Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, November 14, 2014

ကျောက်မီးသွေးတူးဖေါ်ရေးစီမံကိန်းရပ်ဆိုင်းပေးရန် RCSS ထံ သံဃာနှင့်လူထုတောင်းဆို

14 November 2014 04:48(+0630) (လွန်ခဲ့သော 13 နာရီ ခန့်က)
နိုဝင်ဘာ ၁၄ ရက် ၂၀၁၃

သျှမ်းပြည်အလယ်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်းရှိ ကျောက်မီးသွေးများ တူးဖေါ်ရန် ပြင်ဆင်နေသည့် ကုမ္မဏီများ၏ လုပ်ငန်း စီမံကိန်းများ အားလုံး ရပ်ဆိုင်းပေးရန် သျှမ်းပြည်တပ်မတော် RCSS/SSA ထံ သံဃာထု နှင့် လူထု ၂၀၀ ကျော်က စုပေါင်း လက်မှတ်ရေးထိုး တောင်းဆိုလိုက်သည်။

သျှမ်းပြည်အလယ်ပိုင်း မိုင်းကိုင်မြို့နယ် တောင်ဘက် ဝမ့်ယတ်ကျေးရွာ အုပ်စုနှင့် ဝမ့်ဟွေ့ကျေးရွာအုပ်စုအတွင်း ဒေသခံ တောင်သူ လယ်သမားများ၏ လယ်၊ ယာ၊ စားကျက်မြေ၊ ထင်းရှူးတော အပါအဝင် မြေ ဧက ၅၀၀ ကျော် သိမ်းပိုက်၍ ကျောက်မီးသွေး တူးဖေါ်သယ်ယူနေသော ကုမ္မဏီများအား တားမြစ်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ် သည်။

နိုဝင်ဘာ ၁၂ ရက်က မြို့ နယ် သံဃာနာယက ဆရာတော် အပါအဝင် သံဃာတော် ၁၁ ပါး၊ ဒေသခံလူထု ၂၂၉ ယောက် တို့က စုပေါင်း လက်မှတ်ရေးထိုးပြီး တောင်ကြီးမြို့ သျှမ်းပြည်တပ်မတော် ကိုယ်စားလှယ်ရုံးသို့ တိုင်ကြားတောင်းဆိုခဲ့ပါသည်။

“တိန်းချောင်း ရေထွက်လေ ဒီဒေသက။ ကျောက်မီးသွေးတူးဖေါ်တယ်ဆိုတော့ စားကျက်မြေတွေ၊ ထင်းရှူး တောတွေ၊ အကုန်ပါသွားပြီလေ။ တိန်းချောင်းမှီခို အားကိုးတဲ့ တောရိုင်းတိရစ္ဆာန်တွေ၊ အိမ်မွေးတိရစ္ဆာန်တွ လူတွေ အားလုံး အတွက် ကျောက်မီးသွေးကနေထွက်တဲ့ ဓါတုအဆိပ်တွေသင့်ကုန်မှာ။ ဒါ့ကြောင့် သံဃာထု လူထု စုပေါင်းပြီးတောင်းဆိုရတာ” - ဟု ဦးဆောင်လှုပ်ရှားသည့် စိုင်းခေးလိုင်းက ပြောသည်။

အဆိုပါဒေသသည် သျှမ်းပြည်တပ်မတော်လှုပ်ရှားသွားလာသည့် ဒေ သဖြစ်သောကြောင့် သျှမ်းပြည်တပ်မတော် ထံ တင်ပြရခြင်းဖြစ်ကြောင်း၊ ကျားဖြူပါတီ ပြည်နယ်လွှတ်တော်အမတ် စိုင်းပန်ထံလည်း တင်ပြထား ပြီးဖြစ် ကြောင်း၊ ထို့အတူ နိုင်ငံတော်အစိုးရ နှင့်သျှမ်းပြည်နယ်အစိုးရထံလည်း ထပ်မံတင်ပြတောင်းဆိုသွား မည်ဖြစ်ကြောင်း ပြောပါသည်။

“ကျနော်တို့ တိုင်းပြည်က မငြိမ်းချမ်းသေးဘူး။ ဒါ့ကြောင့် လူထုကို ဘေး အန္တရာယ်ပေးမယ့် ဘယ်စီမံကိန်းမဆို နိုင်ငံတော်အနေနဲ့ တူးဖေါ် ထုတ်ယူခွင့် မပေးအပ်သေးဘူး။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကောဘဲ ဒီကိစ္စအလေးအနက်ထားပြီးပိတ်ပင်တားမြစ်ထားရမယ်။ ဒေသခံလူထုအတွက် ဘာမှ အကျိုးအမြတ်မရှိဘူး ” - သျှမ်းလူမှုအသင်းအဖွဲ့ ပြောရေးဆိုခွင့် စိုင်းဟော်ဆိုင် က ပြောသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ထံ မိုင်းကိုင်ဒေသခံများ တင်ပြ သည့်စာတွင် - ကျောက်မီးသွေးစီမံ ကိန်းကြောင့် ရေအရင်းအမြစ်ပျက်စီးဆုံးရှုံးစေခြင်း၊ စားကျက်မြေ နှင့်လယ်ယာ များ ပျက်စီး ဆုံးရှုံးသည့်အတွက် ကျေးရွာအုပ်စုနှစ်ထက်မနည်း ဝမ်းရေး အခက်အခဲဖြစ်စေခြင်း၊ သဘာဝ ထင်းရှူး တောနှင့် တောတောင်ရေမြေများ ပျက်စီးစေပါသည်။

ထို့အပြင် အိမ်မွေးတိရစ္ဆာန်နှင့် တောရိုင်းတိရစ္ဆာန်များ၊ ရေနေ သတ္တဝါများ ထိခိုက် သေကျေစေခြင်း၊ မိုးရွာပါက ကျောက်မီးသွေးတွင်းမှ ထွက်ရှိ အညစ်အကြေးများ ချောင်းရေ နှင့် လယ်ယာမြေတွင်း စီးဝင်ခြင်းတို့ကြောင့် နမ့်တိန်းချောင်းအားမီခိုအားထားသည့် မိုင်းကိုင်မြို့နယ်၊ လဲချားမြို့နယ်၊ နမ့်ဇန်မြို့နယ်၊ ကျိုင်းတောင်းမြို့နယ်ခွဲ၊ မိုင်းပန်မြို့နယ်၊ လင်းခေးမြို့နယ်အတွင်းမှ ဒေသခံ လူထု အသက်အန္တရာယ်အထိ ထိခိုက်စေခြင်းတို့ကြောင့် ကျောက်မီးသွေး တူးဖေါ်ရေးစီမံကိန်းရပ် တန့်ပေးရန် တောင်းဆို ခြင်းဖြစ်သည်ဟု ပေးစာအတွင်းပါရှိပါသည်။


Photos: ကျောက်မီးသွေးများ တူးဖေါ်ရန် သစ်တောခုတ်ထွင်ရှင်းလင်း ပြင်ဆင်ထားပုံ


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ