20 November 2014 06:01(+0630)
(လွန်ခဲ့သော 12 နာရီ ခန့်က)
အစ္စလာမ္မစ် နိုင်ငံတပ်တွေ မင်းမူနေတဲ့ ဆီးရီးယား နိုင်ငံ အရက်ကာ မြို့ကို
ရောက်သွားတဲ့ သမီး ဖြစ်သူကို ဒတ်ခ်ျ လူမျိုး မိခင်က ပြန်ပြီး
ခေါ်လာခဲ့ရပါတယ်။
သမီး ဖြစ်သူ Aicha ကိုတော့ သူ့ ဇာတိ Maastricht မြို့ ပြန်ရောက်တာနဲ့ ဖမ်းဆီး လိုက်ပါတယ်။
တချိန်က နယ်သာလန် စစ်တပ်မှာ ထမ်းဆောင်ဖူးတဲ့ တူရကီ နွယ်ဖွား IS တပ်သား
တယောက် နဲ့ လက်ထပ်ဖို့ ဖေဖော်ဝါရီ လက သမီး ဖြစ်သူ လိုက်သွားခဲ့တာ
ဖြစ်ပါတယ်။
အိမ်ထောင်ရေး အဆင်မပြေ မှုကြောင့် သမီး လုပ်သူက ပြန်ခေါ်ဖို့ တောင်းပန် ခဲ့ပါတယ်။
ရဲက တားတဲ့ကြားက အမေ ဖြစ်သူ မော်နစ် က ခရီးကြမ်းကို အပြင်းနှင်ပြီး ဆီးရီးယားကို လိုက်သွားခဲ့တာ ဖြစ်ပါတယ်။
သမီးဖြစ်သူ ကို တူရကီ ကနေ နယ်သာလန် ကို ပြန်ခေါ် ခဲ့တာ ဖြစ်ပါတယ်။
 |
| Raqqa မြို့ က အစ္စလာမ္မစ် တပ်တွေ |
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ
No comments:
Post a Comment