Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, November 1, 2014

ဘာမှဖြေစရာ မရှိကြောင်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် ပြောကြားချက် လူကြီးများ၏ သဘောထား မဟုတ်ကြောင်း မြန်မာသံတော်ဆင့် အမှုဆောင်အရာရှိချုပ် မှတ်ချက်ပြု

ရန်ကုန်၊ အောက်တိုဘာ ၃၀

တပ်မတော်မှ ပစ်ခတ်မှုဖြင့် သေဆုံးခဲ့ရသည့် အလွတ်တန်း သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး သေဆုံးမှုနှင့် ပတ်သက်၍ အစိုးရဘက်မှ သဘောထားမှတ်ချက် တောင်းခံရာ တွင် မြန်မာသံတော်ဆင့်၏ မူဝါဒကို မနှစ်သက်သည့် အတွက် မဖြေပေးနိုင်ကြောင်း ပြန်ကြားရေး ပြည်ထောင်စု ၀န်ကြီး ဦးရဲထွဋ်က အောက်တိုဘာလ ၃၀ ရက်နေ့တွင် မြန်မာသံတော်ဆင့် သို့ ပြောသည်။

အစိုးရ၏ သဘောထားမှတ်ချက် ရရှိရန်အတွက် ပြန်ကြားရေး ပြည်ထောင်စု ၀န်ကြီးနှင့် သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်ထံ မြန်မာသံတော်ဆင့် မှ အောက်တိုဘာလ ၂၈ ရက်နေ့ကလည်း ဖုန်းဖြင့် ဆက်သွယ် ခဲ့သော်လည်း ပြန်ကြားရေး ၀န်ကြီးရုံး ၀န်ထမ်းများက ၀န်ကြီး အလုပ်များနေသည် ဆိုသည့်အတွက် အီးမေးလ်ဖြင့်လည်း မေးခွန်း များ ပေးပို့မေးမြန်းခဲ့သည်။

သို့သော် အောက်တိုဘာလ ၃၀ နေ့အထိ တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိသည့်အတွက် ဖုန်းဖြင့် ထပ်မံ ဆက်သွယ်ခဲ့ရာတွင် ယခုကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

““သံတော်ဆင့် ဆိုရင်တော့ ကျွန်တော် ဘာမှဖြေစရာ အကြောင်းမရှိဘူးဗျ။ ခင်ဗျားကိုတော့ လေးစားပါ တယ်ဗျာ။ ခင်ဗျားတို့ဂျာနယ်ရဲ့ မူဝါဒက ကျွန်တော် မနှစ်သက်တဲ့ အတွက်ကြောင့်မို့လို့ မဖြေပေးနိုင်တာ ခွင့်လွှတ်ပါ””ဟု ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီးနှင့် သမ္မတပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။

သတင်းထောက် ကိုပါကြီးနှင့် သေဆုံးရမှုနှင့် ပတ်သက်၍ မြန်မာသံတော်ဆင့် မှ ပေးပို့ခဲ့သည့် မေးခွန်းများတွင် ““သမ္မတ ဦးသိန်းစိန် အစိုးရက မီဒီယာများနှင့် အဆင်ပြေစေရန် လုပ်ဆောင်နေချိန် ယခုကဲ့သို့ စစ်တပ်မှ ပစ်ခတ်မှုကြောင့် ကိုပါကြီး သေဆုံးရမှုကြောင့် ဘယ်လောက်အထိ အဟန့်အတား ဖြစ်သွားစေ မလဲ””၊ ““ပြန်ကြားရေး ၀န်ကြီးဌာန အနေဖြင့် စစ်တပ်ဘက်မှ လုပ်ဆောင်မှု အပေါ် သဘောထား ထုတ်ပြန်သွားရန် အစီအစဉ်ရှိ၊ မရှိ””၊ ““စစ်ဘက်နှင့် အရပ်ဘက် ပြဿနာ ဖြစ်သည့်အခါ အစိုးရပိုင်းမှ ၀င်ရောက် ဖြေရှင်းပေးမှု အားနည်းခြင်းမှာ စစ်ဘက်ဆိုင်ရာအပေါ် အခြေခံ ဥပဒေအရ အကြီးဆုံးဖြစ် သည့် သမ္မတ ဦးသိန်းစိန် အနေနှင့် ၀င်ရောက် ဖြေရှင်းပေးနိုင်ခြင်း မရှိသည့် သဘောများ သက်ရောက် နေပါသလား”” အပါအ၀င် မေးခွန်း ၉ခုအား အီးမေးလ်ဖြင့်ပေးပို့ မေးမြန်းထားသည်။

““ကျွန်တော် ကိုအံ့ခေါင်မင်းကို တစ်ခါပြောပြီးပြီ။ ကျွန်တော်နဲ့ ဖြေတဲ့ဟာကို ကုတ်လုပ်ပြီးတော့ မျက်နှာဖုံး တင်ကတည်းက ခင်ဗျားတို့ကို ကျွန်တော်ပြောပြီးသား။ အဲဒါကိုပြင်မပေးရင် ကျွန်တော် မဖြေပေးဘူးလို့ ပြောပြီးသား”” ဟုလည်း ၀န်ကြီး ဦးရဲထွဋ်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဦးရဲထွဋ် ပြောကြားချက်နှင့် ပတ်သက်၍ မြန်မာသံတော်ဆင့် ဒုတိယအယ်ဒီတာချုပ် ဦးအံ့ခေါင်မင်းက ““ဦးရဲထွဋ် အခုမဖြေဘူးလို့ ပြောတာက မရှင်းလင်းဘူး။ ကျွန်တော်တို့ မြန်မာသံတော်ဆင့် မူဝါဒကို မကြိုက်လို့ မဖြေဘူးလို့ ဆိုလိုချင်တာလား။ သူပြောတဲ့ ဟာတစ်ခုကို မျက်နှာဖုံးတင် ဖော်ပြခဲ့လို့ အဲဒါကို မကျေလည်လို့ မဖြေတာလားဆိုတာ မရှင်းလင်းဘူး။ ကျွန်တော်တို့ မြန်မာသံတော်ဆင့် မူဝါဒကို မနှစ်သက်လို့ မဖြေဘူး ဆိုရင်တော့ သူ့အပိုင်းပဲ။ ဒါပေမယ့် သူပြောတဲ့ အကြောင်းအရာကို ကုတ်လုပ်ပြီး မျက်နှာဖုံးတင်လို့ မဖြေဘူး ဆိုတာကတော့ ကျွန်တော် ထင်တယ် ကျွန်တော်တို့ ဂျာနယ် အတွဲ(၂)၊ အမှတ်(၅၂)မှာ သူ့အင်တာဗျူး ပြောကြားချက် တစ်ခုကို မျက်နှာဖုံးတင်ခဲ့လို့ ဒါနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ မကျေလည်တာဆိုရင် သူ့ရဲ့ ပြောကြားချက်ကို ကျွန်တော်တို့ အတွဲ(၃)၊ အမှတ်(၂၄)မှာ အသေအချာ ရှင်းပြီးသားပါ။ ဒါကို သူ့ဘက် ကလည်း ပြန်ငြင်းတာမျိုး မရှိဘူး။ ဒီ့နောက်ပိုင်းလည်း သူ့အနေနဲ့ ကျွန်တော်တို့ဂျာနယ်က မေးရင်ဖြေတာ မျိုးတွေရှိတာပဲ။ ဖြစ်နိုင်တာက အခု နောက်ပိုင်းမှာ မူဝါဒပိုင်းအရ သူရပ်တည်တဲ့ အုပ်ချုပ်ရေးပိုင်းနဲ့ ကျွန်တော်တို့ ဂျာနယ်က သတင်းဖော်ပြမှုတွေ ထိပ်တိုက်တွေ့တာတွေ ရှိတယ်။ ဒီအပေါ်မှာ သူ့အနေနဲ့ မကျေလည်တာမျိုး ဖြစ်မယ်ထင်တယ်””ဟုပြောသည်။ ““သူက ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီး ဖြစ်နေတဲ့အပြင် တပ်က ဗိုလ်မှူးကြီး အဆင့်နဲ့ အနားယူခဲ့ရတော့ ကျွန်တော်တို့ မီဒီယာတွေအပေါ် ပြောချင် သလိုပြော နေတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ကလည်း သူပြောတာလောက်ကို ဘာမှ ထည့်စဉ်းစားစရာ မလိုပါဘူး။ ဘာလို့လဲဆိုတော့ သူပြောတိုင်း လူကြီးတွေ(အစိုးရအဖွဲ့) သဘော မဟုတ်လို့ပါ””ဟု မြန်မာ သံတော်ဆင့် အမှုဆောင် အရာရှိချုပ်က မှတ်ချက်ပြု ပြောကြားသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ