Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, November 14, 2014

ရွှေတိဂုံဘုရားပေါ်မှာ အရက်သေစာ သောက်စားမူးယစ်နေသည့် သံဃာအတု ၁ ပါး ဖမ်းမိ

14 November 2014 07:05(+0630) (လွန်ခဲ့သော 11 နာရီ ခန့်က)
ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့ နယ်ရှိ ရွှေတိဂုံ စေတီတော် ရင်ပြင်ပေါ်မှာ  အရက်သေစာ သောက်စား မူးယစ်နေသူ သံဃာတု တစ်ပါး ဖမ်းဆီး မိကြောင်း သစ်ထူးလွင် မှ သတင်းရရှိပါတယ်။

နိုဝင်ဘာလ ၁၂ ရက်နေ့  နံနက် ၉ နာရီခန့် က ရွှေတိဂုံ စေတီတော်ရင်ပြင် ရာဟုထောင့် အနီးမှာ သင်္ကန်းဝတ်နဲ့   ဦးဝေပုလ္လ (ခ) ဦးခင်မောင်ဇင် (၅၁)နှစ် သာသနာဝင် အမှတ် (မရှိ)အား တွေ့ ရှိတာကြောင့် စေတီတော် စောင့်ရှောက်ရေး သံဃာတော် ဥူးဇေယ န္တာမှ လူဝတ်လဲ သိက္ခာချပြီး ရွှေတိဂုံ စေတီတော် ရဲကင်းမှ လှည့်ကင်း ဆောင်ရွက် နေတဲ့ ဒုရဲအုပ် သန်းကျော်နဲ့ အဖွဲ့ ကို  လွှဲပြောင်းပေးအပ် လိုက်ကြောင်း သိရပါတယ်။

ဦးဝေပုလ္လ(ခ) ဦးခင်မောင်ဇင် ထံမှ ဝတ်ဆင်ထားတဲ့ သ င်္ကန်း(၁)စုံ၊ လွယ်ထားတဲ့ သံဃာလွယ် အတွင်းမှ အစိမ်းနုရောင် သဘက်(၁)ထည်၊ အရက်ပါတဲ့  ရေသန့်(၁)ဗူး၊ မတ်စ်အချိုရည် (၂)ပုလင်းတို့ကို တွေ့ရှိတာကြောင့်  သက်သေများရှေ့မှာ ရှာဖွေပုံစံနဲ့ သိမ်းဆည်းပြီး အရက်သေစာ  သောက်စားပြီး သာသနာ ညှိုးနွမ်းအောင် ပြုလုပ်မှုနဲ့ ဖမ်းဆီး စစ်ဆေးနေကြောင်း သစ်ထူးလွင်မှ စုံစမ်း သိရှိရပါတယ်။

ဓါတ်ပုံ - အင်တာနက် 


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ