Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, November 14, 2014

ဘုရားကို လေလံယူထားသလိုဖြစ်နေသည့် ဆံတော်ရှင်ကျိုက်ထီးရိုး ပရိဝုဏ်သို့ – တာမွေအောင်ကို

14 November 2014 09:09(+0630) (လွန်ခဲ့သော 9 နာရီ ခန့်က)
မုဆိုးတောင်စေတီ၊ ကျီးပါးစပ်ဂူ၊ ကျီးပါးစပ်စေတီဘက်နှင့် အချို့အလှူခံနေရာ တွင် လည်ကတုံး ၀တ်ထားသူ နှစ်ဦး သုံးဦးမှ အလှူခံသည့်ဘုရားအတွင်းသို့ အတင်းမောင်းသွင်းသည့် ပုံစံမျိုးဖြင့် အလှူအတင်း အကျပ်ခံ နေကြ သောကြောင့် ဘုရားဖူးဧည့်သည်များအတွက် စိတ်အနှောင့် အယှက် ဖြစ်ခဲ့သည်၊ ဘုရားဖူးလာ သူတချို့ ကလည်း ပြောကြသည်။ သူတို့က ဘုရား ကို လေလံယူထားကြတာတဲ့။ ဒါမှ သူတို့ ကိုက်အောင် အခုလို အတင်းအကျပ် အလှူခံတာတဲ့ဟု . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ယခင်နှစ်များနှင့်မတူ တစ်မူထူးခြားနေသည့် ဆံတော်ရှင် ကျိုက်ထီးရိုးဘုရားကြီးကတော့ တစ်နှစ်ထက် တစ်နှစ် ထူးခြားနေသည်ကတော့ အမှန်ပင်ဖြစ်သည်။ ဒီနှစ်လည်း မိမိကျိုက်ထီးရိုးဆံတော် ရှင်စေတီ မြတ်ကြီးသို့ ရောက် ရှိခဲ့ရပြန်ပြီဖြစ်သည်။ နှစ်စဉ် သွားရောက်ဖူးမြော်နေကျ ဒီနှစ်နှင့်ဆို နှစ်စဉ်ဆက်တိုက် အကြိမ် (၂၀)မြောက် ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ဒီနှစ်လည်း နိုဝင်ဘာလ တွင်မှ ရောက်ဖြစ် ခဲ့သည်။ နှစ်စဉ်နှစ်တိုင်းဖူးမြော်ရ ပါလို သည်ဟု အဓိဋ္ဌာန်ခဲ့သည့်အတိုင်း ဆုတောင်းကတော့ ပြည့်ဝနေခဲ့သည်။ ဖူးမြော်လို့ကို မ၀၊ ကျိုက် ထီးရိုးရင်ပြင် ပေါ်ကိုရောက်တိုင်း စိတ်ထဲတွင် ဖြစ်ပေါ်လာခဲ့သည်။ မိမိတည်းခိုရာ အခန်းတွင်နားလိုက် ဖူးမြော်လိုက်၊ ပုတီး စိပ်၊ ရွှေသင်္ကန်းကပ်လှူ၊ နံနက်အရုဏ် ဆွမ်းကပ် စိတ်ထဲကြည်လင် လန်းဆန်းနေသည် ကိုတော့ ဘယ်အရာ နှင့်မှ နှိုင်းယှဉ် လို့ရလိမ့်မည်မဟုတ်ပေ။ ဒါကြောင့်လည်း ကမ္ဘာ့အံ့ဖွယ် မြန်မာတို့၏ဂုဏ်ယူဖွယ် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီမြတ်ကြီးဟု ခေါ်ဆိုကြခြင်းဖြစ်သည်။… ဒီနှစ်တွင် ညီဖြစ် သူနှင့်သွားရောက် ဖူးမြော်ခဲ့ကြရာ ထူး ခြားစွာဖြင့် ယခုနှစ်တွင်မှ ပထမဦးဆုံး စတင်ပြေးဆွဲသည့် သုခလမ်းညွှန် ခရီးသွားအဖွဲ့ ၏ နှစ်ထပ်ကားကြီး ဖြင့် သွားရောက်ခဲ့ကြသည်။ ဒါလည်း ဒီနှစ်အဖို့ ကျိုက်ထီး ရိုး စေတီတော်မြတ်ကြီး၏ ထူးခြားမှုတစ်ခုပင် ဖြစ်သည်။ ပထမဦးဆုံး စတင်ပြေးဆွဲသည့် သုခလမ်းညွှန်နှ စ်ထပ်ကားကြီး ကြော်ငြာ ဆိုင်းဘုတ်အား တာမွေအိုးရှင်းတွင် ကြော် ငြာထားတာတွေ့ကတည်းက ဖုန်းနံပါတ် မှတ်ထား၍ သွားချင်နေခဲ့တာ ဒီနှစ်အတွက်တော့ ဆန္ဒပြည့် ၀ခဲ့ပြီဖြစ်သည်။

နိုဝင်ဘာ ၁ ရက် ည ၉ နာရီတွင် အောင်ဆန်းကွင်းဂိတ်မှ စထွက် ကာ တောင်ခြေကင်ပွန်း စခန်းသို့ နံနက် ၂ နာရီခန့်တွင် ရောက်ရှိခဲ့သည်။ သုခလမ်းညွှန် နှစ်ထပ်ကား၏ ဧည့်လမ်းညွှန်လိုက်ပို့ပေးသည့် စားသောက်ဆိုင် တွင် ခေတ္တနားနေခဲ့ကြသည်။ မိမိတို့ခေတ္တနားနေခဲ့သည့် စားသောက်ဆိုင်နှင့် ကပ်လျက်ရှိသည့် တောင်တက် ကားဂိတ်သို့ နံနက် ၆ နာရီတွင် သွားရောက်၍ တောင်ပေါ်သို့ တက်ရောက်ခဲ့ကြသည်။ တောင်ပေါ်ရောက်မှ နံနက်စာ ထမင်းကြော်စားကာ ကျိုက်ထီးရိုးဂေါပက စည်းကမ်းထိန်းသိမ်းရေးမှ စီစဉ်ပေးသော သုံးထပ်ဆောင် တည်းခိုဆောင်တွင် တည်းခိုခဲ့ကြ သည်။ ဂေါပက စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့များနှင့် တာဝန်ကျ ပြည်သူ့ရဲ များကလည်း ဘုရားဖူးများ၏ လုံခြုံရေးအတွက် ရင်ပြင်တော် အတက် ခြင်္သေ့နှစ်ကောင် မုခ်ဦးနှင့် ရင်ပြင်တော် အနီးတစ်ဝိုက် နေရာများတွင် လုံခြုံရေးတာဝန်အရ စစ်ဆေးရှာ ဖွေနေကြသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။

ကမ္ဘာလှည့်ခရီးသည်များ တစ်နှစ်ထက်တစ်နှစ် ပိုမို၍ လာရောက် ဖူးမြော် လေ့လာကြသည်ကိုလည်း မြင်ခဲ့ကြရ သည်။ များပြားလှသည့် ဘုရားဖူးပြည်သူများအတွက် ရိုးရိုးလေးတည်းခိုခန်းမှ ရင်ပြင်တော်တွင် ယာယီနားနေ ဆောင်များ ဆောက်လုပ် လှူဒါန်းပေးသည်ကို လည်း တွေ့မြင်ကြရ၍ အလွန်ကောင်းမွန်သည့် အလှူဒါနဟု စိတ်ထဲကျေနပ် ကြည်နူးနေခဲ့မိသည်။ ဘုရားဖူးများ အဆင်ပြေအောင် ဂေါပကအဖွဲ့က စီစဉ်ပေးမှုများ၊ ဆောင် ရွက်ပေးမှုများရှိပါသော်လည်း အဓိကကတော့ ဆက်သွယ်ရေးဖုန်းလိုင်းများပြော ဆိုလို့မရ၊ တိုက်ဆိုင်လို့များ လားတော့မသိ။ နှစ်စဉ်ရောက်တိုင်း ဒီလိုပဲဖြစ်နေကျ၊ ရင် ပြင်ပေါ်ရှိ ဖုန်းဆိုင် များကို မေးကြည့်တော့ ဒီရက် ကျမှဖြစ်သွားတာ လိုင်းပြတ်သွားတာ၊ ဒါလည်း နှစ်တိုင်းေ မးမိတိုင်း ပြောေ နဖြေနေကျ၊ ဒီနှစ်တွင်လည်း အော် ရီဒူး၊ တယ်လီနော၊ အမ်ပီတီ အားလုံးယူ သွား ခဲ့သည်။ တစ်ခုမှ ဆက်သွယ်လို့မရ၊ အဲထူးခြားသည်ကတော့ ပြန်မည့်ရက် တနင်္လာ နေ့ဆိုရင်တော့ သူ့အလိုလို လိုင်းမိလာတော့သည်။ ဒါကလည်း ဒီနှစ်တစ်နှစ်တည်း မဟုတ်၊ မနှစ်ကလည်း ဒီလိုပဲ ဟိုးတစ်နှစ်ကလည်း ဒီလိုပဲဖြစ်ခဲ့ဖူးသည်။ သောကြာ၊ စနေ၊ တနင်္ဂနွေရက် တွေက ဘုရားဖူးတွေများပြားသည့် ရက်တွေဖြစ်လို့ ဖြတ်ထား တာနေမှာပေါ့ဟု ဘုရားဖူးတစ်ဦး၏ ညည်းတွား ပြောဆိုသံကိုလည်း ကြားခဲ့ရသည်။ တောင်ပေါ် ရင်ပြင်ကို ရောက်ရှိ ကြောင်း အိမ်ကဇနီးသည်ကို သတင်းပို့ရ မည်ဖြစ်သဖြင့် ဖုန်းဆိုင်တွင်၀၁-၄၀၀၅၃၆ သို့ခေါ်ပေးရန် မ၀ံ့မရဲဖြင့် ခေါ်ခိုင်းရလေသည်။ ဇနီးဖြစ်သူ အယ်လာ ဖော အသံ ကြားတော့ ဘယ်လောက်တောင် ပြောမိ လိုက်သည်မသိ၊ ဘယ်လောက်ကျသလဲ မေးတော့ ၁၂၀၀ ကျပါသတဲ့ရှင်။ တစ်မိနစ် ကို ၂၀၀- ၆မိနစ်လောက်ကြာသွားသည်။ ကြိုတင်အကွက်ချပြီး တမင် တကာလုပ် သလိုမျိုး ထင်ရလောက်သည်။ မိမိစိတ်ထဲဖြေပြီးတွေးမိသည်က တိုက်ဆိုင်မှုတစ်ခုလို့သာ ဖြစ်ပါစေ လို့သာ တွေး မိခဲ့သည်။

ရင်ပြင်တော်ပေါ်တွင်တော့ ဘုရားဖူး ပြည်သူများအနေဖြင့် ဟန်းဆက်ကိုယ်စီ ကိုင်လျက် အိမ်နှင့်သံယောဇဉ် စကားလေးများ ပြောဆိုရန် ဖုန်းလိုင်းမိလိုမိငြား ဆက်ကြည့်နေသည့် လူအများကိုတော့ အများ အပြားတွေ့ ခဲ့ရပြီး သူတို့ဘုရားဖူးရန်ပင်မေ့ နေကြသည်ဟုထင်မိသည်။ ဖခင်ကြီး အတွက်ရည်စူးပြီး ဆံတော်ရှင်စေ တီတော် မြတ်အား ရွှေသင်္ကန်းကပ်၊ အလှူငွေများ လှူဒါန်းခဲ့ပြီး ညနေပိုင်း၌ ရင်ပြင်တော်တွင် နားနေခိုက် ယခင်နှစ်များ ကဲ့သို့ပင် အနှိပ် သည်ကလေးများ နှစ်ယောက်တွဲ သုံးယောက်တွဲ နင်းမယ်၊ နှိပ်မယ်၊ ဆေးလိမ်းမယ်၊ လွယ် အိတ်လေးတွေကိုယ်စီဖြင့် စေတနာ ရှိသလောက်ပေးပါဟု လိုက်လံနှိပ် ပေးနေသည့် ၁၂ နှစ်၊ ၁၃ နှစ်ခန့် ကလေးငယ်များအဖွဲ့လိုက် လိုက်လံမေးမြန်းနေကြသည်ကို နှစ်စဉ်မြင်တွေ့နေ ကျဖြစ်မည်။ ဒီနှစ်တွင် ထူးခြား စွာ တွေ့မြင်ခဲ့ရသည်ကတော့ ယောက်ျားလေး များအပြင် မိန်း ကလေးအနှိပ်သည်ကလေးများကိုပါ ဒီ နှစ်တွေ့ မြင်ခဲ့ ရခြင်းဖြစ်သည်။ မိမိဘေးတွင် အနားယူနေသည့် အဒေါ်တစ်ယောက် အား ဆေးဆီပုလင်းကိုင်၍ ၁၅ နှစ်အရွယ် လောက်တော့ ရှိလိမ့်မည်ထင်သည်။ အဒေါ် အနှိပ်ခံမလား။ စေတနာရှိ သလောက်ပေးပါ။ ဒီဆေးနှင့် လိမ်းပေးပါမည်ဟု လွယ်အိတ်စလွယ်သိုင်းလွယ်ကာ ခမောက် ကလေးဆောင်းထားသည့် အနှိပ်သည် လေး များကို တွေ့မြင်လိုက်ရသည်။ ဒီနှစ်တွင် မိန်းကလေးအနှိပ်သည်လေးများ တွေ့မြင်ခဲ့ရခြင်းသည် ဆံတော်ရှင် ကျိုက် ထီးရိုး၌ထူးခြားမှု တစ်ခုဟု ဆိုရပေမည်ဖြစ် သည်။ အနှိပ်သည် မိန်းကလေးများက အဒေါ်ကြီးတွေ၊ အစ်မကြီးတွေကိုသာ နှိပ်ပေးမည်ဟု လိုက်မေးနေခြင်းထက် ယောက်ျားသားတွေကိုပါ လိုက်မေးနေမှာ ကိုတော့ ရင်လေးနေမိသည်။ တာဝန်ရှိသူများ ထိန်းသိမ်းပေးကြစေလိုပါတယ်ဟု လာမေးခံရသူ အဒေါ်ကြီးတစ်ယောက် ၏ ပြောဆိုသည့် စကား ပြန်လည်အမှတ်ရ၍ နေမိသည်။ မုဆိုးတောင်၊ ကျီးပါးစပ်ဂူ စသည့်နေရာများသို့ သွား ရောက်ရန်လည်း ၀န်လေးနေမိသည်။ ညီဖြစ်သူကသွားရန် ပြောသဖြင့် နှစ်စဉ်ကိုယ်တိုင်ရောက်ဖူးနေ ကျ ကြုံဖူး ခဲ့ရသည့် အတင်းအကျပ် အလှူခံသည့် နေရာများသို့ မလိုက်ချင်လိုက်ချင်နှင့် လိုက်ခဲ့ရသည်။ မုဆိုးတောင် စေတီ၊ ကျီးပါးစပ်ဂူ၊ ကျီးပါးစပ် စေတီဘက်နှင့် အချို့အလှူခံနေရာတွင် လည်ကတုံးဝတ်ထားသူ နှစ်ဦး သုံးဦးတို့ က အလှူခံသည့်ဘုရား အတွင်းသို့ အတင်းမောင်းသွင်းသည့် ပုံစံမျိုးဖြင့် အလှူအတင်း အကျပ်ခံနေကြသော ကြောင့် ဘုရားဖူး ဧည့်သည်များအတွက် စိတ်အနှောင့်အယှက်ဖြစ်ခဲ့သည်၊ နှစ်စဉ် ကိုယ်တိုင်လည်း ကြုံတွေ့ခဲ့ရ ဖူးသည်။ ဘုရားဖူးလာသူ တချို့ကလည်း ပြောကြသည်။ သူတို့က ဘုရားကို လေလံယူထား ကြတာတဲ့။ ဒါမှ သူတို့ ကိုက်အောင် အခုလို အတင်းအကျပ် အလှူခံတာ တဲ့ဟု ပြောဆို ဝေဖန်သံများကိုလည်း ကြားသိခဲ့ရသည်။ ကမ္ဘာ့အံ့ဖွယ်ဆံတော်ရှင် ကျိုက်ထီးရိုးစေတီမြတ်တွင် ယခုလို အဖြစ်အပျက်များဖြစ် ပေါ်နေသည်မှာ နှစ်အ တော်အတန်ကြာ လှပြီဖြစ်ကြောင်း ဘုရားဖူးလာသူတစ်ဦးက သုံးသပ်ပြောဆိုသံကိုကြားခဲ့ရသည်။ မိမိတို့ မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ သည် အလှူသဒ္ဓါတရား အလွန်ထက်သန်သည့် လူမျိုးများဖြစ်ကြသည်။ စေတနာမှန် ဖြင့် လှူဒါန်းရခြင်းသည် အလွန်မွန်မြတ်လှသည့် အကျိုးထူးရရှိစေမည်ဖြစ်သည်။ ယခုလို စေတနာ မမှန် အောင့်သီးအောင့်သက်ဖြင့် လှူဒါန်းခဲ့ရသည်မျိုးဆိုလျှင် မွန်မြတ်သည့်အလှူဒါန ဖြစ်ပေါ်လာလိမ့်မည် မဟုတ်တော့ပေ။ မြန်မာတိုင်းရင်းသား လူမျိုးများ၏ ဂုဏ်ယူဖွယ် ကမ္ဘာ့အံ့ဖွယ်ဆံ တော်ရှင်ကျိုက်ထီးရိုး စေတီ တော်မြတ်ကြီး၏ တန်ခိုးရှိန်ရောင် မညှိုးနွမ်းစေရန် ရည်သန်၍ ဘုရားဖူးလာပြည်သူအပေါင်းလည်း စိတ် အနှောင့်အယှက် မဖြစ်မိစေရန် စေတနာမှန်စွာဖြင့် တင်ပြ ရခြင်းဖြစ်သည်။ တစ်နှစ်ထက် တစ်နှစ် ယခင်နှစ်များ နှင့်မတူ တစ်မူထူးခြားနေသည့် ကမ္ဘာ့အံ့ဖွယ် ဆံ တော် ရှင်ကျိုက်ထီးရိုး စေတီတော်မြတ်ကြီး အပြန်လမ်းခရီးတွင် တော့ ဖြတ်သန်းခဲ့ရာ လမ်းတစ်လျှောက် သူတို့မမြင် ဖူးသည့်နှစ် ထပ်ကားကြီးကိုမြင်၍ လက်ညှိုးတစ်ထိုး ထိုး ဖြင့် ၀ိုင်းဝန်းငေး မောကြည့်ရှုကြသည့် လူအများကြောင့် ကားစီးလာ သူများ ဘေးပတ်ဝန်းကျင်မကြည့်ရဲဘဲ ရှိုးတိုးရှန့်တန့် မ၀ံ့မရဲစီးလာ ခဲ့ကြရသည့်အဖြစ်ကို တွေးမိရင်း ပြုံးမိလေတော့သည်။






ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ