Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, November 19, 2014

အစ္စလာမ္မစ် စစ်သွေးကြွများ ကျူးကျော်ဝင်ရောက်မှုကြောင့် ဆီရီးယားရှိ အကြီးဆုံးရေနံမြေ ပိတ်လုနီးပါးဖြစ်

18 November 2014 20:53(+0630) (လွန်ခဲ့သော 22 နာရီ ခန့်က)
ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းကို အစ္စလာမ္မစ် စစ်သွေးကြွတွေ ကျူးကျော် ၀င်ရောက်လာလို့ နိုင်ငံရဲ့ အကြီးဆုံးရေနံမြေကို ပိတ်ချရလုနီးပါး ဖြစ်နေပါတယ်။

အယ်လ်ရူမီလန်ရေနံမြေဟာ ကာ့ဒစ်ရှ်ပြည်သူ့ကာကွယ်ရေးတပ်(၀ိုင်လ်ပီဂျီ) ပြည်သူ့စစ်တွေ ထိန်းချုပ်လည်ပတ်နေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမြေလို့ တဖတ်သတ် ကြေ ညာထားတဲ့ ခရိုင်နားမှာ ရှိပါတယ်။ ဒါပေမယ့် ဒီရေနံမြေကို ထိန်းချုပ်ရလို့ အများထင်သလို စီးပွား ဖြစ်တာတော့ မဟုတ်ပါဘူး။

ရေနံမြေဟာ အကြမ်းဖက်မှုတွေ များတဲ့ အီရတ်နဲ့ မငြိမ်သက်တဲ့ တူရကီတို့ကြားမှာ ပိတ်မိနေလို့ ဆီးရီးယားအစိုးရနဲ့ ကာ့ဒ်တွေက ဒီနေရာကနေထုတ်တဲ့ ရေနံအတွက် ဈေးကွက် သိပ်မရှိဘူးလို့ ယူဆထားပါတယ်။

ဒီရေနံမြေကို အိုင်အက်စ်အဖွဲ့က သိမ်းပြီးကတည်းက ရေနံကို ဘယ်သူမှ မဝယ်တော့ဘူး လို့ အက်စ်ပီစီ ဆီးရီးယားရေနံကုမ္ပဏီ အင်ဂျင်နီယာတွေက ပြောပါတယ်။

အိုင်အက်စ်အဖွဲ့တွေနဲ့ သူပုန်တွေက တူရကီက ညှိနှိုင်းသူတွေကနေ တဆင့် ဥရောပသမဂ္ဂကို ရောင်းဖို့ ဈေးကွက်ကို စိတ်ဝင်စားနေတယ်လို့ ကုမ္ပဏီက ပြောပါတယ်။

ဆီးရီးယားပြည်တွင်းစစ်ကြောင့် ဒဏ်ခတ်မှုတွေနဲ့ စီးပွားရေးလုပ်ငန်း ကင်းမဲ့မှု တွေကြောင့် ရေနံချက်ဖို့ လိုအပ်တဲ့ ဓာတုပစ္စည်းတွေ မသွင်းနိုင် ဖြစ်နေတယ်လို့လဲ ပြောပါတယ်။

အရင်က ဒီရေနံမြေကနေ ၁ ရက်ကို ရေနံစည် ၁ သိန်း ၆ သောင်း ၅ ထောင် ထုတ်ပေမယ့် ခုတော့ ဒေသတွင်းသုံးဖို့ စည် ၃ သောင်းပဲ ထုတ်နိုင်ပါတော့တယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ