Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, November 17, 2014

လူဝင်ကြီးကြပ်ရေး ပြုပြင်မှု လွှတ်တော်ခွင့်ပြုချက် မယူဘဲလုပ်ဖို့ အိုဘားမားကြိုးပမ်း

16 November 2014 23:47(+0630) (လွန်ခဲ့သော 18 နာရီ ခန့်က)
အမေရိကန် ပြည်ထောင်စုမှာ လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲမှုတွေ အတွက် လွှတ်တော်ကို ခွင့်ပြုချက် တောင်းစရာ မလိုဘဲ သူ့အုပ်ချုပ်ရေး အာဏာကို အသုံးပြု ဆောင်ရွက်နိုင်ဖို့ ပြင်ဆင် နေတယ်လို့ အမေရိကန်သမ္မတ ဘာရက်ခ်အိုဘားမားက ပြောပါတယ်။

နောက်တကြိမ် အစိုးရ လုပ်ငန်း ရပ်ဆိုင်းသွားရတဲ့ အခြေအနေမျိုး လွှတ်တော် အမတ်အချို့က ခြိမ်းခြောက်လာတာမျိုးနဲ့ သူ့ရဲ့လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲရေး တွေကို နှောင့်နှေးခံမှာ မဟုတ်ဘူးလို့ သြစတေးသျှမှာလုပ်တဲ့ G 20 စက်မှုထိပ်သီး နိုင်ငံ၂၀ ထိပ်သီးဆွေးနွေးပွဲအပြီးမှာ ပြောဆိုသွားတာ ဖြစ်ပါတယ်။

လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု ဥပဒေကြမ်း လွှတ်တော် မဲမခွဲပေးဘူးဆိုရင်တော့ ဒီနှစ်အကုန်ပိုင်းမှာ သူ့အနေနဲ့ သမ္မတလုပ်ပိုင်ခွင့်နဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အမိန့်အာဏာတွေ ထုတ်ပြန်သွားမယ်လို့ ပြောပါတယ်။ ဥပဒေကြမ်းအရဆိုရင်တော့ အမေရိကန်ပြည်ထေင်စုအတွင်း သန်းနဲ့ချီ တရားမ၀င်ရှိသူတွေကို နေရပ်ပြန်ပို့ရေးမလုပ်တော့ဘဲ နိုင်ငံသားဖြစ်ခွင့်ရအောင် လမ်းဖွင့်ပေးထားပါတယ်။

သမ္မတအမိန့်နဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေလုပ်နိုင်ဖို့ အိုဘားမားအစိုးရအနေနဲ့ နောက်ဆုံးအဆင့် ပြင်ဆင်ဆောင်ရွက်နေပြီလို့ ပြည်တွင်း လုံခြုံရေးဝန်ကြီးဌာန ၀န်ကြီး Jeh Johnson က စနေ့နေ့တုန်းက ပြောခဲ့ပါတယ်။ လက်ရှိ လူဝင်မှုကြီးကြပ်ရေးစနစ်ဟာ ဟာကွက်တွေနဲ့ လုံးဝ ချိနည့်ပျက်စီးနေတယ်လို့လည်း သူက ဝေဖန်ခဲ့ပါတယ်။ သမ္မတအမိန့်နဲ့ဆောင်ရွက်မယ့်အထဲမှာတော့ နယ်စပ်လုံခြုံရေးတိုးမြှင့်ဖို့ဆိုတာလည်း ပါဝင်တယ်လို့ ပြည်တွင်း လုံခြုံရေးဝန်ကြီးက ပြောပါတယ်။

လူဝင်မှုကြီးကြပ်ရေးပြုပြင်ပြောင်းလဲမှုကို ထောက်ခံတဲ့ ရီပတ်ပလီကင်အမတ်တဦးဖြစ်သူ John McCain ကတော့ ဒီကိစ္စမှာ အိုဘားမားအနေနဲ့ အခု လွှတ်တော်သစ်ကို အချိန်နည်းနည်းပေးဖို့ တိုက်တွန်းပါတယ်။ သမ္မတအမိန့်နဲ့ လုပ်ကိုင်ဆောင်ရွက်မှုဟာ အိမ်ဖြူတော်နဲ့ လွှတ်တော်အကြား ဆက်ဆံရေးကို ထိခိုက်စေနိုင်တယ်ဆိုပြီးတော့လည်း သတိပေးပါတယ်။



G-20 အစည်းအဝေးတက်နေတဲ့ အမေရိကန်သမ္မတအိုဘားမား


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ