2 November 2014 03:50(+0630)
(လွန်ခဲ့သော 14 နာရီ ခန့်က)
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့မှာ မနေ့ညက အမှတ် ၄၂၄ ခြေမြန်တပ်ရင်းက
စစ်သား ၄၀ လောက်က မြို့ထဲမှာ ရိုက်နှက်ခဲ့တဲ့အတွက် လူတစ်ချို့
ဒဏ်ရာရခဲ့ပြီး ၃ ယောက်က ဆီဆိုင်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့
မျက်မြင်တွေကက ပြောပါတယ်။
မနေ့ည ကိုးနာရီခွဲလောက်က ဆီဆိုင်မြို့လယ်ခေါင်က မိုးပြာတည်းခိုခန်းအနီးမှာ
စစ်သားတွေက လမ်းပေါ်မှာ တွေ့တဲ့သူတွေကို ရိုက်နှက်ခဲ့သလို တစ်ချို့ကိုလည်း
ဖမ်းဆီးခေါ်ဆောင်သွားပြီး ရဲစခန်းမှာ ပို့ထားခဲ့ကြောင်း သိရပါတယ်။
ရိုက်နှက်တဲ့စစ်သားတွေဟာ တုတ်တွေ၊ ဓါးတွေအပြင် သေနတ်တွေလည်း
ကိုင်ဆောင်ထားတာတွေ့ရတယ်လို့ ဆိုပါတယ်။ ရဲစခန်းကို အပို့ခံရပြီး
နေအိမ်ပြန်ရောက်လာသူတစ်ဦး သေဆုံးတယ်လို့ သိရပေမယ့်
သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
တပ်မတော်သား ၄၀ လောက်က ဆီဆိုင်မြို့ထဲမှာ ဘာကြောင့် အဲဒီလို ရိုက်နှက်ခဲ့တာလည်းဆိုတာကိုတော့ မသိရသေးပါဘူး။
 |
ဒဏ်ရာရသူ တဦး |
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ
No comments:
Post a Comment