Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, November 1, 2014

စစ်တွေမှာ မရမာကြီးတိုင်းရင်းသားအိမ်ရာစီမံကိန်း ကုလသမဂ္ဂ ကူညီမည်

ရခိုင်ပြည်နယ် စစ်တွေမြို့ စက်ရုံစုရပ်ကွက်(၁)မှာရှိနေတဲ့ မရမာကြီး
တိုင်းရင်းသား ဒုက္ခသည်အိမ်ထောင်စု ၇၂ စုအတွက် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ
မဟာမင်းကြီးရုံး(UNHCR)က လုံးချင်း နေအိမ်တွေ ဆောက်လုပ် ပေးသွားမယ်လို့
ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဒီကနေ့ ပြောပါတယ်။

UNHCR ရဲ့ ရန်ပုံငွေ အခြေအနေ အပေါ်မူတည်ပြီး ဆောက်လုပ်ပေး သွားမှာ
ဖြစ်တယ်လို့ ရခိုင်ပြည်နယ် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးလှဟန်က
ပြောပါတယ်။

"အိမ်အရေအတွက်က ၇၂ လုံး၊ လုံးချင်းလေးတွေပေါ့၊ ဒါက မရမာကြီး
တိုင်းရင်းသားတွေအတွက် သူတို့မှာရထားတဲ့ ဘတ်ဂျက်တွေက
နမူနာစာလောက်ပဲရှိတဲ့အခါကျတော့ ကျနော်တို့က ဒါက နမူနာအနေနဲ့
အရင်ဆောက်ပေးလိုက်တာပေါ့၊ မြေနေရာရှိတဲ့ နေရာလေးကိုပဲ ဦးစားပေးပြီးတော့
အရင်ဆောက်ပေးလိုက်တာပါ"

မရမာကြီးတိုင်းရင်းသားအိမ်ထောင်စု ၇၂ စုဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇွန်လက
စစ်တွေမြို့မှာဖြစ်ပွားခဲ့တဲ့ မီးရှို့အကြမ်းဖက်မှုတွေကြောင့်
နေအိမ်တွေဆုံးရှုံးပြီး စက်ရုံစုရပ်ကွက်(၁)မှာရှိတဲ့ ဒုက္ခသည်တန်းလျားမှာ
နေထိုင်ခဲ့ကြတာဖြစ်ပါတယ်။

မွတ်ဆလင်ဒုက္ခသည်တွေအနေနဲ့ သူတို့အရင်နေထိုင်ခဲ့တဲ့ နေရာတွေမှာ
ပြန်လည်နေရာချထားပေးဖို့ အစိုးရအဖွဲ့ကိုတင်ပြတောင်းဆိုထားပေမယ့်
အစိုးရအဖွဲ့က စဉ်းစားဆုံးဖြတ်တာမရှိသေးဘူးလို့လည်း ဝန်ကြီး ဦးလှဟန်က
ပြောပါတယ်။

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက {  ဒီမှာ  } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ