ရုရှားသမ္မတ ဘလာဒီမီယာ ပူတင်ကလည်း အစည်းအဝေးတက်ရောက်ဖို့ ရှိတဲ့အတွက် ရုရှား စစ်သင်္ဘောတွေ သြစတြေးလျနိုင်ငံ အနားက ရေပြင်မှာ ရောက်ရှိနေပါတယ်။
ဒီအပေါ် ဝေဖန်မှု လုပ်နေတာကို သြစတြေးလျ အစိုးရက ရုရှားအနေနဲ့ တရားဝင် ဘောင်အတွင်းမှာ လုပ်ဆောင်ခြင်းသာ ဖြစ်တယ်လို့ ပြောပါတယ်။
ဒါပေမဲ့ ရုရှား စစ်သင်္ဘောတွေ သြစတြေးလျ နိုင်ငံနားအထိ လိုက်လာလိမ့်မယ်လို့ မထင်မှတ်ခဲ့ဘူးလို့ ပြောပါတယ်။
G20 အစည်းအဝေး ကျင်းပမယ့် ဘရစ်စ်ဘိန်းမြို့မှာ ဒီကနေ့ ရုံးပိတ် ကျောင်းပိတ်ရက် သတ်မှတ် ပေးလိုက်ပြီး ကမ္ဘာ့ ခေါင်းဆောင်တွေ သွားလာရာ လမ်းတစ်လျှောက်ကို ပိတ်ချတဲ့အခါ လမ်းပိတ်မှုတွေ ဖြစ်မှာကို စိုးရိမ်တဲ့အတွက် အသွားအလာ နည်းအောင် လုပ်လိုက်တာပါ။
လုံခြုံရေး သမား အယောက်ပေါင်း ၆၀၀၀ လည်း ချမှတ်ထားပြီး မြေပြင် သာမက ရေပြင်နဲ့ ဝေဟင်မှာလည်း စောင့်ကြည့်မှုတွေ လုပ်ထားပါတယ်။
ဆန္ဒပြသမားတွေကလည်း နိုင်ငံတကာ ခေါင်းဆောင်တွေကို ဆန္ဒပြဖို့ ပြင်ဆင်နေပြီး အဖွဲ့အစည်းပေါင်း ၂၆ ဖွဲ့က ဆန္ဒပြဖို့ စာရင်းပေးထားတယ်လို့ ရဲတွေက ပြောပါတယ်။
သြစတြေးလျ ဝန်ကြီးချုပ် တိုနီအာဘော့တ်ကတော့ မြန်မာနိုင်ငံကနေ ပြန်လည်ရောက်ရှိနေပြီး မနက်အစောကြီးမှာပဲ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်နဲ့ လမ်းလျှောက်ထွက်ခဲ့ပါတယ်။
အဲဒီနောက် ဆစ်ဒနီမြို့ ဆိပ်ကမ်းမှာ သတင်းသမားတွေနဲ့ စကားပြောဆိုဖို့ရှိပြီး ဒီနေ့မှာတော့ ဗြိတိန်ဝန်ကြီးချုပ်က သြစတြေးလျနိုင်ငံ ပါလီမန်မှာ မိန့်ခွန်းပြောကြားဖို့ ရှိပါတယ်။




































No comments:
Post a Comment