Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, November 20, 2014

NLD ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးထင်လင်းဦးကို တရားစွဲဆိုမည်

20 November 2014 05:56(+0630) (လွန်ခဲ့သော 12 နာရီ ခန့်က)
စာပေဟောပြောပွဲ တစ်ခုမှာ ဘာသာ၊ သာသနာကို ပုတ်ခတ်စော်ကား ဟောပြော ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုပြန်ကြားရေး အဖွဲ့ဝင် စာရေးဆရာ ထင်လင်းဦးကို မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ၀ံသာနုရက္ခိတ အသင်းက စစ်ကိုင်းတိုင်း ဒေသကြီး ချောင်းဦးမြို့နယ် တရားရုံးမှာ တရားစွဲဆိုသွားမယ်လို့ ပြောပါတယ်။

အမျိုးဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ (ဗဟို) ရဲ့ ညွှန်ကြားချက်နဲ့ တရားစွဲဆိုသွားမှာ ဖြစ်တယ်လို့ မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ၀ံသာနုရက္ခိတအသင်း ဥက္ကဌ ဦးမောင်မောင်က ပြောပါတယ်။

"အမျိုးဘာသာစောင့်ရှောက်ရေး ဆရာတော်ကြီးတွေက သြဝါဒကိုခံယူပြီးတော့ လုပ်ရတာဆိုတော့ အခုကိစ္စမှာ ဆရာတော်ကြီးတွေ စေခိုင်းသော်လည်းပဲ ကိုယ်တာဝန်နဲ့ကိုယ် တာဝန်သိစွာကျင့်သုံးရတဲ့သဘောပါပဲ၊ အထူးသဖြင့်တော့ တစ်နိုင်ငံလုံးမှာ ဒီကိစ္စကိုပြောနေတာ ဖြစ်နေပါတယ်၊ တခြားမလိုလားအပ်တဲ့ ပြဿနာတွေဖြစ်လာမှာလည်း စိုးရိမ်ပါတယ်၊ နိုင်ငံရေးကိစ္စတွေ ဆက်နွယ်လာမှာလည်း စိုးရိမ်ပါတယ်၊ ဒါကြောင့်မို့လို့ အေးအေးချမ်းချမ်းပြီးသွားစေချင်တဲ့ ဆန္ဒနဲ့လုပ်တာပါ၊ ကျနော်တို့က မုန်းလို့လည်းလုပ်တာမဟုတ်ပါဘူး၊ ကျနော်တို့က နိုင်ငံရေးလည်း မပါစေချင်ပါဘူး၊ အဓိကကတော့ အမျိုးဘာသာ သာသနာကိုစော်ကားတာနဲ့ပတ်သက်ပြီး တက်လာတဲ့ဒေါသတွေပေါ့လေ၊ ဒါတွေလည်း ပြန့်မသွားအောင် ကျနော်တို့က ထိန်းထိန်းသိမ်းသိမ်းဖြစ်အောင်ပေါ့ ဒါလေးတွေစီစဉ်တာပါ"

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် သုံးပန်လှ စံပြကျေးရွာမှာ ကျင်းပခဲ့တဲ့ စာပေဟောပြောပွဲမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ဝင် စာရေးဆရာ ထင်လင်းဦးက ဘာသာ၊ သာသနာ၊ လူမျိုးရေးနဲ့ အယူဝါဒပိုင်းဆိုင်ရာကိစ္စရပ်တွေကို ထည့်သွင်းဟောပြောခဲ့တာ ဖြစ်ပါတယ်။

စာရေးဆရာ ထင်လင်းဦးက အဲဒီဟောပြောပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ဝင်အနေနဲ့ ဟောပြောခဲ့တာမဟုတ်ပဲ စာရေးဆရာတစ်ယောက်အနေနဲ့ ဟောပြောခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း စာရေးဆရာထင်လင်းဦး ဟောပြောချက်တွေဟာ ပါတီရဲ့သဘောထား မဟုတ်ကြောင်း မနေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ