Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, November 2, 2014

ဆီဆိုင်မှာ စစ်သားတွေ မင်းမဲ့စရိုက် ဆန်ဆန် အုပ်စုဖွဲ့ ရမ်းကား ၊ မြို့တွင်း လမ်းမပေါ်တွေ့ သမျှ အရပ်သားများကို ဝိုင်းရိုက်ခဲ့


2 November 2014 03:50(+0630) (လွန်ခဲ့သော 14 နာရီ ခန့်က)
ရှမ်းပြည်နယ် ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဆီဆိုင်မြို့မှာ မနေ့ညက (31-10-2014) အောက်တို ဘာလ ၃၁ရက်နေ့ သောကြာနေ့ ည (၈) နာရီကျော် အချိန် နယ်မြေခံ တပ်ရင်း ခမရ(၄၂၄)က ဗိုလ်နိုင်ချမ်းသာနဲ့ တပည့် စစ်သားနှစ်ယောက် အရက်ဆိုင်မှာ အရက်သောက်ရင်း အရပ်သား သုံးယောက်နဲ့ ရန်ဖြစ်ခဲ့ ကြကြောင်း သိရပါတယ်။

အဲဒီနောက် တပ်ရင်းကို ပြန်ပြီး ကျန်ရှိသော စစ်သားများကို တပ်ရင်းမှ faw ကားဖြင့် ခေါ်လာပြီး မြို့တွင်းလမ်းမပေါ်တွေ့ သမျှ အရပ်သားများကို ဝိုင်းရိုက်ခဲ့ကြရာ အပြစ်မဲ့ အရပ်သားသုံးဦး ဒါဏ်ရာ အပြင်းအထန် ရရှိပြီး ဆီဆိုင်မြို့ပြည်သူ့ ဆေးရုံတွင် တင်ထားရပါတယ်။

ဒါဏ်ရာရရှိသူများမှာ မြကန်သာ ရပ်ကွက်က ကိုပေါက်ဖေါ် ဆိုသူနှင့် ညီဖြစ်သူ ကိုနေအောင်တို့ ဖြစ်ပါ တယ်။

ကိုပေါက်ဖေါ်မှာ ဦးခေါင်းတွင် ဒါဏ်ရာ ရှစ်ချက်ချုပ်ရပြီး ကိုနေအောင်မှာ ဦးခေါင်းတွင် ဒါဏ်ရာ ခြောက်ချက်ချုပ်ရကြောင်း သိရပါတယ်။

အဆိုပါ အရိုက်ခံရသော အရပ်သားများမှာ လမ်းမပေါ်တွင် အပြစ်မဲ့စွာ အရိုက်ခံရသော သူများဖြစ်ပြီး လမ်းဘေးတွင် ရပ်ထားသော ဆိုင်ကယ်များကိုလည်း ရိုက်ချိုးဖျက်ဆီး သွားခဲ့ကြပါတယ်။

လမ်းဘေး လက်ဘက်ရည်ဆိုင် အတွင်းရှိ မီးဖိုများ ခုံများ ကိုလည်း ရိုက်ချိုး ဖျက်ဆီး သွားခဲ့ကြကြောင်း သိရပါတယ်။

ယခုကဲ့သို့ အပြစ်မဲ့ ပြည်သူများအား စစ်တပ်မှ အရာရှိတစ်ဦးက အရက်မူး ရမ်းကားပြီး အုပ်စုဖွဲ့ အနိုင်ကျင့်သွားသည့် မင်းမဲ့စရိုက် ဆန်ဆန်လုပ်ရပ်အပေါ် ဆီဆိုင်မြို့ ပြည်သူတစ်ရပ်လုံးက မခံမရပ် ဖြစ်နေကြကြောင်းအဆိုပါ ကိစ္စကို ဥပဒေအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးဖို့  တောင်းဆို သွားမည် ဖြစ်ကြောင်းလည်း သိရပါတယ်။


စစ်သားများကို တပ်ရင်းမှ faw ကားဖြင့် ခေါ်လာပြီး မြို့တွင်း လမ်းမပေါ်တွေ့ သမျှ အရပ်သားများကို ဝိုင်းရိုက်ခဲ့ကြရာ အပြစ်မဲ့ အရပ်သားသုံးဦး ဒါဏ်ရာ အပြင်းအထန် ရရှိ






ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ