Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, November 13, 2014

ရထားလမ်းကူးနေရာ၌ ရထားနှင့် ဆိုင်ကယ်တို့ တိုက်မိသဖြင့် (၁)ဦးသေ၊ (၁)ဦးဒဏ်ရာရ

13 November 2014 12:40(+0630) (လွန်ခဲ့သော 6 နာရီ ခန့်က)
ရန်ကုန်၊ နိုဝင်ဘာ ၁၃

၁၂.၁၁.၂၀၁၄ ရက်နေ့ ၂၁၅၀ အချိန်တွင် တိုက်ကြီးမြို့နယ်၊ မင်္ဂလာရပ်ကွက်ရှိ ရန်ကုန်-ပြည်ရထား လမ်းကူးနေရာတွင် ရထားနှင့် ဆိုင်ကယ်တို့ တိုက်မိမှု ဖြစ်ပွားခဲ့ပါသည်။

ဖြစ်စဉ်မှာ အမှတ်(၇၀)အစုန် လော်ကယ်ရထားသည် သာရဝေါမှ ရန်ကုန်ဘက်သို့ မောင်းနှင်လာစဉ် အဆိုပါနေရာအရောက် တိုက်ကြီးမြို့နယ်နေ ကိုချစ်စန်းဦး၊ (၂၆)နှစ်မောင်းနှင်ပြီး ကိုချစ်စန်းကို၊ (၂၅)နှစ်တို့ လိုက်ပါစီးနင်းလာသည့် ဆိုင်ကယ်မှ ရထားလမ်းကူးအား ဖြတ်သန်းမောင်းနှင်ခဲ့ရာမှ တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

ထိုသို့တိုက်မိမှုကြောင့် ကိုချစ်စန်းဦးမှာ ဦးခေါင်းကွဲ၊ နားသွေးထွက် ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာ တွင် သေဆုံးသွားပြီး ကိုချစ်စန်းကိုတွင် ဦးခေါင်းနှင့် ၀ဲမျက်ခုံးကွဲ ဒဏ်ရာများ ရရှိခဲ့သဖြင့် တိုက်ကြီး မြို့နယ်ဆေးရုံတွင် အတွင်းလူနာ (စိုးရိမ်ရ)အဖြစ် တက်ရောက် ကုသခဲ့ရပါသည်။

ယင်းသို့ဖြစ်ပွား ခဲ့သည့် အတွက် ဆိုင်ကယ် မဆင်မခြင်မောင်းနှင်သူ ကိုချစ်စန်းဦး (သေဆုံး)အား အရေးယူပေးရန် တိုက်ကြီးမြို့ မီးရထား ဘူတာရုံပိုင်ကြီးမှ တိုင်တန်းချက်အရ တိုက်ကြီးမြို့မရဲစခန်း (ပ)၄၈၄/၂၀၁၄၊ မီးရထားအက်ဥပဒေ ပုဒ်မ-၁၂၉ ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ