပ်ထားကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ အချင်းဆက်လျက် ကိုယ်အလေးချိန် (၁.၂)ကီလိုဂရမ်ရှိ မိန်းကလေးဖြစ်ပြီး မွေးဖွားပြီး နာရီပိုင်းအတွင်း စွန့်ပစ်ခဲ့သည့် အခြေအနေရှိကြောင်း တွေ့ရှိရပါသည်။
ဖြစ်စဉ်အားစုံစမ်းရာ ၎င်းကလေးငယ်အား ၁၂.၁၁.၂၀၁၄ ရက်နေ့ ၀၇၀၀ အချိန် ခန့်တွင် လှည်းကူးမြို့နယ်၊ သာယာကုန်းကျေးရွာ၊ မိုးကုတ်ဝိပဿနာ၊ ရွှေတွင်းကြီး ကျောင်းဘေးရှိ လူနေအဆောက်အဦအနီး အိမ်သာဘေးတွင် အ၀တ်အထည် မပါရှိဘဲ စွန့်ပစ်ထားသည်ကိုတွေ့ရှိရသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် ပတ်ဝန်ကျင်ရှိပြည်သူများမှ လှည်းကူးဆေးရုံသို့ ပို့အပ်ပေးခဲ့သဖြင့် ဆေးရုံတွင် စောင့်ရှောက်ထား ရှိခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ယင်းသို့ မွေးကင်းစ ကလေးငယ်အား စွန်ပစ်သွားသူကို အရေးယူနိုင်ရန် အတွက် လှည်းကူးမြို့မရဲစခန်း (ပ)၄၈၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၁၇ ဖြင့် အမှုဖွင့်ကာ စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။




































No comments:
Post a Comment