Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, November 9, 2014

မြန်မာ့ရိုးရာယဉ်ကျေးမှုနွားအလှနှင့် မွေးမြူရေး တိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲကျင်းပ

9 November 2014 07:52(+0630) (လွန်ခဲ့သော 11 နာရီ ခန့်က)
နေပြည်တော် နိုဝင်ဘာ ၈

မြန်မာနွား မျိုးမသုဉ်းရေး၊ နွား ကောင်ရေ ပြန့်ပွားရေး၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို နောင်လာ နောက် သားများ သိရှိစေရန်နှင့် မွေးမြူရေး ကဏ္ဍ ဖွံ့ဖြိုးရေးကို ရည်ရွယ်၍ မွေးမြူ ရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ ပံ့ပိုးကာ မြန်မာ့ ရိုးရာနွား အလှပြပွဲ၊ ပြိုင်ပွဲ ကျင်းပရေး ကော်မတီမှ ဦးစီး ကျင်းပသော မွေးမြူ ရေး တိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲကို နေပြည် တော် ကောင်စီနယ်မြေ ဇေယျာသီရီ မြို့နယ် ခေတ်အေး ကျေးရွာအုပ်စု စက်ကုန်း ကျေးရွာပြိုင်ပွဲ ဝင်းအတွင်း၌ ယနေ့မှစ၍ နှစ်ရက်တိုင်တိုင်ကျင်းပ မည်ဖြစ်သည်။

ပြိုင်ပွဲကဏ္ဍများတွင် ဆိတ်အလှ ပြိုင်ပွဲ၊ အိမ်မွေးမြန်မာကြက်များနှင့် တိုက်ကြက်များပါ ပါဝင်ပြသကြပြီး နွားပြိုင်ပွဲတွင်မူ နွားသိုးအလှပြိုင်ပွဲ၊ ခြေမောင်းဗလာပြိုင်ပွဲ၊ နွားအကျော့ မောင်းအကြီးတန်း၊ နွားအကျော့ မောင်းအငယ်တန်း၊ ဒုန်းပြိုင်ပွဲ စသည့်ဖြင့် ပြိုင်ပွဲများကို ထည့်သွင်းယှဉ်ပြိုင်ကြခြင်းဖြစ်သည်။

နွားပြိုင်ပွဲတွင် သွားခြောက်ချောင်း အထက်ကို အကြီးတန်းပြိုင်ပွဲဝင်နွား အဖြစ်လည်းကောင်း၊ သွားခြောက် ချောင်းအောက်ကို အငယ်တန်းပြိုင်ပွဲ ဝင်နွားအဖြစ်လည်းကောင်း သတ် မှတ်ကာ ယှဉ်ပြိုင်ရခြင်းဖြစ်သည်။ ပြိုင်ပွဲအလိုက် ပါဝင်ယှဉ်ပြိုင်မှုမှာ ခြေမောင်းဗလာပြိုင်ပွဲတွင် သုံးကောင်၊ နွားအကျော့မောင်းအကြီးတန်းပြိုင်ပွဲ တွင် ၁၄ စီး (၂၈ ကောင်)၊ နွား အကျော့မောင်း အငယ်တန်းပြိုင်ပွဲတွင် ကိုးစီး(၁၈ ကောင်)၊ ဒုန်းပြိုင်ပွဲတွင် ခြောက်စီး(၁၂ ကောင်)၊ နွားသိုးအလှ ပြိုင်ပွဲတွင် နှစ်ကောင် ပါဝင်ယှဉ်ပြိုင်၍ ပြိုင်ပွဲတွင် နေပြည်တော်ကောင်စီ နယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး တို့မှ နွားဝါသနာရှင်၊ နွားချစ်သူများက လာရောက်ပြသ ယှဉ်ပြိုင်ကြကြောင်း သိရသည်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ