ငွေကျပ် သိန်း ၆ဝ နှင့် ၇ဝ အကြား အသုံးပြု၍ တန်ဖိုးနည်း ဆလွန်း ကားငယ် သို့မဟုတ် မီနီ ထရပ်ယာဉ် တစ်စီး ဝယ်ယူနိုင်သည်။ ကာလပေါက် ဈေးကျပ်သိန်း ၁ဝဝ သတ်မှတ်ထား သော မြန်မာ့မျိုးရင်း နွားသိုး အလှကို နေပြည်တော် ကောင်စီ နယ်မြေ ဇေယျာသီရီ မြို့နယ် ခေတ်အေး ကျေးရွာအုပ်စု စက်ကုန်း ကျေးရွာ ပြိုင်ပွဲဝင်း၌ ကျင်းပသော မွေးမြူရေး တိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲတွင် ဝင်ရောက် ပြသယှဉ်ပြိုင်ထား သည်ကို တွေ့ရ သည်။
စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့ နယ် မြစ်ဆုံရွာမှ နွားဝါသနာရှင် တောင်သူကြီး ဦးမြင့်လှိုင် မွေးမြူ၍ ပြိုင်ပွဲဝင်ခဲ့သော ညီနောင်ပဒေသာ အမည်ရှိ အသက် လေးနှစ်ခွဲအရွယ် မြန်မာ့မျိုးရင်းနွားသိုးအလှမှာ ကာလ တန်ဖိုး ငွေကျပ်သိန်း ၁ဝဝ ခေါ်ဆို ထားပြီး နွားဝါသနာရှင်များမှ ဝယ်ယူ သော်လည်း ရောင်းမည်မဟုတ်ဘဲ အဆိုပါနွားမှ ရှာပေးသော ဝင်ငွေ မှာလည်း သိန်းရာချီရှိခဲ့ပြီဖြစ်သော ကြောင့် ဦးမြင့်လှိုင်က ''ကျွန်တော့် နွားဟာ ကျွန်တော့်သားပါပဲ''ဟု နွား ဝါသနာရှင်တစ်ဦးပီပီ သူ၏ နွားကို ချစ်မြတ်နိုးတန်ဖိုးထားကြောင်း ပြော ကြားခဲ့သည်။
No comments:
Post a Comment